What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 March 2019 15:03

ကိုယ်ခံစွမ်းအားစနစ် မြှင့်တင့်ပေးနိုင်တယ်လို့ မှားယွင်းစွာ နားလည်ထားကြတဲ့ အစားအသောက် ၃ မျိုး

ယခုခေတ်နဲ့ တပြေးညီ လူအများစုဟာ ကျန်းမာရေးကို အစားအသောက်များဖြင့် ကုစားလာကြတာကို တွေ့ရပါတယ်။

ဒါကြောင့် အမှန်တကယ် ကိုယ်ခံစွမ်းအား စနစ်မြှင့်တင့်ပေးတယ် လို့ ယုံကြည်ကြတဲ့ အစားအသောက်ထဲက လွဲမှားနေတဲ့ အစားအသောက် ၃ မျိုးကို ဖော်ပြပေးမှာ ပဲ ဖြစ်ပါတယ်။

 

၁ ။ Green Tea

Image result for Green Tea

 

Green Tea လက်ဖက်ရည်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင့်ပေးတယ်လို့ လူအများစုက ယုံကြည်ကြပါတယ်။ အမှန်တကယ် Green Tea ရဲ့ အလုပ်လုပ်ပုံကို နားလည်ထားကြတာကတော့ ကိုယ်ခံအားကို ကောင်းမွန်စေတယ်။ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သို့သော် ဒါက အမှန်တကယ် ဖြစ်နိုင်ပါသလား။ Green Tea ဟာ ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ထိထိရောက်ရောက် ကောင်းမွန်စေတာတော့ မဟုတ်ပါဘူး။

 

အမှန်တကယ် ကိုယ်ခံစွမ်းအားကို မြှင့်တင့်ပေးဖို့အတွက် ဈေးကြီးပေးဝယ်မဲ့ Green Tea ကိုသောက်သုံးမဲ့အစား ပိုပြီးဈေးသက်တာတဲ့ ရေ ကိုလည်း ရွေးချယ်လို့ ရပါတယ်။ ဒီနှစ်ခုကတော့ ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ နေရာမှာ အရမ်းကြီး ကွာဟမှု မရှိပါဘူး။

 

၂ ။ ပန်းသီး

Related image

 

ပန်းသီးဟာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ယုံကြည်ထားတာကတော့ သင့်အပြစ် မဟုတ်ပါဘူး။ တစ်နေ့ တစ်လုံး ပန်းသီးစားရမယ်လို့ ဆရာဝန်တွေ ပြောကြားချက်ကို ငယ်ငယ်ထဲက ကြားဖူးကြမယ်ထင်ပါတယ်။ ဒါကို သင်ကိုယ်တိုင် ဘယ်လို နားလည်ထားပါသလဲ ဒါမှမဟုတ် ဒါက အမှန်တကယ်ပဲလား ?

 

တစ်နေ့ တစ်လုံး ပန်းသီးစားရမယ်ဆိုတဲ့ ဆိုရိုးစကားကိုတော့ တိုက်ရိုက်မဆိုလိုပါဘူး။ ပန်းသီးတစ်မျိုးထဲ မဟုတ်ဘဲနဲ့ ပုံမှန် ဟင်းသီးဟင်းရွက်တွေ နဲ့ အသီးအနှံတွေကို စားသုံးပေးမယ်ဆိုရင်လည်း ကိုယ်ခံစွမ်းအားကို မြှင့်တင့်ပေးနိုင်တယ်ပါတယ်။ အကယ်၍ သင်ကိုယ်တိုင် တနေ့တစ်လုံး ပန်းသီးစားမယ်ဆို လုံလောက်တယ်လို့ ယုံကြည်ထားမယ်ဆိုရင် ထို ပန်းသီးက ရောဂါဒဏ်ကို ကာကွယ်နိုင်မယ်လို မျှော်လင့်ထားပါသလား?

 

ပန်းသီးမှာ ဗီတာမင်ဓာတ်အများအပြားရှိပြီး သူရဲ့ စွမ်းရည်အပြည့်အဝကတော့ အခွံမခွာဘဲ စားမယ်ဆိုရင် အစာခြေစနစ် နဲ့ သွားများကို ကောင်းမွန်စေပါတယ်။ ပန်းသီးဟာ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့အတွက်ဆိုရင်တော့ သူ့မှာစွမ်းရည်အပြည့်အဝမရှိပါဘူးလို့ ဆေးဆရာဝန် Dr. Mike Finkelstein က ပြောပါတယ်။

 

၃ ။ Vitamin D

Related image

 

ဗီတာမင် ဒီ က အားလုံးလိုလို ကောင်းပါတယ်။ ရှေးလူကြီးများက ဗီတာဒင် ဒီက နေရောင်ခြည်ကရတဲ့အတွက် နေရောင်ဒဏ်ကို ထိမယ်ဆိုရင် ခန္ဓာကိုယ် အားကောင်း သန်မာစေပါတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် နေရောင်ခြည်ကရတဲ့ ဗီတာမင် ဒီ မှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိတယ်လို့ဆိုပေမယ့်လည်း ကံမကောင်းစွာဖြင့် သူရဲ့ ကောင်းကျိုးတွေကို ဘယ်သုတေသနမှ ဖော်ပြထေားခြင်း မရှိပါဘူး။

 

ဗီတာမင် ဒီ က အရာရာတိုင်းအတွက် မကောင်းဘူးလို ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဗီတာမင် ဒီ ကို ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် သူဟာ ခေါင်းတခြမ်းကိုက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နာကျင် ကိုက်ခဲခြင်းကို သက်သာစေတဲ့အပြင် ကြွက်သားများကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် ကိုယ်ခံစွမ်းအားကို မြှင့်တင့်ပေးနိုင်ဖို့အတွက် ဗီတာမင် ဒီ ကို အကြံပြုဖို့ဆိုရင်တော့ လုံလောက်တဲ့ သက်သေ အထောက်အထား မရှိပါဘူး။

 

ဗီတာမင် ဒီ ကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေနိုင်တယ်ဆိုတာကိုလည်း မှတ်သားထားဖို့ လိုပါမယ်။ အကယ်၍ ဗီတာမင် ဒီကို အလွန်အကျွံ သောက်သုံးမိမယ်ဆိုရင် သွေးကြောတွေထဲမှာ calcium တွေကို တဖြည်းဖြည်း စုပြီးတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ အခုလို နွေရာသီတွေမှာဆိုရင် ဗီတာမင် ဒီဓာတ် ကို တနေ့ အနည်းဆုံး 1,000 mg ဝန်းကျင် ထက် မပိုစေဘဲ ရယူသင့်ပါတယ်။

 

အစားအသောက်တော်တော်များများက အတိုင်းတာ တစ်ခုထိ ခန္ဓာကိုယ်စွမ်းအား မြှင့်တင့်ပေးနိုင်တယ်ဆိုပေမယ့်လည်း အကျိုးသက်ရောက်မှု ကြီးကြီးမားမားတော့ ပေးနိုင်စွမ်းမရှိပါဘူး။ ကိုယ်ခံစွမ်းအားကို မြှင့်တင့်ပေးနိုင်တဲ့ အစားအသောက်တွေ အများအပြားရှိပေမယ့်လဲ ယခု ဖော်ပြပေးခဲ့တဲ့ အစားအသောက် ၃ မျိုးကတော့ တစိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။

 

Translator : Pwint Thit Sar Lin

Ref:Power of positivity

Read times Last modified on Monday, 25 March 2019 15:41
Rate this item
(1 Vote)