What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 May 2017 11:17

မိုးရာသီအတွက် ကျန်းမာရေးအထူးလမ်းညွှန်ချက် (၆) ချက်

မိုးရာသီအတွက် ကျန်းမာရေးအထူးလမ်းညွှန်ချက် (၆) ချက် Google.com

၁. အာဟာရပြည့်ဝစွာ စားသောက်ပါ။

မိုးရာသီမှာ စားသောက်တဲ့အစာတိုင်း အာဟာရမျှမျှတတ ပါဝင်ဖို့ လိုအပ်ပါတယ်။ ရာသီပေါ်သီးနှံတွေကို များများစားပေးပါ။

အစားအစာထဲ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို များများထည့်စားပေးပါက အသားအရေနဲ့ ဆံကေသာ အတွက် အကျိုးရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေနိုင်ပါတယ်။

၂. လေ့ကျင့်ခန်း လုပ်ပါ။

မိုးရွာနေရင် အိမ်ထဲမှာပဲ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ကခုန်တာ၊ ယောဂကျင့်တာစတဲ့ လှုပ်ရှားမှုတွေကို ချွေးထွက်အောင် လုပ်ဆောင်တာက သင့်အသားအရေကို ကြည်လင်လှပစေပါတယ်။

နံနက်တိုင်း ၁၀ မိနစ်ခန့် ယောဂကျင့်တာက ခန္ဓာကိုယ် တစ်ခုလုံး အနှံ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကျန်းမာသက်ရှည်စေပါတယ်။

၃. သစ်သီးဖျော်ရည်သောက်ပါ

မိုးတွင်းမှာ ရာသီပေါ် သီးနှံတွေကို ဖျော်ရည်ဖျော်သောက်တာ၊ ရေ များများသောက်တာတွေကို လုပ်ဆောင်ပေးပါက အသားအရေကို သန့်စင်ကြည်လင်စေပါတယ်။

၎. ကြွက်သားဖြေလျှော့ပါ။

ခြေထောက်ကြွက်သားတွေ ကစပြီး ဖြေလျှော့တဲ့နည်းကိုလုပ် ဆောင်ပါ။ ခြေထောက်ကနေ ပေါင်၊ တင်ပါး၊ ၀မ်းဗိုက်၊ လက်မောင်း၊ လည်ပင်းနဲ့ မျက်နှာကြွက်သားတွေကို တဖြည်းဖြည်း တိုးလာပြီး ကြွက်သား ဖြေလျှော့ပေးသင့်ပါတယ်။

၅. အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

အသက်ရှူလေ့ကျင့်ခန်းလုပ်တာကလည်း အရေးကြီးပါတယ်။ နှာခေါင်းက တစ်ဆင့် အသက်၀၀ရှူပြီး ၀မ်းဗိုက်အပြည့်လေတွေ ၀င်ရောက်ပါစေ။ ပြီးရင် လေတွေကို ပါးစပ်မှ ပြန်ထုတ်လိုက်ပါ။ အသက်ပြင်းပြင်း ရှူတာက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုကင်းရင် အသားအရေကို ကြည်လင်လှပစေပါတယ်။

၆. အိပ်ရေး၀၀ အိပ်စက်အနားယူပါ။

အိပ်ရေး၀၀ အိပ်စက်အနားယူတာက အသားအရေကို လှပစေပါတယ်။ အိပ်ရာမ၀င်ခင် တစ်နာရီ အတွင်း ကော်ဖီကိုလည်း မသောက်ပါနဲ့။ ညဘက်မှာ အိပ်ရေး၀၀ အိပ်ပျော်ဖို့ ခက်ရင် အပန်းဖြေ အနားယူတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

Source: daily life notes

Read times Last modified on Tuesday, 30 May 2017 11:36
Rate this item
(1 Vote)