What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 June 2018 12:46

ဘက်စုံအသုံးဝင်တဲ့ ဆန်ဆေးရည်

ဘက်စုံအသုံးဝင်တဲ့ ဆန်ဆေးရည် Google.com

လူအတော်များများက ထမင်းချက်တဲ့အခါ ဆန်ဆေးရည်ကို သွန်ပစ်တတ်ကြပါတယ်။ ဒီဆန်ဆေးရည်မှာ ဗီတာမင်များ၊ သတ္တုဓါတ်နှင့် အင်တီအောက်ဆီဒင့် ကြွယ်ဝကြောင်းကို

လူအများစုက မသိကြပါဘူး။ ဆန်ဆေးရည်ကို နှစ်ပေါင်းများစွာထဲက အရှေ့တိုင်းသူတွေဟာ အသားအရည်နှင့် ဆံကေသာလှပဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ဆန်ဆေးရည်ကို တခြားနေရာတွေမှာ တခြားနည်းလမ်းများနှင့်လည်း အသုံးပြုလို့ရပါသေးတယ်။

၁။အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကို ကုသဖို့

Related image
ဆန်ဆေးရည်သည် သင့်အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ကျိန်းစပ်ခြင်း ဝေဒနာတွေအားလုံးကို သက်သာစေနိုင်ပါတယ်။

၂။ အချို့သောရောဂါများကို ကာကွယ်တားဆီးဖို့

Related image
ဆန်ဆေးရည်ကိုသောက်လျှင် ၀မ်းလျှောခြင်း၊ အစာအိမ်ရောဂါကဲ့သို့ အချို့သောရောဂါတွေကို ကုသနိုင်ပါတယ်။ ဒါ့အပြင် ခွန်အားကိုလည်း မယုံနိုင်လောက်အောင် တိုးမြှင့်ပေးပါတယ်။

၃။ ခြင်ကိုက်တာတွေကို ကုသဖို့

Related image
ခြင်ကိုက်ခံရတဲ့အခါ ယားယံပြီး ကျိန်းစပ်လာပါတယ်။ ဒီအခါ ဆန်ဆေးရည် အနည်းငယ်လိမ်းပေးပါ။ တစ်မိနစ်လောက်နေရင် ယားယံတာတွေ မရှိတော့ပါဘူး။

၎။ နေလောင်ခြင်းကို လျော့ချပေးဖို့

Image result for နေလောင်ဒဏ်
ကမ်းခြေသွားပြီးလို့ နေလောင်ဒဏ်ခံစားရတဲ့အခါ ဆန်ဆေးရည်ကို ရေခဲတုံးအဖြစ် ခဲပြီး နေလောင်နေတဲ့ အသားအရေပေါ်မှာ ကပ်ပေးပါ။ နေလောင်ကွက်တွေကို ပျောက်ကင်းစေပါတယ်။

၅။ ၀က်ခြံတွေကို ဖယ်ရှားဖို့

Related image
ဆန်ဆေးရည်က မျက်နှာအရေပြားပေါ်က ၀က်ခြံများနှင့် ရောင်ရမ်းခြင်းကို ပျောက်ကင်းစေပြီး ချွေးပေါက်တွေကိုလည်း လုံးဝသန့်စင်ပေးပါတယ်။

၆။ မျက်နှာသန့်စင်ဖို့

Image result for bath face
သင့်အသားအရေတောက်ပစေဖို့ ၀ါဂွမ်းတစ်ခုကို ဆန်ဆေးရည်တို့ပြီး သင့်မျက်နှာနှင့် လည်ပင်းပေါ်မှာ လိမ်းပေးပြီး။ ခြောက်သွေ့အောင်ထားပါ။

၇။ conditioner အဖြစ်အသုံးပြုဖို့

Image result for ဆန်ဆေးရည်

လာဗင်ဒါဆီ သို့မဟုတ် ရေမွှေးပန်းအဆီ အစက်အနည်းငယ်ကို ဆန်ဆေးရည်နှင့်ရောပြီး သင့်ဆံပင်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ ၅မိနစ်လောက်နေမှ ခေါင်းလျှော်ပေးပါ။ သင့်ဆံကေသာတွေ တောက်ပသန်စွမ်းစေနိုင်ပါတယ်။

၈။ သင့်ဆံပင်တွေကို ဆေးကြောဖို့

Related image
သင့်ဆံကေသာတွေ ခြောက်သွေ့ကြမ်းတမ်းပါက ဆန်ဆေးရည်ကို အသုံးပြုလို့လည်းရပါတယ်။ ရလဒ်ကတော့ သင့်ဆံပင်တွေကို တောက်ပစေယုံသာမက ဦးရေပြားကိုလည်း အေးမြစေပါတယ်။

source:'black<3"

Read : အစာအိမ်အချဉ်ပေါက် ရောဂါအကြောင်း

အစာအိမ်အချဉ်ပေါက် ရောဂါအကြောင်း

Read times Last modified on Monday, 04 June 2018 13:20
Rate this item
(1 Vote)