What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 September 2019 13:00

ကာယလေ့ကျင့်ခန်းဖြင့် Alzheimer အဖြစ်နှေးစေနိုင်သည်

တစ်ပတ်လျှင် လေးငါးကြိမ် ကာယလေ့ကျင့်ခန်း ပြုပေးခြင်းကို အပတ်စဉ်အပတ်တိုင်း ပြုလုပ်ပေးပါက Alzheimer ရောဂါ ဖြစ်ပွားခြင်းကို နှေးကွေးစေသည်။

အဆိပ်သင့်သည့် beta-amyloid protein ပိုများလာနေခြင်းကို နှေးစေသည်ဟု Journal of Alzheimer’s Disease တွင် ပါမောက္ခ Rong Zhang က ရေးသားထားသည်။

 

ကာယလေ့ကျင့်ခန်း ပုံမှန်ပြုခြင်းသည် ဦးနှောက်အတွင်းရှိ ဘီလျံချီသေ နာဗ်ဖိုင်ဘာများအကြား အချိတ်အဆက် ပိုမိုကောင်းမွန်စေပြီး ဦးနှောက် လုပ်ကိုင်စွမ်းရည် ကောင်းစေသည်။ အစီအစဉ် ချခြင်း၊ စီစဉ်ဆောင်ရွက်ခြင်း၊ အလုပ်ပြီးမြောက်အောင် ကြံဆ ဆောင်ရွက်ခြင်းတို့အတွက် လုပ်ကိုင်နိုင်စွမ်းကို ကောင်းစေသည်။

 

Alzheimer ရောဂါ ဖြစ်ပွားအောင် အဆိပ်သင့်စေသည့် beta-amyloid protein များ တစ်စထက် တစ်စ များလာပြီး အဆိပ်သင့်သည့် ရေချိန်သို့ ရောက်ရှိအောင် စုမိဆောင်းမိဖြစ်လာနေခြင်းကို ကာယလေ့ကျင့်ခန်းယူခြင်းက နှေးကွေးစေခြင်း ဖြစ်သည်။ ထိုအကျိုးကျေးဇူးအပြင် သင်ယူခြင်းနှင့် မှတ်သားခြင်းတို့ကို ထိခိုက်စေခြင်းလည်း လျော့ကျကြောင်း တွေ့ရသည်။

 

ကာယလေ့ကျင့်ခန်း အမျိုးမျိုး ရှိရာ၌ အေရိုဘစ် လေ့ကျင့်ခန်းများသည် အကျိုးပိုထူးကြောင်းလည်း စမ်းသပ်မှုများအရ သိရသည်။

Written By Health Products Directory

 

(Zawgyi)

------------

ကာယေလ့က်င့္ခန္းျဖင့္ Alzheimer အျဖစ္ေႏွးေစႏုိင္သည္

 

တစ္ပတ္လွ်င္ ေလးငါးႀကိမ္ ကာယေလ့က်င့္ခန္း ျပဳေပးျခင္းကုိ အပတ္စဥ္အပတ္တုိင္း ျပဳလုပ္ေပးပါက Alzheimer ေရာဂါ ျဖစ္ပြားျခင္းကုိ ေႏွးေကြးေစသည္။ အဆိပ္သင့္သည့္ beta-amyloid protein ပုိမ်ားလာေနျခင္းကုိ ေႏွးေစသည္ဟု Journal of Alzheimer’s Disease တြင္ ပါေမာကၡ Rong Zhang က ေရးသားထားသည္။ 

 

ကာယေလ့က်င့္ခန္း ပုံမွန္ျပဳျခင္းသည္ ဦးေႏွာက္အတြင္းရွိ ဘီလ်ံခ်ီေသ နာဗ္ဖုိင္ဘာမ်ားအၾကား အခ်ိတ္အဆက္ ပုိမုိေကာင္းမြန္ေစၿပီး ဦးေႏွာက္ လုပ္ကုိင္စြမ္းရည္ ေကာင္းေစသည္။ အစီအစဥ္ ခ်ျခင္း၊ စီစဥ္ေဆာင္ရြက္ျခင္း၊ အလုပ္ၿပီးေျမာက္ေအာင္ ႀကံဆ ေဆာင္ရြက္ျခင္းတုိ႔အတြက္ လုပ္ကုိင္ႏုိင္စြမ္းကုိ ေကာင္းေစသည္။ 

 

Alzheimer ေရာဂါ ျဖစ္ပြားေအာင္ အဆိပ္သင့္ေစသည့္ beta-amyloid protein မ်ား တစ္စထက္ တစ္စ မ်ားလာၿပီး အဆိပ္သင့္သည့္ ေရခ်ိန္သုိ႔ ေရာက္ရွိေအာင္ စုမိေဆာင္းမိျဖစ္လာေနျခင္းကို ကာယေလ့က်င့္ခန္းယူျခင္းက ေႏွးေကြးေစျခင္း ျဖစ္သည္။ ထုိအက်ဳိးေက်းဇူးအျပင္ သင္ယူျခင္းႏွင့္ မွတ္သားျခင္းတုိ႔ကုိ ထိခုိက္ေစျခင္းလည္း ေလ်ာ့က်ေၾကာင္း ေတြ႕ရသည္။ 

 

ကာယေလ့က်င့္ခန္း အမ်ဳိးမ်ဳိး ရွိရာ၌ ေအရုိဘစ္ ေလ့က်င့္ခန္းမ်ားသည္ အက်ဳိးပုိထူးေၾကာင္းလည္း စမ္းသပ္မႈမ်ားအရ သိရသည္။

 

Written By Health Products Directory

Read times Last modified on Wednesday, 05 February 2020 12:29
Rate this item
(1 Vote)