What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 September 2019 17:35

ကင်ဆာရောဂါကို တိုက်ခိုက်ပေးနိုင်တဲ့ အစားသောက်များ

ကင်ဆာရောဂါကို တိုက်ခိုက်ပေးနိုင်တဲ့ အစားသောက်များကို ဖော်ပြပေးလိုက်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်မုန်ညင်းရွက်၊ ဒေါက်ခွရွက်၊ ဆလတ်ရွက်၊ ချီကိုရီရွက် နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓါတ်၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဖိုလစ် နဲ့ ကယ်ရိုတယ်နွိုက် ဓါတ်တွေများစွာ ပါဝင်ပါတယ်။ ဒီအစာအဟာရဓါတ်တွေက ပါးစပ်ကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ကရိကင်ဆာ၊ အဆုပ်ကင်ဆာ၊ အရေပြားနဲ့ အစာအိမ်ကင်ဆာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

ဟင်းခတ်အမွှေးအကြိုင် နနွင်းမှုန့်

အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းထဲမှာ Curcumin ဓါတ်အဓိကပါဝင်ပြီး အလားအလာရှိတဲ့ ကင်ဆာတိုက်ဖျက်ရေးပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်ချက်များအရ ဒီဓါတ်က ကင်ဆာကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားစေနိုင်တဲ့ ကင်ဆာဆဲလ်တွေရဲ့ အသွင်ကူးပြောင်းမှု၊ တိုးပွားမှုနဲ့ ကျူးကျော်ဝင်ရောက်မှုတွေကို လျှော့ချစေနိုင်တယ်လို့ ဆိုပါတယ်။

 

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်ဖယ်ရှားပေးနိုင်တဲ့ ဓါတ်တွေက ကင်ဆာကနေစပြီး အခြားခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အဆိပ်အတောက်တွေက ဆဲလ်တွေကို မထိခိုက်စေနိုင်မီမှာ ဒီဓါတ်တွေက တိုက်ဖျက်ပေးတယ်လို့ ဆိုပါတယ်။ ဒီဘလူးဘယ်ရီသီးအပြင် အုတ်ဂျုံမှုန့် ၊ ကောက်ပဲသီးနှံတွေ၊ ဒိန်ချဉ် တွေကို သုံးဆောင်ပေးနိုင်ပါတယ်။

 

သကြားကို ရှောင်ပါ

ကင်ဆာကို တိုက်ရိုက်မဖြစ်ပွားစေနိုင်ပေမယ့် ကင်ဆာကိုတိုက်ဖျက်ပေးတဲ့ အာဟာရဓါတ်အစာတွေကို အထားအသိုချွတ်ချော်သွားစေနိုင်ပါတယ်။ ကယ်လိုရီပမာဏမြင့်တက်စေပြီး အလေးချိန်တိုးခြင်းနဲ့ ကျန်းမာရေးထိခိုက်စေနိုင်တဲ့အထိ အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အလေးချိန်အဆမတန်တိုးခြင်းကလည်း ကင်ဆာဖြစ်ပွားနိုင်မှု မြင့်တက်စေပါတယ်။ သကြားအစား သစ်သီးတွေကို သုံးဆောင်ပေးခြင်းအားဖြင့် လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေ ရရှိနိုင်ပါတယ်။

 

ဆေးဝါးတွေအပေါ် အလွန်အကျွံမမှီခိုပါနဲ့

ကင်ဆာတိုက်ဖျက်ပေးနိုင်ဖို့ ခန္ဓာကိုယ်က ဗီတာမင်ဓါတ်လိုအပ်ပါတယ်။ ဒါပေမယ့် အစားအသောက်တွေကနေ ရရှိတဲ့ သဘာဝဗီတာမင်က ပိုကောင်းပါတယ်။ အမေရိကန်ကင်ဆာတိုက်ဖျက်ရေးအဖွဲ့အစည်း နဲ့ အမေရိကန်ကင်ဆာ သုတေသနအဖွဲ့အစည်းတွေက အခွံမာအသီးတွေ၊ သစ်သီးသစ်ဖုတွေနဲ့ အစိမ်းရောင်အရွက်ဖားဖား ဟင်းသီးဟင်းရွက်တွေဆီကနေ အဓိက အာဟာရဓါတ်ရယူတာက ဆေးဝါးအကူအညီနဲ့ရယူတာထက် အဆပေါင်းများစွာ သာလွန်တယ်လို့ သတ်မှတ်ထားကြပါတယ်။ မိမိရဲ့စားသောက်မှုပုံစံကို ထိန်းသိမ်းတာက ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

 

(Zawgyi)

-----------

ကင္ဆာေရာဂါကုိ တိုက္ခိုက္ေပးႏုိင္တဲ့ အစားေသာက္မ်ား

 

ကင္ဆာေရာဂါကုိ တိုက္ခိုက္ေပးႏုိင္တဲ့ အစားေသာက္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

 

အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္မ်ား

အစိမ္းေရာင္မုန္ညင္းရြက္၊ ေဒါက္ခြရြက္၊ ဆလတ္ရြက္၊ ခ်ီကိုရီရြက္ နဲ႔ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြမွာ အမွ်င္ဓါတ္၊ ကင္ဆာကုိ တိုက္ဖ်က္ေပးႏုိင္တဲ့ ဖိုလစ္ နဲ႔ ကယ္ရိုတယ္ႏြိဳက္ ဓါတ္ေတြမ်ားစြာ ပါဝင္ပါတယ္။ ဒီအစာအဟာရဓါတ္ေတြက ပါးစပ္ကင္ဆာ၊ အသံအိုးကင္ဆာ၊ ပန္ကရိကင္ဆာ၊ အဆုပ္ကင္ဆာ၊ အေရျပားနဲ႔ အစာအိမ္ကင္ဆာေတြကေန ကာကြယ္ေပးႏုိင္ပါတယ္။

 

ဟင္းခတ္အေမႊးအႀကိဳင္ နႏြင္းမႈန္႔

အိႏၵိယဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးျဖစ္တဲ့ နႏြင္းထဲမွာ Curcumin ဓါတ္အဓိကပါဝင္ၿပီး အလားအလာရွိတဲ့ ကင္ဆာတိုက္ဖ်က္ေရးပစၥည္းတစ္ခုျဖစ္ပါတယ္။ ဓါတ္ခြဲခန္းစမ္းသပ္ခ်က္မ်ားအရ ဒီဓါတ္က ကင္ဆာကုိ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ပြားေစႏုိင္တဲ့ ကင္ဆာဆဲလ္ေတြရဲ႕ အသြင္ကူးေျပာင္းမႈ၊ တိုးပြားမႈနဲ႔ က်ဴးေက်ာ္ဝင္ေရာက္မႈေတြကို ေလွ်ာ့ခ်ေစႏိုင္တယ္လို႔ ဆိုပါတယ္။

 

ဘလူးဘယ္ရီသီး

ဘလူးဘယ္ရီသီးထဲမွာ ပါဝင္တဲ့ အဆိပ္အေတာက္ဖယ္ရွားေပးႏုိင္တဲ့ ဓါတ္ေတြက ကင္ဆာကေနစၿပီး အျခားခႏၶာကုိယ္က်န္းမာေရးအတြက္လည္း အသံုးဝင္ပါတယ္။ ခႏၶာကုိယ္ထဲမွာ ရွိတဲ့အဆိပ္အေတာက္ေတြက ဆဲလ္ေတြကုိ မထိခိုက္ေစႏုိင္မီမွာ ဒီဓါတ္ေတြက တိုက္ဖ်က္ေပးတယ္လို႔ ဆိုပါတယ္။ ဒီဘလူးဘယ္ရီသီးအျပင္ အုတ္ဂ်ံဳမႈန္႔ ၊ ေကာက္ပဲသီးႏွံေတြ၊ ဒိန္ခ်ဥ္ ေတြကို သံုးေဆာင္ေပးႏုိင္ပါတယ္။

 

သၾကားကုိ ေရွာင္ပါ

ကင္ဆာကုိ တိုက္ရိုက္မျဖစ္ပြားေစႏုိင္ေပမယ့္ ကင္ဆာကုိတိုက္ဖ်က္ေပးတဲ့ အာဟာရဓါတ္အစာေတြကုိ အထားအသိုခၽြတ္ေခ်ာ္သြားေစႏုိင္ပါတယ္။ ကယ္လိုရီပမာဏျမင့္တက္ေစၿပီး အေလးခ်ိန္တိုးျခင္းနဲ႔ က်န္းမာေရးထိခိုက္ေစႏုိင္တဲ့အထိ အဝလြန္ျခင္းတို႔ကုိ ျဖစ္ေစႏုိင္ပါတယ္။ အေလးခ်ိန္အဆမတန္တိုးျခင္းကလည္း ကင္ဆာျဖစ္ပြားႏုိင္မႈ ျမင့္တက္ေစပါတယ္။ သၾကားအစား သစ္သီးေတြကုိ သံုးေဆာင္ေပးျခင္းအားျဖင့္ လိုအပ္တဲ့ ဗီတာမင္ဓါတ္ေတြ ရရွိႏုိင္ပါတယ္။

 

ေဆးဝါးေတြအေပၚ အလြန္အကၽြံမမွီခိုပါနဲ႔

ကင္ဆာတိုက္ဖ်က္ေပးႏုိင္ဖို႔ ခႏၶာကုိယ္က ဗီတာမင္ဓါတ္လိုအပ္ပါတယ္။ ဒါေပမယ့္ အစားအေသာက္ေတြကေန ရရွိတဲ့ သဘာဝဗီတာမင္က ပုိေကာင္းပါတယ္။ အေမရိကန္ကင္ဆာတိုက္ဖ်က္ေရးအဖြဲ႔အစည္း နဲ႔ အေမရိကန္ကင္ဆာ သုေတသနအဖြဲ႔အစည္းေတြက အခြံမာအသီးေတြ၊ သစ္သီးသစ္ဖုေတြနဲ႔ အစိမ္းေရာင္အရြက္ဖားဖား ဟင္းသီးဟင္းရြက္ေတြဆီကေန အဓိက အာဟာရဓါတ္ရယူတာက ေဆးဝါးအကူအညီနဲ႔ရယူတာထက္ အဆေပါင္းမ်ားစြာ သာလြန္တယ္လို႔ သတ္မွတ္ထားၾကပါတယ္။ မိမိရဲ႕စားေသာက္မႈပံုစံကို ထိန္းသိမ္းတာက က်န္းမာေရးအတြက္ အေကာင္းဆံုးပါပဲ။

Read times Last modified on Friday, 07 February 2020 14:39
Rate this item
(0 votes)