What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 October 2019 18:16

Infused Water လုပ်နည်းနဲ့ အကျိုးကျေးဇူးများ

Infused Water ဟာ ဝိတ်ကျခြင်း၊ အသားအရေ ထိန်းသိမ်းခြင်း၊ အစာချေဖျက်အား ကောင်းမွန်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေရှိတဲ့အပြင် သောက်သုံးလိုက်တာနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ခြေဖျက်ပေးနိုင်ပါတယ်။ 

Infused သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို ပါဝင်ပစ္စည်း ကောင်းရင်ကောင်းသလောက် အခြားအကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။

 

သခွားသီးနှင့် ချင်းရေ

သခွားသီးနဲ့ ချင်းကတော့ လက်ရှိ infused water လုပ်နည်းတွေထဲမှာ အကောင်းဆုံးပါပဲ။ ဒီနည်းနဲ့ ခန္ဓာကိုယ် ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို အစာချေဖျက်အား ကောင်းခြင်း၊ ခေါင်းကိုက်ပျောက်ခြင်း၊ လေထိုး လေအောင့်ပျောက်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ပြုလုပ်နည်း - အလယ်အလတ်စားအရွယ် သခွားသီးနဲ့ ချင်းတစ်တက် လိုအပ်ပါတယ်။ အသီးတွေကို ပါးပါးလှီးပြီး ရေတစ်လီတာခန့်ထဲကို ထည့်ပါ။ ၂ နာရီခန့် ရေစိမ်ထားပြီး သောက်နိုင်ပါပြီ။

 

သရက်သီးနဲ့ ချင်းရည်

သရက်သီးနဲ့ ချင်းရည်က ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် ကောင်းမွန်ပါတယ်။ ဂျင်းက မှတ်ဉာဏ်ကို ကောင်းမွန်စေတဲ့ အပြင်၊ နာကျင်မှုကို သက်သာစေသလို၊ အစာချေဖျက်အားကိုလည်း ကောင်းမွန်စေပါတယ်။

ပြုလုပ်နည်း - အတုံးလေးတွေ တုံးထားတဲ့ သရက်သီးတစ်ပန်းကန်နဲ့ ချင်းတစ်လက်မတို့ကို ရေတစ်လီတာထဲ ထည့်ပါ၊ တစ်နာရီကနေ သုံးနာရီအထိ စိမ်ပြီးရင် သောက်နိုင်ပါပြီ။

 

ပန်းသီး သစ်ကြံပိုးရည်

ပန်းသီးနဲ့ သစ်ကြံပိုးတို့ဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို တိုးတက်စေပါတယ်။ ပန်းသီးဟာ ဗီတာမင်ဘီ၊ စီနဲ့ အခြားအဆိပ်အတောက် ပြယ်စေတဲ့ ဓာတ်တွေ ပါဝင်သလို၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို ဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးကတော့ အဆီတက်ခြင်းနဲ့ ဆီးချို ဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်း - ပန်းသီးတစ်စိတ်နဲ့ ၂ လက်မရှိတဲ့ သစ်ကြံပိုးချောင်းကို ရေထဲ ခဏစိမ်ထားပါ။ သစ်ကြံပိုးချောင်းကို ရေမှာ တစ်ညခန့်စိမ်ထားပြီး သောက်ခါနီး မိနစ် ၂၀ လောက်မှ ထည့်တာ အကောင်းဆုံးပါ။

 

နှင်းဆီပွင့်နဲ့ စမုန်နက်ရေ

နှင်းဆီပွင့်တွေဟာ ဖိအားလျော့နည်းစေပြီး ခံစားချက်တွေကို ကောင်းမွန်စေပါတယ်။ စမုန်နက်က အစာချေဖျက်အားကို ကောင်းမွန်စေသလို ကင်ဆာဖြစ်ပွားမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ နှင်းဆီပွင့်နဲ့ စမုန်နက်ကို ရေတစ်လီတာထဲကို တစ်နာရီလောက် ရောထားလိုက်တာနဲ့ သောက်လို့ရပါပြီ။

 

(Zawgyi)

-----------

Infused Water လုပ္နည္းနဲ႔ အက်ိဳးေက်းဇူးမ်ား

 

Infused Water ဟာ ဝိတ္က်ျခင္း၊ အသားအေရ ထိန္းသိမ္းျခင္း၊ အစာေခ်ဖ်က္အား ေကာင္းမြန္ျခင္း အစရွိတဲ့ အက်ိဳးေက်းဇူးေတြရွိတဲ့အျပင္ ေသာက္သံုးလိုက္တာနဲ႔ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုလည္း ေျခဖ်က္ေပးႏိုင္ပါတယ္။ Infused ေသာက္သံုးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ ေရဓာတ္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္သလို ပါဝင္ပစၥည္း ေကာင္းရင္ေကာင္းသေလာက္ အျခားအက်ိဳးေက်းဇူးေတြလည္း ရႏိုင္ပါတယ္။

 

သခြားသီးႏွင့္ ခ်င္းေရ

သခြားသီးနဲ႔ ခ်င္းကေတာ့ လက္ရွိ infused water လုပ္နည္းေတြထဲမွာ အေကာင္းဆံုးပါပဲ။ ဒီနည္းနဲ႔ ခႏၶာကိုယ္ ေရဓာတ္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္သလို အစာေခ်ဖ်က္အား ေကာင္းျခင္း၊ ေခါင္းကိုက္ေပ်ာက္ျခင္း၊ ေလထိုး ေလေအာင့္ေပ်ာက္ျခင္း အစရွိတဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္။

ျပဳလုပ္နည္း - အလယ္အလတ္စားအရြယ္ သခြားသီးနဲ႔ ခ်င္းတစ္တက္ လိုအပ္ပါတယ္။ အသီးေတြကို ပါးပါးလွီးၿပီး ေရတစ္လီတာခန္႔ထဲကို ထည့္ပါ။ ၂ နာရီခန္႔ ေရစိမ္ထားၿပီး ေသာက္ႏိုင္ပါၿပီ။

 

သရက္သီးနဲ႔ ခ်င္းရည္

သရက္သီးနဲ႔ ခ်င္းရည္က ခႏၶာကိုယ္ ႀကံ႕ခိုင္မႈအတြက္ ေကာင္းမြန္ပါတယ္။ ဂ်င္းက မွတ္ဥာဏ္ကို ေကာင္းမြန္ေစတဲ့ အျပင္၊ နာက်င္မႈကို သက္သာေစသလို၊ အစာေခ်ဖ်က္အားကိုလည္း ေကာင္းမြန္ေစပါတယ္။

ျပဳလုပ္နည္း - အတံုးေလးေတြ တံုးထားတဲ့ သရက္သီးတစ္ပန္းကန္နဲ႔ ခ်င္းတစ္လက္မတို႔ကို ေရတစ္လီတာထဲ ထည့္ပါ၊ တစ္နာရီကေန သံုးနာရီအထိ စိမ္ၿပီးရင္ ေသာက္ႏိုင္ပါၿပီ။

 

ပန္းသီး သစ္ႀကံပိုးရည္

ပန္းသီးနဲ႔ သစ္ႀကံပိုးတို႔ဟာ ခႏၶာကိုယ္ ႀကံ႕ခိုင္မႈကို တိုးတက္ေစပါတယ္။ ပန္းသီးဟာ ဗီတာမင္ဘီ၊ စီနဲ႔ အျခားအဆိပ္အေတာက္ ျပယ္ေစတဲ့ ဓာတ္ေတြ ပါဝင္သလို၊ ႏွလံုးေရာဂါ၊ ေသြးတိုး၊ ဆီးခ်ိဳ ျဖစ္ျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။ သစ္ႀကံပိုးကေတာ့ အဆီတက္ျခင္းနဲ႔ ဆီးခ်ိဳ ျဖစ္ျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။

ျပဳလုပ္နည္း - ပန္းသီးတစ္စိတ္နဲ႔ ၂ လက္မရွိတဲ့ သစ္ႀကံပိုးေခ်ာင္းကို ေရထဲ ခဏစိမ္ထားပါ။ သစ္ႀကံပိုးေခ်ာင္းကို ေရမွာ တစ္ညခန္႔စိမ္ထားၿပီး ေသာက္ခါနီး မိနစ္ ၂၀ ေလာက္မွ ထည့္တာ အေကာင္းဆံုးပါ။

 

ႏွင္းဆီပြင့္နဲ႔ စမုန္နက္ေရ

ႏွင္းဆီပြင့္ေတြဟာ ဖိအားေလ်ာ့နည္းေစၿပီး ခံစားခ်က္ေတြကို ေကာင္းမြန္ေစပါတယ္။ စမုန္နက္က အစာေခ်ဖ်က္အားကို ေကာင္းမြန္ေစသလို ကင္ဆာျဖစ္ပြားမႈကိုလည္း တားဆီးေပးႏိုင္ပါတယ္။ ႏွင္းဆီပြင့္နဲ႔ စမုန္နက္ကို ေရတစ္လီတာထဲကို တစ္နာရီေလာက္ ေရာထားလိုက္တာနဲ႔ ေသာက္လို႔ရပါၿပီ။

Read times Last modified on Friday, 07 February 2020 14:51
Rate this item
(1 Vote)