What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 October 2021 16:54

ခရက်ကာများ စားသုံးရန် ဘေးကင်းကြောင်း Hup Seng ပြောကြား

မလေးရှားနိုင်ငံမှ ခရင်မ် ခရက်ကာ ထုတ်လုပ်သူ Hup Seng Industries Bhd က ကုမ္ပဏီမှ ထုတ်လုပ်သော အထူးသီးသန့် ခရင်မ် ခရက်ကာများသည် လူအများ စားသုံးရန် သင့်တော်ကြောင်း အတည်ပြုပြောကြားသည်။

Hup Seng Industries Bhd က ထုတ်လုပ်မှု နင့် ဈေးကွက်တင်ခြင်းတို့ကို ခရင်မ်ခရက်ကာများ အတွက် လုပ်ဆောင်ရာတွင် ပြည်တွင်းမှာ ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သည်။ အရည်အသွေးနှင့် ‌ေဘးဉပါဒ် ကင်းစင်ရေးစံများတို့ကို အစဉ်စောင့်ထိန်းသည်ဟု ပြောကြားသည်။
၁၉၅၈ ခုနှစ်ကတည်းက လူမှုတာဝန် သိရှိလိုက်နာသော စားစရာ ထုတ်လုပ်သူတစ်ဦးအဖြစ် အစဉ်အမြဲ လုပ်ကိုင်ခဲ့သည်။ ထုတ်ကုန်၏ အရည်အသွေးနှင့် ဘေးဉပါဒ်ကင်းစင်ရေးတို့ကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်သည်ဟု ပြောကြားသည်။
အကယ်၍ သက်ဆိုင်ရာ အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု ပြုသည်ဆိုပါက ကူညီရန် အသင့်ရှိကြောင်းလည်း ပြောကြားသည်။

ဟောင်ကောင် စားသုံးသူ ကောင်စီ Hong Kong Consumer Council (HKCC) က ကြိုတင်ထုပ်ပိုးပြီး ရောင်းချသည့် ထုတ်ကုန် ဘီစကွပ်များနှင့် ခရက်ကာများတွင် glycidol နှင့် acrylamide ကဲ့သို့သော ကင်ဆာ ဖြစ်စေတတ်သော ကာစီနိုဂျင်များ ပါဝင်နေကြောင်း ဓာတ်ခွဲစစ်ဆေးကြည့်ပြီး အတည်ပြု ထုတ်ပြန်‌ေကြညာခဲ့ရာ Hup Seng Industries Bhd က ကုမ္ပဏီမှ ထုတ်လုပ်သော ခရင်မ်ခရက်ကာများလည်း စာရင်းတွင်ပါဝင်ခဲ့သည်။

ကနဦးသတင်း ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ကင်ဆာဖြစ်စေတတ်သော ကာစီနိုဂျင်များ ပါဝင်သည့် ဘီစကွတ် အမျိုး(၆၀) ဟောင်ကောင်တွင် တွေ့ရှိ

 

 
Read times Last modified on Tuesday, 26 October 2021 16:56
Rate this item
(0 votes)