What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 13:59

အစာမကြေ ရင်ပြည့်ရင်ကယ် ဝေဒနာ ခံစားဖူးပါသလား

အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့ ဝေဒနာကို လူတိုင်းနီးပါး ခံစားဖူးမှာပါ။ အစားစားတာ များသွားတဲ့အခါ ဗိုက်အင့်ပြီး နေရထိုင်ရခက်တဲ့ ဝေဒနာက ချွေးသီးချွေးပေါက် ကျသည်အထိ ခံရခက်လှပါတယ်။

အစာကို ကျေညက်အောင် ခြေဖျက်ပေးနိုင်စွမ်း မရှိတဲ့အခါ ဒီဝေဒနာကို ခံစားကြရတာပါ။

ဘာကြောင့် အစာမကြေဖြစ်တာလဲ?

ကျွန်မတို့စားလိုက်တဲ့ အစားအစာတွေကို အစာအိမ်စနစ်ကနေ ချေဖျက်တဲ့အခါ အစာကျေညက်အောင် ချေဖျက်ပေးတဲ့ အစာခြေ အင်ဇိုင်းရယ်၊ အစာခြေ အက်ဆစ်ရည်ရယ်နဲ့ အူတွေရဲ့လှုပ်ရှားမှုတွေ လိုပါတယ်။ ဒီအရာသုံးမျိုး ဟန်ချက်ညီမျှပါမှ ကျွန်မတို့ ပါးစပ်က ဝါးစားမျိုချလိုက်တဲ့ အစာတွေက ကောင်းစွာ ကြေညက်မှာဖြစ်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်မှာဖြစ်သလို အစာဟောင်းအိမ်ကနေလည်း ကောင်းစွာ စွန့်ပစ်နိုင်မှာပါ။

 

အစာမကြေရတဲ့ အကြောင်းရင်းတွေကတော့ အစာခြေအင်ဇိုင်း အလုံအလောက်မထွက်ရှိရင် ၊ အသည်းနဲ့သည်းခြေအိတ် ရောဂါရှိနေရင် ၊ အစာအိမ်ရောဂါရှိရင် ၊ အသက်အရွယ်ကြီးလာရင် ၊ ပန်ကရိယ ချွတ်ယွင်းရောဂါရှိရင် ၊ သိုင်းရွိုက် ချွတ်ယွင်းရောဂါရှိရင် ၊ ကိုယ်ဝန်ဆောင်ထားရင် ၊ စိတ်ဖိစီးမှု များရင် တို့ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဆေးဝါးတွေကြောင့်လည်း အစာမကြေ ဖြစ်တတ်ပါတယ်။

 

Read More:>> ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ

 

အစာမကြေတဲ့အခါ ပြည့်အင့်မှုနဲ့အတူ ၊ ပျို့အန်ခြင်း ၊ လေပွလေအောင့်ခြင်း ၊ စားချဉ့်ပြန်ခြင်း၊ လေချဉ်တက်ခြင်း ၊ ဗိုက်နာဗိုက်အောင့်ခြင်း တို့ ဖြစ်တတ်ပါတယ်။

 

ဘယ်လိုကာကွယ်ကုသမလဲ?

ကာကွယ်ကုသမှုကတော့ ဖြစ်ရတဲ့အကြောင်းရင်းကို လိုက်ပြီး ကွဲသွားပါတယ်။ ယေဘုယျအားဖြင့်တော့ ဆေးဝါးများအပြင် အစားအသောက်နဲ့လည်း ဝေဒနာကို သက်သာအောင် ထိန်းချုပ်လို့ရပါတယ်။ ဆေးဝါးအနေနဲ့ အစာခြေအင်ဇိုင်း ဖြည့်ပေးတဲ့ဆေးဝါးများ၊ Probiotic ဖြည့်စွက်ဆေးများကို အသုံးကုသနိုင်ပြီး ကာကွယ်မှုအနေနဲ့ အစားအစာကို အချိန်မှန်မှန်စားပါ။ ဖြည်းဖြည်း မှန်မှန် ကြေညက်အောင် ဝါးစားပါ။

 

နည်းနည်းချင်းစီ အကြိမ်များများ ခွဲစားပါ။ ဆေးလိပ်၊ အရက်နဲ့ ကော်ဖီရှောင်ပါ။ ညဘက်နောက်ကျမှ အစာစားခြင်း မပြုပါနဲ့။ အစာကြေခဲသော ဆီကြော်စာ၊ အသင့်ထုပ်ပိုးစာ၊ အမြန်စာတွေ ရှောင်ပါ။ အစာစားပြီးပြီးချင်း ထိုင်ခြင်း၊ လှဲခြင်းမပြုပါနဲ့ လို့ အကြံပြုလိုက်ပါတယ်။

 

(Zawgyi)

----------

အစာမေၾက ရင္ျပည့္ရင္ကယ္ ေဝဒနာ ခံစားဖူးပါသလား

 

အစာမေၾက ရင္ျပည့္ရင္ကယ္ျဖစ္တဲ့ ေဝဒနာကုိ လူတိုင္းနီးပါး ခံစားဖူးမွာပါ။ အစားစားတာ မ်ားသြားတဲ့အခါ ဗိုက္အင့္ၿပီး ေနရထိုင္ရခက္တဲ့ ေဝဒနာက ေခြၽးသီးေခြၽးေပါက္ က်သည္အထိ ခံရခက္လွပါတယ္။ အစာကို ေက်ညက္ေအာင္ ေျခဖ်က္ေပးႏိုင္စြမ္း မ႐ွိတဲ့အခါ ဒီေဝဒနာကို ခံစားၾကရတာပါ။

 

ဘာေၾကာင့္ အစာမေၾကျဖစ္တာလဲ?

ကြၽန္မတို႔စားလိုက္တဲ့ အစားအစာေတြကို အစာအိမ္စနစ္ကေန ေခ်ဖ်က္တဲ့အခါ အစာေက်ညက္ေအာင္ ေခ်ဖ်က္ေပးတဲ့ အစာေျခ အင္ဇိုင္းရယ္၊ အစာေျခ အက္ဆစ္ရည္ရယ္နဲ႔ အူေတြရဲ႕လႈပ္႐ွားမႈေတြ လိုပါတယ္။ ဒီအရာသံုးမ်ိဳး ဟန္ခ်က္ညီမ်ွပါမွ ကြၽန္မတို႔ ပါးစပ္က ဝါးစားမ်ိဳခ်လိုက္တဲ့ အစာေတြက ေကာင္းစြာ ေၾကညက္မွာျဖစ္ၿပီး ခႏၶာကိုယ္က လိုအပ္တဲ့ အာဟာရေတြကို အျပည့္အဝ စုပ္ယူႏိုင္မွာျဖစ္သလို အစာေဟာင္းအိမ္ကေနလည္း ေကာင္းစြာ စြန္႔ပစ္ႏိုင္မွာပါ။

 

အစာမေၾကရတဲ့ အေၾကာင္းရင္းေတြကေတာ့ အစာေျခအင္ဇိုင္း အလံုအေလာက္မထြက္႐ွိရင္ ၊ အသည္းနဲ႔သည္းေျခအိတ္ ေရာဂါ႐ွိေနရင္ ၊ အစာအိမ္ေရာဂါ႐ွိရင္ ၊ အသက္အရြယ္ႀကီးလာရင္ ၊ ပန္ကရိယ ခြၽတ္ယြင္းေရာဂါ႐ွိရင္ ၊ သိုင္းရြိဳက္ ခြၽတ္ယြင္းေရာဂါ႐ွိရင္ ၊ ကိုယ္ဝန္ေဆာင္ထားရင္ ၊ စိတ္ဖိစီးမႈ မ်ားရင္ တို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ အျခားေသာ ေဆးဝါးေတြေၾကာင့္လည္း အစာမေၾက ျဖစ္တတ္ပါတယ္။

 

Read More:>> ေဆးဝါးျဖန္႔ခ်ိေရးလုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ

 

အစာမေၾကတဲ့အခါ ျပည့္အင့္မႈနဲ႔အတူ ၊ ပ်ိဳ႕အန္ျခင္း ၊ ေလပြေလေအာင့္ျခင္း ၊ စားခ်ဥ့္ျပန္ျခင္း၊ ေလခ်ဥ္တက္ျခင္း ၊ ဗိုက္နာဗိုက္ေအာင့္ျခင္း တို႔ ျဖစ္တတ္ပါတယ္။

 

ဘယ္လိုကာကြယ္ကုသမလဲ?

ကာကြယ္ကုသမႈကေတာ့ ျဖစ္ရတဲ့အေၾကာင္းရင္းကို လိုက္ၿပီး ကြဲသြားပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ ေဆးဝါးမ်ားအျပင္ အစားအေသာက္နဲ႔လည္း ေဝဒနာကို သက္သာေအာင္ ထိန္းခ်ဳပ္လို႔ရပါတယ္။ ေဆးဝါးအေနနဲ႔ အစာေျခအင္ဇိုင္း ျဖည့္ေပးတဲ့ေဆးဝါးမ်ား၊ Probiotic ျဖည့္စြက္ေဆးမ်ားကို အသံုးကုသႏိုင္ၿပီး ကာကြယ္မႈအေနနဲ႔ အစားအစာကို အခ်ိန္မွန္မွန္စားပါ။ ျဖည္းျဖည္း မွန္မွန္ ေၾကညက္ေအာင္ ဝါးစားပါ။

 

နည္းနည္းခ်င္းစီ အႀကိမ္မ်ားမ်ား ခြဲစားပါ။ ေဆးလိပ္၊ အရက္နဲ႔ ေကာ္ဖီေ႐ွာင္ပါ။ ညဘက္ေနာက္က်မွ အစာစားျခင္း မျပဳပါနဲ႔။ အစာေၾကခဲေသာ ဆီေၾကာ္စာ၊ အသင့္ထုပ္ပိုးစာ၊ အျမန္စာေတြ ေ႐ွာင္ပါ။ အစာစားၿပီးၿပီးခ်င္း ထိုင္ျခင္း၊ လွဲျခင္းမျပဳပါနဲ႔ လို႔ အၾကံျပဳလိုက္ပါတယ္။

Read times Last modified on Friday, 07 February 2020 16:05
Rate this item
(0 votes)