What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 January 2019 15:03

အာဟာရပြည့်ဝတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်း ဖြစ်စေဖို့

မြန်မာမှုနယ်ပယ်တွင် “ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ”ဟူ၍ ဆိုရိုးစကား

ရှိသလို မျက်မှောက်ကာလတွင်မူ ခေတ်မီတိုးတက်သော ဆေးပညာရပ်များ ဖြစ်ထွန်းပေါ်ပေါက်လာတာကြောင့် ကိုးလလွယ်နေသည့် ကာလအတွင်း မိခင်လောင်းတို့ ကျန်းမာရေးအသိတရားဖြင့် ဆင်ခြင်နေထိုင်နိုင်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍာ တစ်ခုကနေ ပါဝင်ပါတယ်။ ကိုယ်ဝန်မိခင်လောင်း တစ်ယောက်အနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်လေများကို ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်မှုတွေကို ပြုလုပ်ရမယ် ဆိုတာက ရှုပ်ထွေးလေ့ရှိတဲ့ မေးခွန်းတစ်ခုဆိုလဲ မမှားနိုင်ပါဘူး။

 

ကိုယ်ဝန်ဆောင်မိခင်လောင်းများကို ရည်ရွယ်ပြီး kalay.com.mm က ဦးစီးကျင်းပပေးမယ့် “အာဟာရပြည့်ဝတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်း ဖြစ်စေဖို့" ဆိုတဲ့ဟောပြောပွဲကို အာဟာရဆိုင်ရာဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က ဟောပြောသွားမှာ ဖြစ်ပါတယ်။

 

ထိုဟောပြောပွဲမှာ ဆရာမကြီးက ဗိုက်ဗိုက်လေးတွေအတွက်ရယ် ဗိုက်ထဲက ပူတူတူးလေးတွေအတွက်ပါ ကျန်းမာပြီး အာဟာရပြည့်ဝစေဖို့ ကိုယ်ဝန်ဆောင်တို့ စားသောက်ပုံစနစ်တွေ၊ သတိထားရမယ့် အစားအစာတွေနဲ့ ပြုမူနေထိုင်မှု အကြောင်းတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

ပွဲလေးမှာ စိတ်ဝင်စားစရာ ဆုမဲပေါင်းများစွာနဲ့ မေမေလောင်းတို့အတွက် ဗဟုသုတတွေလည်းရ ယောဂသင်တန်းကိုလည်း တက်ရောက်နိုင်မယ့်အပြင် ဆုလက်ဆောင်တွေ၊ တခြားသော training လေးတွေလည်းပေးသွားမယ် လို သိရပါတယ်။

 

နေ့စွဲ - ၂၀.၁.၂၀၁၉ (တနင်္ဂနွေနေ့)

အချိန် - နေ့လည် (၁၂)နာရီ မှ ညနေ (၅)နာရီအထိ

လိပ်စာ - Grand Hantha International Hospital (No.3, Corner of Nar Nat Taw Road & Lower Kyee Myin Dine Road, Kamayut Township Yangon)

ဆက်သွယ်ရန် - 09 694 496 926

 

Read: အသက်ကြီးသူများ နွားနို့သောက်ပေးပါ

အသက်ကြီးသူများ နွားနို့သောက်ပေးပါ

Read times Last modified on Wednesday, 27 February 2019 14:53
Rate this item
(0 votes)