What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 October 2019 14:15




 

 


 


 

(UNICODE)

=======


၅ကြိမ်မြောက် ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ နိုင်ငံတကာ MYANLAB/MEDEX 2019 ကုန်စည်ပြပွဲကြီး

 

မြန်မာနိုင်ငံတွင် ၅နှစ်မြောက် စီစဉ်ကျင်းပသော ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ၊ ဆေးရုံသုံးပစ္စည်းများ၊ဓါတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာများဆိုင်ရာနိုင်ငံတကာစက်မှုကုန်စည်ပြပွဲအား အောက်တိုဘာလ ၉ရက်နေ့မှ ၁၁ရက်နေ့ အထိ၊ ရန်ကုန်မြို့ ဦးဝိဇာရလမ်းရှိ ၊ တပ်မတော်ခန်းမတွင် ကျင်းပမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ဆေးနှင့်ဆေးဝါးပစ္စည်းကုန်သည်များ နှင့် လုပ်ငန်းရှင်များအသင်း (MPMEEA) နှင့် ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း (MPMDMA) ၏ ဥက္ကဌ ဦးဇော်မိုးခိုင် ၊ Mr.Tushar Pandya, Chairman & Managing Director, (FICCI - INDIA) နှင့် Dr. Saurabh Kumar, AMBASSADOR, EMBASSY OF INDIA, YANGON တို့ နှင့် တာဝန်ရှိသူများ တတ်ရောက်ခဲ့ပါတယ်။

ပြပွဲတွင် အဓိကမြင်တွေ့ ရမည့် ပစ္စည်းများမှာ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ၊ ဆေးရုံသုံးပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာပစ္စည်းများ၊ ဝန်ဆောင်မှုနှင့် နည်းပညာအသစ်များဖြစ်သည့်အပြင် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ စင်ကာပူ နှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံအသီးသီးမှ ဆေးပစ္စည်းအမျိုးမျိုးကို လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။

ပြပွဲကြီးကို မြန်မာနိုင်ငံရှိ သုတေသနနှင့်တီထွင်းဆန်းသစ်မှု ၊ ဆေးဝါးဆိုင်ရာနယ်ပယ်အသီးသီး နှင့် ဓါတ်ခွဲပညာရှင်များ တတ်ရောက်ကြမှာ ဖြစ်ပြီး ထိုပြပွဲမှ နိုင်ငံတကာဆေးဝါးဆိုင်ရာပစ္စည်းကိရိယာအသစ်များကို မြန်မာနိုင်ငံတွင် ပြန်လည်ဖြန့်ချိနိုင်မယ့် အခွင့်အရေးများကို ရယူနိုင်မှာလည်း ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)


Related Articles