What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 February 2020 14:08

ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို လှူဒါန်းမှု နှင့် ထောက်ပံ့မှုများပြုလုပ်ကာ “Empower My Children” ပွဲအားကျင်းပ

ဖေဖော်ဝါရီလ ၊ ၂၁ ရက်နေ့တွင် ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်လှသော လှူဒါန်းမှုတစ်ခုဖြစ်သည့် Empower My Children ပွဲကို Mytel မှ ကျင်းပခဲ့ပါတယ်။

ထိုလှူဒါန်းပွဲ အခမ်းအနားကို ရန်ကင်းကလေးဆေးရုံတွင် ကျင်းပခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သော ကလေးငယ်များအတွက် ငွေကြေးထောက်ပံ့မှုများ နှင့် လိုအပ်သောကူညီမှုများကို ထောက်ပံ့ပေးခဲ့ပါတယ်။ 

 

Nyein_Thaw_Giving_Present.jpg

 

"Empower My Children" လှူဒါန်းမှုအခမ်းအနားသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကလေးငယ်များ၏ အသက်များကို ကယ်တင်မည့် Mytel ၏ ရေရှည်စီမံကိန်းကြီးအတွက် ပထမဦးဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ထိုစီမံကိန်း၏ လှူဒါန်းကူညီမှုတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမှာဖြစ်ပြီး တစ်လလျှင် ကန်ဒေါ်လာ ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။

 

Paing_Phyo_Thu_Giving_Present.jpg

 

လှူဒါန်းမှု အခမ်းအနားအား ဝါရင့်ဆရာဝန်ကြီးများဖြစ်ကြတဲ့ အကြီးတန်းဆေးဘက်ဆိုင်ရာကြီးကြပ်ရေးမှူး - ဒေါက်တာ မြင့်မြင့်ခိုင် (နှလုံးရောဂါအထူးကု) ၊ ပါမောက္ခဒေါက်တာ ဦးခင်မောင်ဦး (နှလုံးခွဲစိတ်ဆရာဝန်) နှင့် ပါမောက္ခနှင့်ဆေးရုံမှူး ဒေါက်တာဦးအောင်သူ ၊ Mytel ၏ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် ဦးသိန်းအောင် နှင့်အတူ Mytel သတင်းအချက်အလက်အရာရှိချုပ် ဦးဇော်လင်း တို့ တက်ရောက်ခဲ့ပါတယ်။

 

Po_Po_Giving_Present.jpg

 

အဆိုပါလှူဒါန်းမှုအခမ်းအနားအား မြန်မာနိုင်ငံ၏ ထိပ်တန်းအနုပညာရှင်များဖြစ်ကြသော ရုပ်ရှင်သရုပ်ဆောင် အက ယ်ဒမီပိုင်ဖြိုးသု ၊ တေးသံရှင် ပိုပို နှင့် မော်ဒယ်နှင့်သရုပ်ဆောင် ငြိမ်းသော်တို့မှလည်း Mytel မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဝေဒနာရှင် ကလေးငယ်များထံ လှူဒါန်းခဲ့သည့်အပြင် ခွဲစိတ်မှုပြုလုပ်နေစဉ်နှင့် ခွဲစိတ်မှုအပြီး ကြံ့ကြံ့ခံနိုင်အောင် အားပေးစကားနှင့် နှစ်သိမ့်စကားများလည်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်များ၏ စိတ်ဓာတ်များကို မြင့်တင်ပေးနိုင်ရန် နှင့် နွေးထွေးသောအပြုံးများ ပြုံးပျော်နိုင်စေရန်အတွက် လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ပါတယ်။

 

 

အထူးသဖြင့် Mytel က ကျန်းမာရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေမှာ တတ်စွမ်းတဲ့ဘက်က ကူညီထောက်ပံ့မှုများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ " ကျွန်တော်တို့အနေနဲ့ လူတိုင်းမှာ သူတို့ရဲ့ဘဝကို ဘာအတားအဆီးမှမရှိ ဘာအခက်အခဲမှမရှိ နေထိုင်ဖို့ အခွင့်အရေး အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်။

 

Laboratory (ဓာတ်ခွဲသုံး ပစ္စည်း ရောင်းချသော ဆိုင်ပေါင်း ၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Laboratory

 

မြန်မာနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်တွေဖြစ်လာဖို့ဆိုရင် ကလေးငယ်တွေမှာ ဒီလိုမျိုး ဘဝကို အခက်အခဲမရှိဖြတ်သန်းဖို့ အခွင့်အရေးမျိုး ကို လုံးဝပြည့်ပြည့်ဝဝ ခံစားခွင့်ရှိပါတယ်။ ဒီလိုမျိုး ကျန်းမာရေးချိုတဲ့လျက်ရှိတဲ့ ကလေးငယ်တွေကို ပြန်လည်ကုသပေးခြင်းဖြစ်တဲ့ မွန်မြတ်လှတဲ့ အလှူမျိုးမှာ ပါဝင်ခွင့်ရတာဟာ တကယ်ကို ထူးခြားကောင်းမွန်လှပါတယ်။

 

ကလေးငယ်တွေရဲ့ မျက်နှာပေါ် မှာ အပြုံးပန်းလေးတွေ ပွင့်လန်းလာအောင် လုပ်ခွင့်ရမယ့် ဒီအလှူဒါနလေးဖြစ်မြောက်ခဲ့တဲ့အပေါ် ကျွန်တော်အနေနဲ့ အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲကို တကယ်နွေးထွေးစေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

 

Mytel သည် ပညာရေးဆိုင်ရာလူထုအကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သော အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးများသင်ကြားပို့ချနေသော ကျောင်းပေါင်း ၂၅၈ ကျောင်းတွင် အင်တာနက် ဝန်ဆောင်မှုများ အခမဲ့ပေးခြင်းဖြင့် ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။

 

အစိုးရ ဌာနဆိုင်ရာများ နှင့် အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နှင့် ဆေးရုံ ၁ ရုံ တွင်လည်း အခမဲ့အင်တာနက်ဝန်ဆောင်မှုများကို တပ်ဆင်ပေးခဲ့ပါသည်။ ထို့အပြင် အစိုးရဌာနရုံး ၆ ရုံး တွင်လည်း Video Conferencing စနစ်ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာ တွင် အခမဲ့လှူဒါန်းပြီးဖြစ်ပါတယ်။

 

ဒါ့အပြင် အခမဲ့ဝန်ဆောင်မှုများအား အခြားသော ဘာသာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနှင့် ဘုန်းကြီးကျောင်းများ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ပုဂ္ဂလိဂနှင့် အထွေထွေဆေးရုံများနှင့် အစိုးရဆိုင်ရာကဏ္ဍများတွင် Video Conferencing စနစ်နှင့် အင်တာနက်ဝန်ဆောင်မှု များကို ဆက်လက်၍ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

 

(Zawgyi)

=====

ရန္ကင္းကေလးေဆး႐ုံရွိ ေမြးရာပါႏွလုံးေရာဂါေဝဒနာရွင္ ကေလးငယ္မ်ားကို လႉဒါန္းမႈ ႏွင့္ ေထာက္ပံ့မႈမ်ားျပဳလုပ္ကာ “Empower My Children” ပြဲအားက်င္းပ

 

ေဖေဖာ္ဝါရီလ ၊ ၂၁ ရက္ေန႔တြင္ ရန္ကင္းကေလးေဆး႐ုံရွိ ေမြးရာပါႏွလုံးေရာဂါေဝဒနာရွင္ ကေလးငယ္ (၁၂) ဦးအတြက္ အလြန္မြန္ျမတ္လွေသာ လႉဒါန္းမႈတစ္ခုျဖစ္သည့္ Empower My Children ပြဲကို Mytel မွ က်င္းပခဲ့ပါတယ္။ ထိုလႉဒါန္းပြဲ အခမ္းအနားကို ရန္ကင္းကေလးေဆး႐ုံတြင္ က်င္းပခဲ့ၿပီး ခြဲစိတ္ကုသရန္ လိုအပ္ေသာ ကေလးငယ္မ်ားအတြက္ ေငြေၾကးေထာက္ပံ့မႈမ်ား ႏွင့္ လိုအပ္ေသာကူညီမႈမ်ားကို ေထာက္ပံ့ေပးခဲ့ပါတယ္။

Nyein_Thaw_Giving_Present.jpg

 

"Empower My Children" လႉဒါန္းမႈအခမ္းအနားသည္ ျမန္မာႏိုင္ငံ တစ္ႏိုင္ငံလုံးရွိ ကေလးငယ္မ်ား၏ အသက္မ်ားကို ကယ္တင္မည့္ Mytel ၏ ေရရွည္စီမံကိန္းႀကီးအတြက္ ပထမဦးဆုံးေျခလွမ္းတစ္ခုလည္း ျဖစ္ပါတယ္။ ထိုစီမံကိန္း၏ လႉဒါန္းကူညီမႈတိုင္းအတြက္ ၁၀၀ ရာခိုင္ႏႈန္းအျပည့္ ေငြေၾကးေထာက္ပံ့မႈမ်ား ျပဳလုပ္သြားမွာျဖစ္ၿပီး တစ္လလွ်င္ ကန္ေဒၚလာ ၅၀,၀၀၀ မွ ၁၀၀,၀၀၀ အထိ အသုံးျပဳသြားမယ္လို႔ သိရပါတယ္။

 

Paing_Phyo_Thu_Giving_Present.jpg

 

လႉဒါန္းမႈ အခမ္းအနားအား ဝါရင့္ဆရာဝန္ႀကီးမ်ားျဖစ္ၾကတဲ့ အႀကီးတန္းေဆးဘက္ဆိုင္ရာႀကီးၾကပ္ေရးမႉး - ေဒါက္တာ ျမင့္ျမင့္ခိုင္ (ႏွလုံးေရာဂါအထူးကု) ၊ ပါေမာကၡေဒါက္တာ ဦးခင္ေမာင္ဦး (ႏွလုံးခြဲစိတ္ဆရာဝန္) ႏွင့္ ပါေမာကၡႏွင့္ေဆး႐ုံမႉး ေဒါက္တာဦးေအာင္သူ ၊ Mytel ၏ ဘ႑ာေရးဆိုင္ရာအရာရွိခ်ဳပ္ ဦးသိန္းေအာင္ ႏွင့္အတူ Mytel သတင္းအခ်က္အလက္အရာရွိခ်ဳပ္ ဦးေဇာ္လင္း တို႔ တက္ေရာက္ခဲ့ပါတယ္။

 

Po_Po_Giving_Present.jpg

 

အဆိုပါလႉဒါန္းမႈအခမ္းအနားအား ျမန္မာႏိုင္ငံ၏ ထိပ္တန္းအႏုပညာရွင္မ်ားျဖစ္ၾကေသာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီပိုင္ၿဖိဳးသု ၊ ေတးသံရွင္ ပိုပို ႏွင့္ ေမာ္ဒယ္ႏွင့္သ႐ုပ္ေဆာင္ ၿငိမ္းေသာ္တို႔မွလည္း Mytel မွ တာဝန္ရွိသူမ်ားႏွင့္အတူ တက္ေရာက္ခဲ့ၿပီး ေဝဒနာရွင္ ကေလးငယ္မ်ားထံ လႉဒါန္းခဲ့သည့္အျပင္ ခြဲစိတ္မႈျပဳလုပ္ေနစဥ္ႏွင့္ ခြဲစိတ္မႈအၿပီး ႀကံ့ႀကံ့ခံႏိုင္ေအာင္ အားေပးစကားႏွင့္ ႏွစ္သိမ့္စကားမ်ားလည္းေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ကေလးငယ္မ်ား၏ စိတ္ဓာတ္မ်ားကို ျမင့္တင္ေပးႏိုင္ရန္ ႏွင့္ ေႏြးေထြးေသာအၿပဳံးမ်ား ၿပဳံးေပ်ာ္ႏိုင္ေစရန္အတြက္ လက္ေဆာင္ပစၥည္းမ်ားလည္း ေပးအပ္ခဲ့ပါတယ္။

 

အထူးသျဖင့္ Mytel က က်န္းမာေရးနဲ႔ဆိုင္တဲ့ က႑ေတြမွာ တတ္စြမ္းတဲ့ဘက္က ကူညီေထာက္ပံ့မႈမ်ားကို ျပဳလုပ္ေပးလ်က္ရွိပါတယ္။ Mytel ရဲ႕ ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ျဖစ္သူ ဦးေဇာ္မင္းဦးမွ " ကြၽန္ေတာ္တို႔အေနနဲ႔ လူတိုင္းမွာ သူတို႔ရဲ႕ဘဝကို ဘာအတားအဆီးမွမရွိ ဘာအခက္အခဲမွမရွိ ေနထိုင္ဖို႔ အခြင့္အေရး အျပည့္အဝရွိတယ္လို႔ ယုံၾကည္ပါတယ္။

 

Laboratory (ဓာတ္ခြဲသံုး ပစၥည္း ေရာင္းခ်ေသာ ဆိုင္ေပါင္း ၅၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Laboratory

 

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေခါင္းေဆာင္ေတြျဖစ္လာဖို႔ဆိုရင္ ကေလးငယ္ေတြမွာ ဒီလိုမ်ိဳး ဘဝကို အခက္အခဲမရွိျဖတ္သန္းဖို႔ အခြင့္အေရးမ်ိဳး ကို လုံးဝျပည့္ျပည့္ဝဝ ခံစားခြင့္ရွိပါတယ္။ ဒီလိုမ်ိဳး က်န္းမာေရးခ်ိဳတဲ့လ်က္ရွိတဲ့ ကေလးငယ္ေတြကို ျပန္လည္ကုသေပးျခင္းျဖစ္တဲ့ မြန္ျမတ္လွတဲ့ အလႉမ်ိဳးမွာ ပါဝင္ခြင့္ရတာဟာ တကယ္ကို ထူးျခားေကာင္းမြန္လွပါတယ္။

 

ကေလးငယ္ေတြရဲ႕ မ်က္ႏွာေပၚ မွာ အၿပဳံးပန္းေလးေတြ ပြင့္လန္းလာေအာင္ လုပ္ခြင့္ရမယ့္ ဒီအလႉဒါနေလးျဖစ္ေျမာက္ခဲ့တဲ့အေပၚ ကြၽန္ေတာ္အေနနဲ႔ အထူးပင္ေက်းဇူးတင္ရွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ရင္ထဲကို တကယ္ေႏြးေထြးေစပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

 

Mytel သည္ ပညာေရးဆိုင္ရာလူထုအက်ိဳးျပဳလုပ္ငန္းတစ္ရပ္ျဖစ္ေသာ အေျခခံပညာေရးႏွင့္ အဆင့္ျမင့္ပညာေရးမ်ားသင္ၾကားပို႔ခ်ေနေသာ ေက်ာင္းေပါင္း ၂၅၈ ေက်ာင္းတြင္ အင္တာနက္ ဝန္ေဆာင္မႈမ်ား အခမဲ့ေပးျခင္းျဖင့္ ICT ဖြံ႕ၿဖိဳးတိုးတက္မႈ အစီအစဥ္ကို စတင္ခဲ့တာျဖစ္ပါတယ္။

 

အစိုးရ ဌာနဆိုင္ရာမ်ား ႏွင့္ အျခားေသာအဖြဲ႕အစည္း ၁၆၉ ခု ၊ ဘာသာေရးဆိုင္ရာေနရာေပါင္း ၁၂ ခု ႏွင့္ ေဆး႐ုံ ၁ ႐ုံ တြင္လည္း အခမဲ့အင္တာနက္ဝန္ေဆာင္မႈမ်ားကို တပ္ဆင္ေပးခဲ့ပါသည္။ ထို႔အျပင္ အစိုးရဌာန႐ုံး ၆ ႐ုံး တြင္လည္း Video Conferencing စနစ္ကို ေထာက္ပံ့ေပးခဲ့ၿပီး စုစုေပါင္း ၄၄၆ ေနရာ တြင္ အခမဲ့လႉဒါန္းၿပီးျဖစ္ပါတယ္။

 

ဒါ့အျပင္ အခမဲ့ဝန္ေဆာင္မႈမ်ားအား အျခားေသာ ဘာသာေရးဆိုင္ရာ က႑မ်ားျဖစ္ေသာ ဘုရား၊ ဗုဒၶဘာသာ တကၠသိုလ္မ်ားႏွင့္ ဘုန္းႀကီးေက်ာင္းမ်ား၊ က်န္းမာေရးဆိုင္ရာ က႑မ်ားျဖစ္ေသာ ပုဂၢလိဂႏွင့္ အေထြေထြေဆး႐ုံမ်ားႏွင့္ အစိုးရဆိုင္ရာက႑မ်ားတြင္ Video Conferencing စနစ္ႏွင့္ အင္တာနက္ဝန္ေဆာင္မႈ မ်ားကို ဆက္လက္၍ လုပ္ေဆာင္ေပးသြားမယ္လို႔ သိရပါတယ္။

Read times
Rate this item
(0 votes)