What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 13:25

ၾကက္ဟင္းခါးသီး ၏ အသံုးဝင္ပံု

ၾကက္ဟင္းခါးပင္ကို ကၽြန္ေတာ္တို႔ျမန္မာနိုင္ငံရဲ့ ေတာနယ္ဘက္ေတြမွာ ေပါမ်ားစြာေတြ႕နိုင္ပါတယ္။ 

ၾကက္ဟင္းခါးပင္ကို ကၽြန္ေတာ္တို႔ျမန္မာနိုင္ငံမွာ စိုက္ပ်ိဳးပင္အေနနဲ႔ေတြ႕ရနိုင္ပါတယ္။ ၾကက္ဟင္းခါးသီးကို တခ်ိဳ႕ကလည္းခါးလို႔သိပ္မႀကိဳက္ၾကပါဘူး။တခ်ိဳ႕ကလည္း အခါးကိုႀကိဳက္တာမႀကိဳက္တာထက္ ေဆးဖက္ဝင္လို႔စားတတ္ၾကပါတယ္။

 

ၾကက္ဟင္းခါးသီးကို ပုစြန္ေျခာက္ ငါးပိတို႔နဲ႔နယ္ၿပီး ေၾကာ္စားတာ၊ဝက္ရိုးနဲ႔ဟင္းခ်ိဳခ်က္ေသာက္တာ စသျဖင့္ အမ်ိဳးမ်ိဳးလုပ္စားနိုင္ပါတယ္။ ၾကက္ဟင္းခါးသီးဟာ မွိုနဲ႔ မတည့္တဲ့အတြက္ ၾကက္ဟင္းခါးသီးစားရင္မွိုမစားမိဖို႔ မွိုစားရင္ ၾကက္ဟင္းခါးသီးမစားမိဖို႔သတိထားဖို႔လိုပါတယ္။

 

ၾကက္ဟင္းခါးပင္မွာ Peptide,glycoside:momordin,charantin;alkaloid:momordicine, စတဲ့ အက်ိဳးျပဳျဒပ္ေပါင္းမ်ားစြာပါဝင္ပါတယ္။ ဒီလိုဓါတ္ေတြပါဝင္တဲ့အတြက္ ၾကက္ဟင္းခါးပင္ဟာ သန္က်ေစေသာအစြမ္း၊ေသြးတြင္းသၾကားဓါတ္ကိုေလ်ာ့က်ေစေသာအစြမ္းစတဲ့အစြမ္းေတြရွိပါတယ္။

 

တိုင္းရင္းေဆးအသုံးျပဳအစိတ္အပိုင္းအေနနဲ႔ကေတာ့ ၾကက္ဟင္းခါးသီးသာမက ၾကက္ဟင္းခါးရြက္ကိုလည္း အသုံးျပဳပါတယ္။ ဆီးခ်ိဳေဆး၊သန္ခ်ေဆး၊အသားဝါေရာဂါေဆး၊ျပည္တည္နာအတြက္ေဆးေတြေဖာ္စပ္ရာမွာ ၾကက္ဟင္းခါးပင္ရဲ့ အသီး၊အရြက္ ေတြကို ထည့္သြင္းေဖာ္စပ္ၾကေလ့ရွိပါတယ္။

အကိုက္အခဲေပ်ာက္ေဆးႏွင့္ အစာအိမ္အူလမ္းေၾကာင္းအႏၱရာယ္ ဖတ္ရႈရန္ ႏွိပ္ပါ။

အကိုက္အခဲေပ်ာက္ေဆးႏွင့္ အစာအိမ္အူလမ္းေၾကာင္းအႏၱရာယ္

ၾကက္ဟင္းခါးသီးရဲ့ေဆးၿမီးတိုအေနနဲ႔အသုံးဝင္ပုံကေတာ့ ၾကက္ဟင္းခါးသီးဟာ ကာလဝမ္းေရာဂါေပ်ာက္ဖို႔ရာ ဓါတ္စာအေနနဲ႔အေထာက္အကူျပဳနိုင္ပါတယ္။ဒါ့အျပင္ အရက္နာက်ျခင္းနဲ႔ လိပ္ေခါင္းေရာဂါျဖစ္တာေတြကိုလည္း သက္သာေစနိုင္ပါတယ္။အဆစ္ေရာင္ေရာဂါျဖစ္ပါက ၾကက္ဟင္းခါးသီးအႏုရည္ကို မီးဖိုေပၚတြင္ ေႏြးၿပီးလိမ္းေပးလၽွင္ သက္သာနိုင္ပါတယ္။

 

ၾကက္ဟင္းခါးရြက္ရဲ့ ေဆးၿမီးတိုအေနနဲ႔အသုံးဝင္ပုံကေတာ့ အေညာ္မိတာ၊မူးတာေတြအတြက္ အရြက္ကိုေခ်ၿပီးရႈနိုင္ပါတယ္။ ခ်မ္းတုန္ဖ်ားပါက ၾကက္ဟင္းခါးရြက္ကို ဆား ထန္းညက္တို႔နဲ႔ေရာၿပီး သုံးခြက္တခြက္တင္က်ိဳေသာက္နိုင္ပါတယ္။

 

ဥတုေဘာဇနက်မ္းတြင္ ၾကက္ဟင္းခါးရြက္သည္ ပူခါးအရသာရွိ၏။သလိပ္သည္းေျခနဲ႔ယွဥ္ၿပီးျဖစ္ေသာအဖ်ား၊ဝမ္းျပည့္ရင္ကယ္၊ေအာ့အန္ေခ်ာင္းဆိုး၊ေလနာ၊အဆိပ္အေတာက္သင့္ေသာအနာမ်ိဳးတို႔ကိုနိုင္၏။အေညာ္အသင္းတို႔ကို ထုတ္ေစတတ္၏ ဟု ေရးသားထားပါတယ္။

 

Source: Dr .သီတာႏြယ္(အမရပူရ)

 

(Unicode)

======

ကြက်ဟင်းခါးသီး ၏ အသုံးဝင်ပုံ

ကြက်ဟင်းခါးပင်ကို ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ တောနယ်ဘက်တွေမှာ ပေါများစွာတွေ့နိုင်ပါတယ်။ ကြက်ဟင်းခါးပင်ကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ စိုက်ပျိုးပင်အနေနဲ့တွေ့ရနိုင်ပါတယ်။ ကြက်ဟင်းခါးသီးကို တချို့ကလည်းခါးလို့သိပ်မကြိုက်ကြပါဘူး။တချို့ကလည်း အခါးကိုကြိုက်တာမကြိုက်တာထက် ဆေးဖက်ဝင်လို့စားတတ်ကြပါတယ်။

 

ကြက်ဟင်းခါးသီးကို ပုစွန်ခြောက် ငါးပိတို့နဲ့နယ်ပြီး ကြော်စားတာ၊ဝက်ရိုးနဲ့ဟင်းချိုချက်သောက်တာ စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါတယ်။ ကြက်ဟင်းခါးသီးဟာ မှိုနဲ့ မတည့်တဲ့အတွက် ကြက်ဟင်းခါးသီးစားရင်မှိုမစားမိဖို့ မှိုစားရင် ကြက်ဟင်းခါးသီးမစားမိဖို့သတိထားဖို့လိုပါတယ်။

 

ကြက်ဟင်းခါးပင်မှာ Peptide,glycoside:momordin,charantin;alkaloid:momordicine, စတဲ့ အကျိုးပြုဒြပ်ပေါင်းများစွာပါဝင်ပါတယ်။ ဒီလိုဓါတ်တွေပါဝင်တဲ့အတွက် ကြက်ဟင်းခါးပင်ဟာ သန်ကျစေသောအစွမ်း၊သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေသောအစွမ်းစတဲ့အစွမ်းတွေရှိပါတယ်။

 

တိုင်းရင်းဆေးအသုံးပြုအစိတ်အပိုင်းအနေနဲ့ကတော့ ကြက်ဟင်းခါးသီးသာမက ကြက်ဟင်းခါးရွက်ကိုလည်း အသုံးပြုပါတယ်။ ဆီးချိုဆေး၊သန်ချဆေး၊အသားဝါရောဂါဆေး၊ပြည်တည်နာအတွက်ဆေးတွေဖော်စပ်ရာမှာ ကြက်ဟင်းခါးပင်ရဲ့ အသီး၊အရွက် တွေကို ထည့်သွင်းဖော်စပ်ကြလေ့ရှိပါတယ်။

အကိုက်အခဲပျောက်ဆေးနှင့် အစာအိမ်အူလမ်းကြောင်းအန္တရာယ် ဖတ်ရှုရန် နှိပ်ပါ။

အကိုက္အခဲေပ်ာက္ေဆးႏွင့္ အစာအိမ္အူလမ္းေၾကာင္းအႏၱရာယ္

ကြက်ဟင်းခါးသီးရဲ့ဆေးမြီးတိုအနေနဲ့အသုံးဝင်ပုံကတော့ ကြက်ဟင်းခါးသီးဟာ ကာလဝမ်းရောဂါပျောက်ဖို့ရာ ဓါတ်စာအနေနဲ့အထောက်အကူပြုနိုင်ပါတယ်။ဒါ့အပြင် အရက်နာကျခြင်းနဲ့ လိပ်ခေါင်းရောဂါဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အဆစ်ရောင်ရောဂါဖြစ်ပါက ကြက်ဟင်းခါးသီးအနုရည်ကို မီးဖိုပေါ်တွင် နွေးပြီးလိမ်းပေးလျှင် သက်သာနိုင်ပါတယ်။

 

ကြက်ဟင်းခါးရွက်ရဲ့ ဆေးမြီးတိုအနေနဲ့အသုံးဝင်ပုံကတော့ အညော်မိတာ၊မူးတာတွေအတွက် အရွက်ကိုချေပြီးရှုနိုင်ပါတယ်။ ချမ်းတုန်ဖျားပါက ကြက်ဟင်းခါးရွက်ကို ဆား ထန်းညက်တို့နဲ့ရောပြီး သုံးခွက်တခွက်တင်ကျိုသောက်နိုင်ပါတယ်။

 

ဥတုဘောဇနကျမ်းတွင် ကြက်ဟင်းခါးရွက်သည် ပူခါးအရသာရှိ၏။သလိပ်သည်းခြေနဲ့ယှဉ်ပြီးဖြစ်သောအဖျား၊ဝမ်းပြည့်ရင်ကယ်၊အော့အန်ချောင်းဆိုး၊လေနာ၊အဆိပ်အတောက်သင့်သောအနာမျိုးတို့ကိုနိုင်၏။အညော်အသင်းတို့ကို ထုတ်စေတတ်၏ ဟု ရေးသားထားပါတယ်။

Read times Last modified on Thursday, 10 October 2019 13:44
Rate this item
(0 votes)