What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 October 2017 13:55

အိပ်ရေးမဝသော မိခင်လောင်းများ ဆီးချိုရောဂါ ဖြစ်ပွားနိုင်

အိပ်ရေးမဝသော မိခင်လောင်းများ ဆီးချိုရောဂါ ဖြစ်ပွားနိုင် google.com

တစ်ညအိပ်စက်ချိန် ခြောက်နာရီခွဲထက်နည်းသော မိခင်လောင်း များသည် ကိုယ်ဝန်ဆောင်မှုနှင့် ဆက်စပ်သည့် ဆီးချိုရောဂါ ဖြစ် ပွားနိုင်ခြေ ပိုမြင့်မားပြီး မွေးလာသော ကလေးနှင့် ၎င်းကိုယ်တိုင် အဝလွန်ဖြစ်လာနိုင်သည့် အန္တရာယ်လည်း ပိုများသည်။

အိပ်စက်ချိန် မလုံလောက်ခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများ ကိုယ်ဝန်ဆောင်မှုနှင့် ဆက်စပ်သည့် ဆီးချိုရောဂါဖြစ်ပွား နိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ကိုယ်ဝန်ဆောင်မှုနှင့်ဆက်စပ်သည့် ဆီးချိုရောဂါသည် မီးဖွား ပြီးနောက် တဖြည်းဖြည်း သက်သာ ပျောက်ကင်းနိုင်သော်လည်း မိခင်အနေဖြင့် ဘဝနှောင်းပိုင်းတွင် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ခုနစ်ဆပိုမြင့်မားသည်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ခြင်းကြောင့် မွေးလာ သော ကလေးလည်း ကြီးမားနိုင်ကာ မွေးဖွားချိန် အခက်အခဲရှိနိုင်သည်။

ကလေး၏ ဘဝနှောင်းပိုင်းတွင် အမျိုးအစား-၂ ဆီးချိုရောဂါ နှင့် အဝလွန်ဖြစ်နိုင်သည့် အန္တရာယ်လည်း မြင့်မားသည်။

ချီကာဂိုမြို့ရှိ အီလီနိုက်စ်တက္ကသိုလ်မှ သုတေသီများက အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ အိပ်ရေးမဝဖြစ်လေ့ရှိပြီး စိတ်ဓာတ်ကျခြင်းကဲ့သို့ အခြားသော လက္ခဏာများကို အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ကြုံတွေ့ရမှု ပိုများသည်ဟုပြောသည်။

သို့သော် ကိုယ်ဝန်ဆောင်မှုနှင့် ဆက်စပ်သော ဆီးချိုရောဂါ အဖြစ်များသော်လည်း သွေးထဲရှိ သကြားဓာတ်ကို စစ်ဆေးခြင်းမှတစ်ဆင့် သိရှိနိုင်ခြင်းကလွဲပြီး လက္ခဏာပြသလေ့မရှိပေ။

အရွယ်ရောက်ပြီးသူ တစ်ဦးအနေဖြင့် အိပ်စက်ချိန် ခုနစ်နာရီရှိရန်လိုပြီး ကိုယ်ဝန်ဆောင်များသည် ယင်းထက် နာရီအနည်းငယ် ပိုအိပ်ရန်လိုသည်။

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းပြောင်းလဲမှု  ပိုများပြီး အိပ်ရေးမဝချိန်၌ ခန္ဓာကိုယ်က ဟော်မုန်းများကို ချေဖျက် မှုနည်းပါးပြီး အချိုစားချင်စိတ် ပိုများလာစေသည်။

ထို့အပြင် အိပ်ရေးပျက်ခြင်းကြောင့် အစားစားလိုစိတ် ပိုများ လာပြီး အိပ်စက်မှုနှင့် အဝလွန်ဖြစ်ခြင်း၊ ဆီးချိုရောဂါတို့ကြား ဆက် စပ်မှုရှိသည်။

READ - အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုး (၁၀) ခု

Source: 7 day daily

Read times
Rate this item
(1 Vote)