What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 October 2019 14:59

အူရီဒူးျမန္မာမွ ရွမ္းျပည္နယ္တြင္ ေနာက္ထပ္ ေဆာက္လုပ္ၿပီးစီးသြားေသာ ေက်းလက္က်န္းမာေရး စင္တာ ၂ခုကို က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးအပ္

အူရီဒူးျမန္မာမွ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕အနီးရွိ ဖါးမြန္ေက်း႐ြာ ႏွင့္ ထီဟန္ေဆြးေက်း႐ြာတို႔တြင္ ေဆာက္ေလုပ္ၿပီးစီးသြားေသာ ၁၈ခုေျမာက္ ႏွင့္ ၁၉ခုေျမာက္ ပဏာမက်န္မားေရးစင္တာ ႏွစ္ခု၏ကို အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးအပ္ပြဲအခမ္းအနားကို ၂၀၁၉ခုႏွစ္၊ ေအာက္တိုဘာလ ၂၃ရက္ေန႔က က်င္းပခဲ့ပါသည္။ 

အဆိုပါလႊဲေျပာင္းေပးအပ္ပြဲအခန္းအနားကို ရွမ္းျပည္နယ္ဆိုင္ရာ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာ၀န္ႀကီး ေဒါက္တာေအာင္သန္းေမာင္၊ ရွမ္းျပည္နယ္အတြင္းရွိ အစိုးရပိုင္းမွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ UNOPS မွာ တာဝန္ရွိပုဂၢိဳလ္မ်ား၊ အူရီဒူးျမန္မာအဖြဲ႕သားမ်ား ႏွင့္ ေဒသဆိုင္ရာ ျပည္သူလူထုတို႔ တက္ေရာက္ခဲ့ၾကပါသည္။

 

ဖါမြန္းေက်း႐ြာ ႏွင့္ ထီဟန္ေဆြးေက်း႐ြာတို႔အပါဝင္ အနီးအနားရွိ ေက်း႐ြာစုစုေပါင္း ၃၄႐ြာရွိ အိမ္ေထာင္စုေပါင္း ၂,၉၅၉ စုတြင္ ေနထိုင္ၾကေသာ လူဦးေရ ၁၄,၀၀၀နီးပါးသည္ အသစ္ေဆာက္လုပ္ၿပီးစီးသြားေသာ ပဏာမက်န္မားေရးစင္တာ ၂ခုရွိျခင္းေၾကာင္း ေကင္းမြန္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို ရရွိႏိုင္ၾကေတာ့မည္ျဖစ္ပါသည္။

 

အဆိုပါ ေက်းလက္က်န္းမာေရးစင္တာ ၂ခုစလုံးသည္ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕နားတြင္တည္ရွိပါသည္။ ယခုလြဲေျပာင္းေပးအပ္ေသာ က်န္းမာေရးစင္တာ ၂ခုအပါအဝင္ အူရီဒူးမွ ရွမ္းျပည္နယ္တြင္ ပဏာမက်န္းမာေရးစင္တာ ၄ခုကို ေဆာက္လုပ္ႏိုင္ရန္ ေငြေၾကးမတည္ကူညီေပးခဲ့ပါသည္၊။

အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္ က "အူရီဒူးျမန္မာအေနနဲ႔ ျမန္မာႏိုင္ငံမွာ ၂၀၁၄ခုႏွစ္ ဆက္သြယ္ေရး၀န္ေဆာင္မႈ ေပးအပ္ခ်ိန္မွ စတင္ၿပီး အူရီဒူးဟာ က်န္းမာေရး ႏွင့္ ပညာေရးကဏၭ ၂ရပ္ကို အဓိကထားၿပီး ျပည္သူလူထု၏ ဘ၀ကို ျပန္လည္ျမႇင့္တင္ေပးဖို႔ ရင္းႏွီးျမႇပ္ႏွံမႈေတြ ျပဳလုပ္ေပးလွ်က္ရွိပါတယ္။

 

UNOPS နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကေနတဆင့္ ျမန္မာႏိုင္ငံတစ္ဝန္းက ျပည္နယ္ နဲ႔ တိုင္းေဒသႀကီး ၉ခုအတြင္းမွာ ပဏာမက်န္မားေရးစင္တာေပါင္း ၂၂ခုကို ေဆာက္လုပ္ရန္ ေငြေၾကးပံ့ပိုးကူညီေပးခဲ့ပါတယ္။

 

ဒီပံ့ပိုးကူညီမႈကေနၿပီး ေက်းလက္ေဒသေန ျပည္သူလူထုအေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို ရရွိမွာျဖစ္တဲ့အတြက္ သူတို႔ေတြဟာ ေကာင္းမြန္တဲ့ လူေနမႈဘဝကို ရရွိႏိုင္ၾကမွာျဖစ္ပါတယ္။ အူရီဒူးရဲ႕ ပံ့ပိုးကူညီမႈဟာဆိုရင္ မ်ိဳးဆက္ေပါင္းမ်ားစြာကို အက်ိဳးရွိေစမွာျဖစ္ၿပီး ေကာင္းမြန္တဲ့ လူမႈဘဝကိုလည္း ရရွိေနထိုင္ႏိုင္မွာျဖစ္ပါတယ္။" ဟု ေျပာၾကားခဲ့ပါသည္။

 

အူရီဒူးျမန္မာမွ ကူညီပံ့ပိုးထားေသာ ပဏာမက်န္မားေရးစင္တာမ်ားသည္ ျမန္မာႏိုင္ငံအစိုးရ၏ အမ်ိဳးသားက်န္းမာေရးေစာင့္ေရွာက္မႈ စီမံခ်က္ေဆာင္႐ြက္မႈႏွင့္ အညီ ကုလသမဂၢ၏ စံခ်ိန္စံၫႊန္းအတိုင္း ေဆာက္လုပ္ထားျခင္းျဖစ္ပါသည္။

 

{Unicode}

========

အူရီဒူးမြန်မာမှ ရှမ်းပြည်နယ်တွင် နောက်ထပ် ဆောက်လုပ်ပြီးစီးသွားသော ကျေးလက်ကျန်းမာရေး စင်တာ ၂ခုကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

 

အူရီဒူးမြန်မာမှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးရှိ ဖါးမွန်ကျေးရွာ နှင့် ထီဟန်ဆွေးကျေးရွာတို့တွင် ဆောက်လေုပ်ပြီးစီးသွားသော ၁၈ခုမြောက် နှင့် ၁၉ခုမြောက် ပဏာမကျန်မားရေးစင်တာ နှစ်ခု၏ကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့က ကျင်းပခဲ့ပါသည်။

 

အဆိုပါလွှဲပြောင်းပေးအပ်ပွဲအခန်းအနားကို ရှမ်းပြည်နယ်ဆိုင်ရာ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ UNOPS မှာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အူရီဒူးမြန်မာအဖွဲ့သားများ နှင့် ဒေသဆိုင်ရာ ပြည်သူလူထုတို့ တက်ရောက်ခဲ့ကြပါသည်။

 

ဖါမွန်းကျေးရွာ နှင့် ထီဟန်ဆွေးကျေးရွာတို့အပါဝင် အနီးအနားရှိ ကျေးရွာစုစုပေါင်း ၃၄ရွာရှိ အိမ်ထောင်စုပေါင်း ၂,၉၅၉ စုတွင် နေထိုင်ကြသော လူဦးရေ ၁၄,၀၀၀နီးပါးသည် အသစ်ဆောက်လုပ်ပြီးစီးသွားသော ပဏာမကျန်မားရေးစင်တာ ၂ခုရှိခြင်းကြောင်း ကေင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်ကြတော့မည်ဖြစ်ပါသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးစင်တာ ၂ခုစလုံးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့နားတွင်တည်ရှိပါသည်။ ယခုလွဲပြောင်းပေးအပ်သော ကျန်းမာရေးစင်တာ ၂ခုအပါအဝင် အူရီဒူးမှ ရှမ်းပြည်နယ်တွင် ပဏာမကျန်းမာရေးစင်တာ ၄ခုကို ဆောက်လုပ်နိုင်ရန် ငွေကြေးမတည်ကူညီပေးခဲ့ပါသည်၊။

 

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က "အူရီဒူးမြန်မာအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၄ခုနှစ် ဆက်သွယ်ရေး၀န်ဆောင်မှု ပေးအပ်ချိန်မှ စတင်ပြီး အူရီဒူးဟာ ကျန်းမာရေး နှင့် ပညာရေးကဏ္ဌ ၂ရပ်ကို အဓိကထားပြီး ပြည်သူလူထု၏ ဘ၀ကို ပြန်လည်မြှင့်တင်ပေးဖို့ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ပေးလျှက်ရှိပါတယ်။

 

UNOPS နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် မြန်မာနိုင်ငံတစ်ဝန်းက ပြည်နယ် နဲ့ တိုင်းဒေသကြီး ၉ခုအတွင်းမှာ ပဏာမကျန်မားရေးစင်တာပေါင်း ၂၂ခုကို ဆောက်လုပ်ရန် ငွေကြေးပံ့ပိုးကူညီပေးခဲ့ပါတယ်။

 

ဒီပံ့ပိုးကူညီမှုကနေပြီး ကျေးလက်ဒေသနေ ပြည်သူလူထုအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိမှာဖြစ်တဲ့အတွက် သူတို့တွေဟာ ကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။ အူရီဒူးရဲ့ ပံ့ပိုးကူညီမှုဟာဆိုရင် မျိုးဆက်ပေါင်းများစွာကို အကျိုးရှိစေမှာဖြစ်ပြီး ကောင်းမွန်တဲ့ လူမှုဘဝကိုလည်း ရရှိနေထိုင်နိုင်မှာဖြစ်ပါတယ်။" ဟု ပြောကြားခဲ့ပါသည်။

အူရီဒူးမြန်မာမှ ကူညီပံ့ပိုးထားသော ပဏာမကျန်မားရေးစင်တာများသည် မြန်မာနိုင်ငံအစိုးရ၏ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ဆောင်ရွက်မှုနှင့် အညီ ကုလသမဂ္ဂ၏ စံချိန်စံညွှန်းအတိုင်း ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။

Read times
Rate this item
(0 votes)