What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 August 2019 11:53

ေလျဖတ္လူနာမ်ား အတြက္ အိမ္တြင္းေလ့က်င့္ခန္းမ်ား

ေလျဖတ္ၿပီးေနာက္ ကိုယ္တျခမ္းအားနည္းသြားသူေဝဒနာ႐ွင္မ်ားအတြက္ အိမ္မွာပင္အလြယ္တကူ ေလ့က်င့္ႏိုင္မယ့္ေျခေထာက္ေလ့က်င့္ခန္းမ်ားကိုတင္ျပေပးလိုက္ရပါတယ္။

ေဝဒနာ႐ွင္ကိုယ္တိုင္ ထိုင္ခံုေပၚတြင္ ထိုင္ရင္းျပဳလုပ္ႏိုင္မယ့္ေလ့က်င့္ခန္းမ်ားျဖစ္ပါတယ္။

 

(၁) Weight-bearing with Leg Crossed

ေပါင္ႏွင့္ေျခသလံုးအေနအထားကို ၉၀ဒီဂရီျဖင့္မတ္မတ္ထိုင္၍ သန္စြမ္းေသာေျခမွ မသန္ေသာေျခေပၚသို႔ ခ်ိတ္တင္ၿပီး ဒူးေနရာကိုလက္ျဖင့္ဖိေပးျခင္းႏွင့္ကိုယ္ကိုေ႐ွ႕သို႔ကိုင္းကာဖိေပးျခင္း ၊ (စကၠန္႔အနည္းငယ္ထားေပးရန္)

 

(၂) Hip external Rotator Stretch

မသန္စြမ္းေသာေျခကို ပံုမွန္ေျခေထာက္၏ဒူးေပၚသို႔မ,တင္ၿပီး ကိုယ္ေ႐ွ႕သို႔ကိုင္းကာဖိေပးရန္ (စကၠန္႔အနည္းငယ္ထားေပးရန္)

 

(၃) Ankle Dorsiflexion

ေျခက်င္းဝတ္မွေန၍ေျခခံုကိုကိုင္ၿပီး အေပၚေအာက္ေကြးဆန္႔ျပဳေပးရန္ (၁၀) ႀကိမ္ (၂) ေက်ာ့ျပဳလုပ္ရန္

 

(၄) Ankle Adduction/ Abduction

ေျခက်င္းဝတ္မွေန၍ေျခခံုကိုကိုင္ၿပီး ေဘးတိုက္ဘယ္ညာတလွည့္စီလွည့္ေပးရန္၊ (၁၀) ႀကိမ္ (၂) ေက်ာ့ျပဳလုပ္ရန္

 

(၅) Circle with Ankle

ေျခခံုကိုကိုင္ၿပီးေျခက်င္းဝတ္ကို နာရီလက္တံလွည့္သကဲ့သို စက္ဝ္ိုင္းပံုတစ္ဘက္စီလွည့္ရန္ (၁၀) ႀကိမ္စီ

 

(၆) Hip External/ Internal Rotation with Knee Bent

ေျခေထာက္ကိုေအာက္ျပန္ခ်၍ ၉၀ဒီဂရီဒူးေကြးလ်က္အေနအထားထိုင္လ်က္ႏွင့္ပင္ မသန္ေသာေျခဖဝါးေအာက္သို႔ေမြးပြပုဝါခင္းၿပီး ပုဝါကိုေဘးဘယ္ညာေျချဖင့္ေရႊ႔ေပးရန္ (သန္စြမ္းေသာလက္မွကူထိန္းေပးရန္) ( ၁၀)ႀကိမ္စီ (၂)ေက်ာ့လုပ္ရန္

 

(၇) Knee Extension/ Flexion with Towel/Magazine

ဒူးကိုထိန္းကိုင္ၿပီးပုဝါကိုေျခေထာကျ္ဖင့္ ေ႐ွ႕တိုးေနာက္ဆုတ္ေရႊ႔ေပးရန္(၁၀) ျကိမ္စီ

 

(၈) Hip Flexion with Hold

ေျခေထာက္ကိုကိုယ္လံုးေပၚဘက္သို႔ေရာက္ေအာင္ ေပါင္လည္ေနရာမွထိန္းကိုင္ၿပီးမ,တင္ေပးရန္ (၁၀) ႀကိမ္ႏွင့္ စကၠန္႔အနည္းငယ္ထိန္းထားၿပီးမွျပန္ျပန္ခ်ရန္ (၁၀)ႀကိမ္

 

(၉) Assisted Toe Raises with Opposite foot

မသန္ေသာေျခဖဝါးေအာက္သို႔ပံုမွန္ေျခခံုကို ထား႐ွိေပးၿပီးေျခမကိုမ,တင္ေပးရန္ (၁၀)ႀကိမ္

 

မိမိဘက္မွ အားအလြန္ထည့္ၿပီးေကြးဆန္႔ျခင္းမ်ိဳး မလုပ္သင့္ဘဲ လုပ္ႏိုင္သေလာက္ အႀကိမ္ေရျဖင့္သာ ေျဖးေျဖးမွန္မွန္ စတင္ျပဳလုပ္ေပးရပါမယ္။ စစခ်င္းျပဳလုပ္ခ်ိန္မွာ အေၾကာမ်ားတင္းေတာင့္ေနျခင္းေၾကာင့္ အခက္အခဲမ်ား႐ွိႏိုင္ေသာ္လည္း အခ်ိန္ယူၿပီး တျဖည္းျဖည္းခ်င္း ဇြဲ႐ွိ႐ွိျပဳလုပ္ေပးရင္း တိုးတက္မႈမ်ားရ႐ွိလာမွာျဖစ္ပါတယ္။

 

အားနည္းသြားတဲ့ ၾကြက္သားေနရာႏွင့္ ပမာဏမ်ားမွာ တစ္ဦးႏွင့္တစ္ဦး မတူညီတတ္တာမို႔ ယခုထက္ပို၍ ျပည့္စံုေသာအေထာက္အကူျပဳကိရိယာမ်ားသံုး၍ေလ့က်င့္ျခင္းမ်ားကို ျပန္လည္သန္စြမ္းမႈကုသေရးဆိုင္ရာ ဆရာဝန္ႀကီးမ်ား ၊ပညာ႐ွင္မ်ားျဖင့္အေသးစိတ္တိုင္ပင္္၍လည္း အျမန္ဆံုးသက္သာေစရန္ ကုုသမႈခံယူႏိုင္ပါတယ္။

 

Asia Royal Hospital

{Unicode}

=======

လေဖြတ်လူနာများ အတွက် အိမ်တွင်းလေ့ကျင့်ခန်းများ

လေဖြတ်ပြီးနောက် ကိုယ်တခြမ်းအားနည်းသွားသူဝေဒနာရှင်များအတွက် အိမ်မှာပင်အလွယ်တကူ လေ့ကျင့်နိုင်မယ့်ခြေထောက်လေ့ကျင့်ခန်းများကိုတင်ပြပေးလိုက်ရပါတယ်။ ဝေဒနာရှင်ကိုယ်တိုင် ထိုင်ခုံပေါ်တွင် ထိုင်ရင်းပြုလုပ်နိုင်မယ့်လေ့ကျင့်ခန်းများဖြစ်ပါတယ်။

 

(၁) Weight-bearing with Leg Crossed

ပေါင်နှင့်ခြေသလုံးအနေအထားကို ၉၀ဒီဂရီဖြင့်မတ်မတ်ထိုင်၍ သန်စွမ်းသောခြေမှ မသန်သောခြေပေါ်သို့ ချိတ်တင်ပြီး ဒူးနေရာကိုလက်ဖြင့်ဖိပေးခြင်းနှင့်ကိုယ်ကိုရှေ့သို့ကိုင်းကာဖိပေးခြင်း ၊ (စက္ကန့်အနည်းငယ်ထားပေးရန်)

 

(၂) Hip external Rotator Stretch

မသန်စွမ်းသောခြေကို ပုံမှန်ခြေထောက်၏ဒူးပေါ်သို့မ,တင်ပြီး ကိုယ်ရှေ့သို့ကိုင်းကာဖိပေးရန် (စက္ကန့်အနည်းငယ်ထားပေးရန်)

 

(၃) Ankle Dorsiflexion

ခြေကျင်းဝတ်မှနေ၍ခြေခုံကိုကိုင်ပြီး အပေါ်အောက်ကွေးဆန့်ပြုပေးရန် (၁၀) ကြိမ် (၂) ကျော့ပြုလုပ်ရန်

 

(၄) Ankle Adduction/ Abduction

ခြေကျင်းဝတ်မှနေ၍ခြေခုံကိုကိုင်ပြီး ဘေးတိုက်ဘယ်ညာတလှည့်စီလှည့်ပေးရန်၊ (၁၀) ကြိမ် (၂) ကျော့ပြုလုပ်ရန်

 

(၅) Circle with Ankle

ခြေခုံကိုကိုင်ပြီးခြေကျင်းဝတ်ကို နာရီလက်တံလှည့်သကဲ့သို စက်ဝိုင်းပုံတစ်ဘက်စီလှည့်ရန် (၁၀) ကြိမ်စီ

 

(၆) Hip External/ Internal Rotation with Knee Bent

ခြေထောက်ကိုအောက်ပြန်ချ၍ ၉၀ဒီဂရီဒူးကွေးလျက်အနေအထားထိုင်လျက်နှင့်ပင် မသန်သောခြေဖဝါးအောက်သို့မွေးပွပုဝါခင်းပြီး ပုဝါကိုဘေးဘယ်ညာခြေဖြင့်ရွှေ့ပေးရန် (သန်စွမ်းသောလက်မှကူထိန်းပေးရန်) ( ၁၀)ကြိမ်စီ (၂)ကျော့လုပ်ရန်

 

(၇) Knee Extension/ Flexion with Towel/Magazine

ဒူးကိုထိန်းကိုင်ပြီးပုဝါကိုခြေထောြက်ဖင့် ရှေ့တိုးနောက်ဆုတ်ရွှေ့ပေးရန်(၁၀) ကြိမ်စီ

 

(၈) Hip Flexion with Hold

ခြေထောက်ကိုကိုယ်လုံးပေါ်ဘက်သို့ရောက်အောင် ပေါင်လည်နေရာမှထိန်းကိုင်ပြီးမ,တင်ပေးရန် (၁၀) ကြိမ်နှင့် စက္ကန့်အနည်းငယ်ထိန်းထားပြီးမှပြန်ပြန်ချရန် (၁၀)ကြိမ်

 

(၉) Assisted Toe Raises with Opposite foot

မသန်သောခြေဖဝါးအောက်သို့ပုံမှန်ခြေခုံကို ထားရှိပေးပြီးခြေမကိုမ,တင်ပေးရန် (၁၀)ကြိမ်

 

မိမိဘက်မှ အားအလွန်ထည့်ပြီးကွေးဆန့်ခြင်းမျိုး မလုပ်သင့်ဘဲ လုပ်နိုင်သလောက် အကြိမ်ရေဖြင့်သာ ဖြေးဖြေးမှန်မှန် စတင်ပြုလုပ်ပေးရပါမယ်။ စစချင်းပြုလုပ်ချိန်မှာ အကြောများတင်းတောင့်နေခြင်းကြောင့် အခက်အခဲများရှိနိုင်သော်လည်း အချိန်ယူပြီး တဖြည်းဖြည်းချင်း ဇွဲရှိရှိပြုလုပ်ပေးရင်း တိုးတက်မှုများရရှိလာမှာဖြစ်ပါတယ်။

 

အားနည်းသွားတဲ့ ကြွက်သားနေရာနှင့် ပမာဏများမှာ တစ်ဦးနှင့်တစ်ဦး မတူညီတတ်တာမို့ ယခုထက်ပို၍ ပြည့်စုံသောအထောက်အကူပြုကိရိယာများသုံး၍လေ့ကျင့်ခြင်းများကို ပြန်လည်သန်စွမ်းမှုကုသရေးဆိုင်ရာ ဆရာဝန်ကြီးများ ၊ပညာရှင်များဖြင့်အသေးစိတ်တိုင်ပင်၍လည်း အမြန်ဆုံးသက်သာစေရန် ကုသမှုခံယူနိုင်ပါတယ်။

 

Asia Royal Hospital

Read times Last modified on Saturday, 28 December 2019 15:25
Rate this item
(2 votes)