What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 October 2019 16:04

လက္ အဆစ္ေရာင္ျခင္းကို ကုသေပးႏိုင္ေသာ ေလ့က်င့္ခန္းမ်ား

လက္လႈပ္ရွားမႈ အားေကာင္းေစဖို႔၊ သန္မာေစဖို႔နဲ႕ နာက်င္ကိုက္ခဲျခင္းတို႔အတြက္လက္ေလ့က်င့္ခန္းေတြလုပ္ေပးနိုင္ပါတယ္။

လက္သီးဆုပ္ ေလ့က်င့္ခန္း

လြယ္ကူတဲ့ေလ့က်င့္ခန္းတစ္ခုျဖစ္ေပမယ့္လက္ေရာင္ရမ္းေတာင့္တင္းၿပီး နာက်င္ေနခ်ိန္မွာလက္သီးေလး ဆုပ္တာကေတာင္မွခက္ခဲနိုင္ပါတယ္။လက္သီးကိုဆုပ္လိုက္၊ျဖန႔္လိုက္လုပ္ၾကည့္ပါ။တစ္ႀကိမ္ထက္တစ္ႀကိမ္ပိုၿပီးတင္းတင္းဆုပ္ပါ။

 

လက္ေခ်ာင္းေကြးျခင္း

လက္ကိုက်ယ္က်ယ္ျဖန႔္ထားၿပီးတစ္ႀကိမ္ကိုလက္တစ္ေခ်ာင္းေကြးပါ။စကၠန႔္ အနည္းငယ္ထားၿပီးျပန္ဆန႔္ပါ။

 

လက္မ ေကြးျခင္း

လက္မကိုစကၠန႔္အနည္းငယ္ ေကြးထားပါ။ ၿပီးမွျပန္ဆန႔္ပါ။ေကြးလိုက္ဆန႔္လိုက္လုပ္ေပးပါ။

 

‘ O ‘ ပုံစံလုပ္ပါ။

လက္ျဖန႔္ထားပါ။လက္ေခ်ာင္းမ်ားႏွင့္ လက္ကိုေကြးၿပီး ‘ O ‘ ပုံစံ ရေအာင္လုပ္ပါ။ခဏထားၿပီးျပန္ဆန႔္ပါ။ထပ္ခါ ထပ္ခါလုပ္ပါ။

 

လက္သန္းကို ေအာက္ဘက္မွာထားၿပီး စားပြဲေပၚတြင္ လက္ဝါးကိုေဘးတိုက္ တင္ထားပါ။လက္မကိုအေပၚေထာင္ ထားပါ။လက္မကို အေပၚေထာင္လ်က္ထားၿပီး က်န္လက္ေခ်ာင္းမ်ားကို အတြင္းဘက္သို႔ ေကြးၿပီး L ပုံစံ ျဖစ္ပါေစ။ဒီပုံစံအတိုင္းစကၠန႔္ အနည္းငယ္ ထားၿပီးမွလက္ေခ်ာင္းမ်ားကို ျပန္ေျဖေလ်ာ့ပါ။ဒီအတိုင္းထပ္လုပ္ပါ။

 

လက္ေခ်ာင္းပင့္တင္ျခင္း

စားပြဲေပၚ လက္ကိုေမွာက္ၿပီး တင္ထားပါ။ လက္မမွစၿပီးလက္ေခ်ာင္းတစ္ေခ်ာင္းစီကို တစ္ႀကိမ္လွ်င္ တစ္ေခ်ာင္းစီ စားပြဲေပၚမွႂကြေအာင္မတင္ပါ။စကၠန႔္ အနည္းငယ္ထားၿပီမွ ျပန္ခ်ပါ။

 

လက္ေကာက္ဝတ္ ေလ့က်င့္ခန္း

လက္ကိုေမွာက္လ်က္ ေရွ႕ဆန႔္ထုတ္ပါ။ လက္ေကာက္ဝတ္ကိုေအာက္ကို ေကြးခ်ပါ။ပိုတင္းေစလိုပါက က်န္လက္တစ္ဖက္ျဖင့္လက္ေကာက္ဝတ္ကိုဖိခ်ေပးပါ။

 

Dr. Mya Myo Myo Swe

{Unicode}

======

လက် အဆစ်ရောင်ခြင်းကို ကုသပေးနိုင်သော လေ့ကျင့်ခန်းများ

 

လက်လှုပ်ရှားမှု အားကောင်းစေဖို့၊ သန်မာစေဖို့နဲ့ နာကျင်ကိုက်ခဲခြင်းတို့အတွက်လက်လေ့ကျင့်ခန်းတွေလုပ်ပေးနိုင်ပါတယ်။

 

လက်သီးဆုပ် လေ့ကျင့်ခန်း

လွယ်ကူတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမယ့်လက်ရောင်ရမ်းတောင့်တင်းပြီး နာကျင်နေချိန်မှာလက်သီးလေး ဆုပ်တာကတောင်မှခက်ခဲနိုင်ပါတယ်။လက်သီးကိုဆုပ်လိုက်၊ဖြန့်လိုက်လုပ်ကြည့်ပါ။တစ်ကြိမ်ထက်တစ်ကြိမ်ပိုပြီးတင်းတင်းဆုပ်ပါ။

 

လက်ချောင်းကွေးခြင်း

လက်ကိုကျယ်ကျယ်ဖြန့်ထားပြီးတစ်ကြိမ်ကိုလက်တစ်ချောင်းကွေးပါ။စက္ကန့် အနည်းငယ်ထားပြီးပြန်ဆန့်ပါ။

 

လက်မ ကွေးခြင်း

လက်မကိုစက္ကန့်အနည်းငယ် ကွေးထားပါ။ ပြီးမှပြန်ဆန့်ပါ။ကွေးလိုက်ဆန့်လိုက်လုပ်ပေးပါ။

 

‘ O ‘ ပုံစံလုပ်ပါ။

လက်ဖြန့်ထားပါ။လက်ချောင်းများနှင့် လက်ကိုကွေးပြီး ‘ O ‘ ပုံစံ ရအောင်လုပ်ပါ။ခဏထားပြီးပြန်ဆန့်ပါ။ထပ်ခါ ထပ်ခါလုပ်ပါ။

 

လက်သန်းကို အောက်ဘက်မှာထားပြီး စားပွဲပေါ်တွင် လက်ဝါးကိုဘေးတိုက် တင်ထားပါ။လက်မကိုအပေါ်ထောင် ထားပါ။လက်မကို အပေါ်ထောင်လျက်ထားပြီး ကျန်လက်ချောင်းများကို အတွင်းဘက်သို့ ကွေးပြီး L ပုံစံ ဖြစ်ပါစေ။ဒီပုံစံအတိုင်းစက္ကန့် အနည်းငယ် ထားပြီးမှလက်ချောင်းများကို ပြန်ဖြေလျော့ပါ။ဒီအတိုင်းထပ်လုပ်ပါ။

 

လက်ချောင်းပင့်တင်ခြင်း

စားပွဲပေါ် လက်ကိုမှောက်ပြီး တင်ထားပါ။ လက်မမှစပြီးလက်ချောင်းတစ်ချောင်းစီကို တစ်ကြိမ်လျှင် တစ်ချောင်းစီ စားပွဲပေါ်မှကြွအောင်မတင်ပါ။စက္ကန့် အနည်းငယ်ထားပြီမှ ပြန်ချပါ။

 

လက်ကောက်ဝတ် လေ့ကျင့်ခန်း

လက်ကိုမှောက်လျက် ရှေ့ဆန့်ထုတ်ပါ။ လက်ကောက်ဝတ်ကိုအောက်ကို ကွေးချပါ။ပိုတင်းစေလိုပါက ကျန်လက်တစ်ဖက်ဖြင့်လက်ကောက်ဝတ်ကိုဖိချပေးပါ။

Read times Last modified on Monday, 28 October 2019 19:34
Rate this item
(0 votes)