What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 02 October 2017 14:39

ဂ်င္းစားသံုးျခင္းကိုေရွာင္က်ဥ္သင့္သူမ်ား(Zaw Gyi-Unicode)

ဂ်င္းစားသံုးျခင္းကိုေရွာင္က်ဥ္သင့္သူမ်ား(Zaw Gyi-Unicode) Google

သဘာဝတရားႀကီးက လူသားေတြအတြက္ က်န္းမာေရးဆိုင္ရာ အံ့မခန္းဖြယ္ အက်ိဳးေက်းဇူးေတြေပးထားပါတယ္။

 

ဂ်င္းကလည္း သဘာဝကေပးတဲ့အေကာင္းဆံုးေသာ ေဆးစြမ္းတစ္လက္ပါ။

အရာရာတိုင္းက တန္ေဆးလြန္ေဘးဆိုသလိုပဲ ေဆးဖက္ဝင္တယ္ဆိုလည္း အတိုင္းအဆမရွိစားသံုးတာမ်ိဳး မျဖစ္သင့္ပါဘူး။

မိမိရဲ႕ က်န္းမာေရးအေျခအေန ေတြအေပၚမွာမူတည္ၿပီး အတိုင္းအခ်င့္နဲ႔စားသံုးသင့္ပါတယ္။

ဂ်င္းက က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတယ္ဆိုေပမဲ့ လူတိုင္းအတြက္ ေကာင္းလွတယ္ေတာ့မဟုတ္ပါဘူး။

ေအာက္ေဖာ္ျပပါ ေဝဒနာရွင္ေတြအေနနဲ႔ ဂ်င္းစားသံုးမႈကိုလံုးဝေရွာင္ ၾကဥ္တာမ်ိဳးျဖစ္ျဖစ္ ဒါမွမဟုတ္ အတိုင္းအခ်င့္နဲ႔ စားသံုးတာမ်ိဳးျဖစ္ျဖစ္လုပ္ေဆာင္သင့္ပါတယ္။

(၁) ေသြးခဲေဆးေသာက္သံုးေနရသူေတြ

ဂ်င္းကေသြးကို က်ဲေစႏိုုင္စြမ္းရွိတာေၾကာင့္ ေသြးမတိတ္တဲ့ေဝဒနာရွိတာေၾကာင့္ ေသြးခဲ ေဆးေသာက္သံုးမွီဝဲေနရ သူေတြအေနနဲ႔ ဂ်င္းစားသံုးမယ္ဆိုရင္ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

အခ်ိဳ႕ေသာျဖစ္ရပ္ေတြမွာ ဂ်င္းကေဆးအာနိသင္ကို ေလ်ာ့ပါးေစႏိုင္တာေၾကာင့္ ဂ်င္းစားသံုးတဲ့အခါ ဆရာဝန္နဲ႔တိုင္ပင္ၿပီးမွသာ စားသံုးသင့္ပါတယ္။

(၂) ဆီးခ်ိဳေဆး မွီဝဲေနရသူေတြ

ဂ်င္းက ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစႏိုင္စြမ္းရွိေပမဲ့ မက္ေဖာ္မင္နဲ႔အင္ဆူလင္လိုမ်ိဳး ဆီးခ်ိဳေဆးေသာက္သံုးေနရသူေတြအေနနဲ႔ ေဆးအာနိသင္ကိုေလ်ာ့ပါးေစႏိုင္တာေၾကာင့္ ဂ်င္းမစားသံုးသင့္ပါဘူး။
ဆရာဝန္နဲ႔တိုင္ပင္ၿပီးသင့္ေတာ္တဲ့ အတိုင္းအတာေလာက္ပဲစားသံုးသင့္ပါတယ္။

ေသြးခ်ိဳတအားက်ဆင္းသြားႏုုိင္တာေၾကာင့္လည္း ဂ်င္းစားသံုးမႈကိုေရွာင္ၾကဥ္သင့္တာျဖစ္ပါတယ္။

(၃)ေသြးက်ေဆးေသာက္ေနရသူေတြ

ေသြးတိုးက်ေစဖို႔အတြက္ ေသာက္သံုးရတဲ့ေဆးေတြကို မွီဝဲေနရသူေတြအေနနဲ႔လည္း ဂ်င္းကိုမစားသံုးသင့္ပါဘူး။

ဂ်င္းကေသြးတိုးက်ေဆးအခ်ိဳ႕နဲ႔ ဓာတ္ျပဳႏိုုင္တာေၾကာင့္ ျဖစ္ပါတယ္။

ဂ်င္းနဲ႔ ေသြးတိုးက်ေဆးတို႔ ဓာတ္ျပဳတဲ့အခါ ႏွလံုးခုန္ႏႈန္းနဲ႔ ေသြးဖိအားကို အႏၱရာယ္ရွိတဲ့ အေျခအေနေလာက္အထိက်ဆင္းေစတာမ်ိဳး ျဖစ္ေပၚေစပါတယ္။

ေနာက္ဆက္တြဲေဝဒနာေတြ ကိုေတာင္ျဖစ္ေပၚေစႏိုင္ပါတယ္။

ႏွလံုးခုန္မမွန္တာမ်ိဳးလည္း ျဖစ္ေပၚခံစားရႏိုင္ပါတယ္။

ေသြးက်ေဆးေသာက္ေနရသူေတြအေနနဲ႔ ဂ်င္းမစားခင္ ဆရာဝန္နဲ႔အရင္တိုင္ပင္ပါ။

ဆရာဝန္ညႊန္ၾကားတဲ့အတိုင္း စားသံုးေပးပါ။

(၄)သည္းေျခေက်ာက္တည္ေနသူေတြ

သည္းေျခေက်ာက္တည္မႈကို ခံစားရႏိုုင္ေျခရွိသူေတြအေနနဲ႔ ဂ်င္းစားသံုးမယ္ဆိုပါက ေရာဂါအေျခအေနက ပိုမိုဆိုးရြားသြားႏုုိင္ပါတယ္။

သည္းေျခအိတ္မွာ သည္းေျခေက်ာက္တည္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။

သည္းေျခေက်ာက္ေတြက သည္းေျချပြန္တစ္ေလွ်ာက္ စီးပါသြားရင္း သည္းေျခရည္ေတြကို အသည္းဆီကိုေရာက္ရွိသြားေစႏိုင္ပါတယ္။

ခ်င္းက သည္းေျခရည္ထုတ္ လႊတ္မႈကိုတိုးေစႏိုင္ပါတယ္။

သည္အေျခအေနက သည္းေျခေက်ာက္ပိတ္ဆို႔မႈကိုျဖစ္ေပၚေစၿပီးဆိုးရြားလွတဲ့ နာမက်န္းျဖစ္မႈကိုျဖစ္ေပၚေစႏိုုင္ပါတယ္။

သည္းေျခရည္မ်ားလြန္းတာက သည္းေျခေက်ာက္ျဖစ္ႏိုင္ေျခကို တိုးေစႏိုင္တာေၾကာင့္ သည္းေျခေက်ာက္တည္ႏိုင္ေျခရွိသူေတြအေနနဲ႔ ဂ်င္းမစား သံုးသင့္ပါဘူး။

စားမယ္ဆိုပါက ဆရာဝန္ နဲ႔ အရင္တိုင္ပင္သင့္ပါတယ္။


(၅) ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား

ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ခ်င္းမစားသံုုးသင့္ပါဘူး။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ဂ်င္းစားသံုးသင့္သလားဆိုတာကို ေသေသခ်ာခ်ာသိရတာမ်ိဳးမရွိေပမဲ့ ဆိုးက်ိဳးျဖစ္ႏိုင္သလားဆိုတာကိုလည္း ေရေရရာရာမသိရေသးပါဘူး။

ေလ့လာမႈေတာ္ေတာ္မ်ားမ်ားမွာေတာ့ ဂ်င္းစားသံုးတာက သေႏၶသားရဲ႕ လိင္ပိုင္းဆိုင္ရာေဟာ္မုန္းကို ထိခိုက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

ဂ်င္းက ေသြးထြက္မႈကိုမ်ားေစႏိုင္တာေၾကာင့္ မီးဖြားမယ့္ရက္နီးတဲ့အခါ မစားသံုးသင့္ပါဘူး။

ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ဂ်င္းစားသံုးမယ္ဆိုပါက ဆရာဝန္ေတြနဲ႔ အရင္တိုင္ပင္သင့္ပါတယ္။

 

Source : Kumudra

 

Unicode Version

 

သဘာဝတရားကြီးက လူသားတွေအတွက် ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ် အကျိုးကျေးဇူးတွေပေးထားပါတယ်။

ဂျင်းကလည်း သဘာဝကပေးတဲ့အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါ။

အရာရာတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပဲ ဆေးဖက်ဝင်တယ်ဆိုလည်း အတိုင်းအဆမရှိစားသုံးတာမျိုး မဖြစ်သင့်ပါဘူး။

မိမိရဲ့ ကျန်းမာရေးအခြေအနေ တွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။

ဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှတယ်တော့မဟုတ်ပါဘူး။

အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ဂျင်းစားသုံးမှုကိုလုံးဝရှောင် ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်သင့်ပါတယ်။

(၁) သွေးခဲဆေးသောက်သုံးနေရသူတွေ

ဂျင်းကသွေးကို ကျဲစေနိုုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ဝေဒနာရှိတာကြောင့် သွေးခဲ ဆေးသောက်သုံးမှီဝဲနေရ သူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အချို့သောဖြစ်ရပ်တွေမှာ ဂျင်းကဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ဂျင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

(၂) ဆီးချိုဆေး မှီဝဲနေရသူတွေ

ဂျင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမဲ့ မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကိုလျော့ပါးစေနိုင်တာကြောင့် ဂျင်းမစားသုံးသင့်ပါဘူး။
ဆရာဝန်နဲ့တိုင်ပင်ပြီးသင့်တော်တဲ့ အတိုင်းအတာလောက်ပဲစားသုံးသင့်ပါတယ်။
သွေးချိုတအားကျဆင်းသွားနုုိင်တာကြောင့်လည်း ဂျင်းစားသုံးမှုကိုရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။

(၃)သွေးကျဆေးသောက်နေရသူတွေ

သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေးတွေကို မှီဝဲနေရသူတွေအနေနဲ့လည်း ဂျင်းကိုမစားသုံးသင့်ပါဘူး။

ဂျင်းကသွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုုင်တာကြောင့် ဖြစ်ပါတယ်။

ဂျင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။

နောက်ဆက်တွဲဝေဒနာတွေ ကိုတောင်ဖြစ်ပေါ်စေနိုင်ပါတယ်။

နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

သွေးကျဆေးသောက်နေရသူတွေအနေနဲ့ ဂျင်းမစားခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားသုံးပေးပါ။

(၄)သည်းခြေကျောက်တည်နေသူတွေ

သည်းခြေကျောက်တည်မှုကို ခံစားရနိုုင်ခြေရှိသူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနုုိင်ပါတယ်။

သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်။

သည်းခြေကျောက်တွေက သည်းခြေပြွန်တစ်လျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကိုရောက်ရှိသွားစေနိုင်ပါတယ်။

ချင်းက သည်းခြေရည်ထုတ် လွှတ်မှုကိုတိုးစေနိုင်ပါတယ်။

သည်အခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကိုဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေနိုုင်ပါတယ်။
သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းမစား သုံးသင့်ပါဘူး။
စားမယ်ဆိုပါက ဆရာဝန် နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

(၅) ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုုံးသင့်ပါဘူး။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဂျင်းစားသုံးသင့်သလားဆိုတာကို သေသေချာချာသိရတာမျိုးမရှိပေမဲ့ ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာမသိရသေးပါဘူး။

လေ့လာမှုတော်တော်များများမှာတော့ ဂျင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဂျင်းက သွေးထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။ 

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုပါက ဆရာဝန်တွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။

Read times Last modified on Monday, 02 October 2017 14:46
Rate this item
(0 votes)