What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 October 2019 16:54

အႏၱရာယ္ရွိ​တဲ့ ဇက္​ ၊ ခါး ခ်ိဳးျခင္​း အေၾကာင္း

ဂြၽတ္ခနဲ႔ဂြၽတ္ခနဲဇက္ခ်ိဳးရတာဟာလည္း ဘာမွန္းမသိတဲ့ အရသာ တစ္ခုပဲေနာ္။

ဒီလိုဇက္ခ်ိဳးတာဟာဘာအႏၱရာယ္ေတြမ်ား ရွိေနမလဲ?ၾကည့္ၾကည့္ၾကရေအာင္ေနာ္။ လူအမ်ားစုဟာလက္ဆစ္ခ်ိဳး၊လက္ေခ်ာင္း၊ ေျခေခ်ာင္းေတြခ်ိဳး၊ခါးခ်ိဳးတတ္ၾကတဲ့အျပင္ ဇက္ခ်ိဳးတတ္တဲ့လူေတြေတာင္ရွိပါေသးတယ္။ တစ္ခါတေလလည္ပင္းေတြ၊ပုခံုးေတြ ေတာင့္တင္းလာၿပီလို႔ခံစားရလို႔လည္းျဖစ္နိုင္သလို တစ္ခါတေလက်ေတာ့လည္းအက်င့္ပါေနလို႔ ခ်ိဳးခ်ိဳးေနတတ္တာျဖစ္တတ္ပါတယ္။

 

ဇက္ခ်ိဳးတာတကယ္အေၾကာေျပ အက်ိဳးေရာရွိရဲ႕လား? ျဖည္းျဖည္းသာသာခ်ိဳးမယ္၊ရံဖန္ရံခါသာခ်ိဳးမယ္၊နည္းမွန္လမ္းမွန္ခ်ိဳးမယ္ဆိုရင္ ဘာမွမျဖစ္တတ္ေပမယ့္မၾကာမၾကာခ်ိဳးတာ၊ အားျပင္းတာ၊နည္းမမွန္တာမ်ိဳးဆိုရင္ေတာ့ မခ်ိဳးခင္ကထက္ကိုပိုၿပီးနာက်င္ေစပါလိမ့္မယ္။

 

တစ္ဂြၽတ္ဂြၽတ္နဲ႔ ဘာလို႔ျမည္တာလဲ?

အဆစ္ ေတြကိုခ်ိဳးလိုက္တဲ့အခါ အဆစ္နားမွာရွိတဲ့အဆစ္ဖံုးတင္းသြားပါတယ္။ ဒီလိုအဆစ္ဖံုးတင္းသြားတဲ့အတြက္အဆစ္အေပၚအဆစ္ဖံုးအတြင္းရွိအရည္ေတြရဲ႕ဖိအား ေလ်ာ့သြားပါတယ္။ ဒီလိုဖိအားေလ်ာ့သြားခ်ိန္မွာအရည္ေတြကေန ပူစီေဖာင္းေတြအျဖစ္ကို ေျပာင္းလဲသြားၿပီးပူစီေဖာင္းေပါက္တဲ့ ေဖာက္ခနဲအသံထြက္ လာတာပါ။ နာတာက်င္တာမ်ိဳး မရွိတတ္ပါဘူး။ လည္ပင္းခ်ိဳးတဲ့အခါမွာလည္းဒီလိုပဲေပါ့။ လည္ပင္းဆစ္ရဲ႕တစ္ဖက္တစ္ခ်က္စီမွာ တြယ္ဆက္အဆစ္ကေလးေတြမ်ားႀကီး ရွိေနပါတယ္။ဒီအဆစ္ေတြထဲကအရည္ေတြပူစီေဖာင္းအျဖစ္ေျပာင္း ေပါက္ထြက္ၿပီး ေဖာက္ခနဲျမည္တဲ့အခါသက္သာသြားသလို ခံစားရတာပါ။

 

ဒါဆို ဇက္ခ်ိဳးတာ အက်ိဳးရွိရဲ႕လား?

ခါး႐ိုးနဲ႔အေၾကာအဆစ္ ျပဳျပင္အထူးကုဆရာဝန္ကိုယ္ႏႈိက္ကျပဳျပင္ဇက္ခ်ိဳးေပးတာမ်ိဳးကေတာ့ဦးေႏွာက္နဲ႔ အာ႐ံုေၾကာအတြက္အက်ိဳးရွိတာေပါ့။ဖိအားေလ်ာ့သြားေစၿပီးအဆစ္လြဲေနတာေတြကိုျပဳျပင္ေပးႏိုင္ပါတယ္။ တစ္ခါတေလက်ေတာ့ဘာဖိအားမွလည္းမေလ်ာ့၊အဆစ္လည္း္မျပဳျပင္ရဘဲဂြၽတ္ခနဲ ၾကားလိုက္ရတာနဲ႔တင္စိတ္သက္သာရာရသြားတတ္ၾကပါတယ္။ ဒါ့အျပင္​ဇက္ခ်ိဳးတဲ့အခါလည္ပင္းအဆစ္နားတစ္ဝိုက္မွာendrophinလို႔ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳး ထြက္လာပါတယ္။Endorphinဆိုတာ pituitary လို႔ေခၚတဲ့ ေဟာ္မုန္းထုတ္ဂလင္းကေနထုတ္လိုက္တဲ့နာတာက်င္တာသက္သာေစနိုင္တဲ့ ေဟာ္မုန္းတစ္မ်ိဳးပါ။ဒါေၾကာင့္လည္းနည္းနည္းသက္သာသြားသလို ခံစားရတာျဖစ္နိုင္ပါတယ္။

 

ဇက္ခ်ိဳးတာ ဘယ္ေလာက္ထိ အႏၱရာယ္မ်ားလဲ?

မွန္မွန္ကန္ကန္မခ်ိဳးမိရင္၊မၾကာမၾကာခ်ိဳးမိရင္ ဇက္ခ်ိဳးတာကလည္းနာက်င္တတ္ပါတယ္။ဇက္ခ်ိဳးတာအားျပင္းသြားရင္လည္ပင္းမွာရွိတဲ့အာ႐ံုေၾကာေတြညပ္သြားတတ္ပါတယ္။ အာ႐ံုေၾကာသာညပ္သြားခဲ့ရင္အလူးအလဲ နာက်င္တတ္ၿပီးလည္ပင္းေတာင္လႈပ္လို႔မရ ျဖစ္တတ္ပါတယ္။ အာ႐ံုေၾကာမညပ္ရင္ေတာင္အဆစ္နားတစ္ဝိုက္ရွိတဲ့ျကြက္သားေတြနဲ႔အဆစ္ကိုယ္ႏႈိက္ကိုဒဏ္ျဖစ္တတ္ပါတယ္။ဒဏ္ျဖစ္သြားခဲ့ရင္လည္ပင္းလႈပ္ရွားတိုင္း နာေနမွာေပါ့။

 

လည္ပင္းကိုအလႈပ္မ်ားခဲ့ရင္ဇက္ ခဏခဏ ခ်ိဳးခ်င္စိတ္ျဖစ္လာမွာပါ။ဒီလိုဇက္ခဏခဏ အခ်ိဳးမ်ားလာတဲ့အခါအဆစ္နားတစ္ဝိုက္ရွိ အရြတ္ေတြတျဖည္းျဖည္းရွည္လာတတ္ပါတယ္။ဒီလိုျဖစ္လာတဲ့လည္ပင္းဆစ္ဟာ အ႐ိုးက်ီးေပါင္းျဖစ္ဖို႔အခြင့္အလမ္းပိုမ်ားလာေတာ့တာေပါ့။ ေနာက္တစ္ခ်က္ကလည္ပင္းမွာ ေသြးေၾကာေလးေတြအမ်ားႀကီး ေျပးေနပါတယ္။တစ္ခါတစ္ေလဇက္ခ်ိဳးတာအားျပင္းသြားရင္၊အႀကိမ္ေရမ်ားသြားရင္ဒီေသြးေၾကာေလးေတြတစ္ေၾကာေၾကာ ေပါက္ထြက္သြားၿပီး ေသြးခဲျဖစ္သြားတတ္ပါတယ္။ဒီေသြးခဲက ဦးေႏွာက္ေသြးေၾကာကိုသြားပိတ္ဆို႔ႏိုင္လို႔ အႏၱရာယ္အလြန္မ်ားပါတယ္ေနာ္။

 

ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ျပဖို႔လိုမလဲ?

ပံုမွန္ဇက္ခ်ိဳးတတ္ၿပီးနာတာက်င္တာဘာတစ္ခုမွမရွိဘူးဆိုရင္မလိုအပ္ဘူးေပါ့။မၾကာမၾကာ ဇက္ခ်ိဳးေပမယ့္လည္းအေၾကာမေျပဘူးဆိုရင္ေတာ့လည္ပင္းေက်ာ႐ိုးဆစ္ကို ျပန္လည္တည့္မတ္ဖို႔လိုေနနိုင္ပါတယ္။ဒီလိုတည့္မတ္ေပးျခင္းျဖင့္ခဏခဏဇက္ခ်ိဳးခ်င္တာေတြ ေပ်ာက္သြားမွာပါ။ လည္ပင္းနားတစ္ဝိုက္ ေရာင္လာရင္(အရည္ေတြစုပံုလာတာ၊ဒဏ္ရာရတာ၊ပိုးဝင္တာ တစ္ခုခု ျဖစ္နိုင္ပါတယ္။)

 

လည္ပင္းဆစ္နားနာက်င္လာရင္၊အထူးသျဖင့္ အေၾကာင္းရင္း ေထြေထြထူးထူးမရွိဘဲ နာတာရွည္နာက်င္ေနမယ္ဆိုရင္ အသက္ေၾကာင့္ပဲျဖစ္ျဖစ္၊အ႐ိုးက်ီးေပါင္းေၾကာင့္ပဲျဖစ္ျဖစ္အဆစ္ေတြလႈပ္ရွားရခက္ လာရင္ဆရာဝန္နဲ႔ျပဖို႔ လိုႏိုင္ပါတယ္။ လည္ပင္းအဆစ္ကို ျပန္လည္တည့္မတ္ေပးတာမ်ိဳး၊ ေလ့က်င့္ခန္းလုပ္၊ဝိတ္ေလွ်ာ့စသျဖင့္ လူေနမႈပံုစံေျပာင္းလဲဖို႔အႀကံေပးတာမ်ိဳး၊နာတာ က်င္တာ ေရာင္တာသက္သာဖို႔အပူအေအးကပ္ေစတာမ်ိဳးစသျဖင့္ကုသအႀကံေပးတာမ်ိဳးေတြ ျပဳလုပ္နိုင္ပါတယ္။


ေနာက္ဆံုးေျပာခ်င္တာက – နည္းမွန္လမ္းမွန္နဲ႔ရံဖန္ရံခါဇက္ခ်ိဳးတာမ်ိဳးကဖိအားကိုေလ် ာ့ေစၿပီး​ေနထိုင္ေကာင္းေစႏိုင္ပါတယ္။ဒါေပမဲ့ ေတာက္ေလွ်ာက္​ဖိအားမ်ားေနမယ္၊နာေနမယ္ဆိုရင္ေတာ့ဆရာဝန္နဲ႔ ျပၾကည့္ဖို႔လိုႏိုင္ပါတယ္။

 

Drmyanmar

 

{Unicode}

======

အန္တရာယ်ရှိတဲ့ ဇက် ၊ ခါး ချိုးခြင်း အကြောင်း

 

ဂျွတ်ခနဲ့ဂျွတ်ခနဲဇက်ချိုးရတာဟာလည်းဘာမှန်းမသိတဲ့အရသာတစ်ခုပဲနော်။ဒီလိုဇက်ချိုးတာဟာဘာအန္တရာယ်တွေများ ရှိနေမလဲ?ကြည့်ကြည့်ကြရအောင်နော်။ လူအများစုဟာလက်ဆစ်ချိုး၊လက်ချောင်း၊ ခြေချောင်းတွေချိုး၊ခါးချိုးတတ်ကြတဲ့အပြင် ဇက်ချိုးတတ်တဲ့လူတွေတောင်ရှိပါသေးတယ်။ တစ်ခါတလေလည်ပင်းတွေ၊ပုခုံးတွေ တောင့်တင်းလာပြီလို့ခံစားရလို့လည်းဖြစ်နိုင်သလို တစ်ခါတလေကျတော့လည်းအကျင့်ပါနေလို့ ချိုးချိုးနေတတ်တာဖြစ်တတ်ပါတယ်။

 

ဇက်ချိုးတာတကယ်အကြောပြေ အကျိုးရောရှိရဲ့လား? ဖြည်းဖြည်းသာသာချိုးမယ်၊ရံဖန်ရံခါသာချိုးမယ်၊နည်းမှန်လမ်းမှန်ချိုးမယ်ဆိုရင် ဘာမှမဖြစ်တတ်ပေမယ့်မကြာမကြာချိုးတာ၊ အားပြင်းတာ၊နည်းမမှန်တာမျိုးဆိုရင်တော့ မချိုးခင်ကထက်ကိုပိုပြီးနာကျင်စေပါလိမ့်မယ်။

 

တစ်ဂျွတ်ဂျွတ်နဲ့ ဘာလို့မြည်တာလဲ?

အဆစ်တွေကိုချိုးလိုက်တဲ့အခါအဆစ်နားမှာရှိတဲ့အဆစ်ဖုံးတင်းသွားပါတယ်။ဒီလိုအဆစ်ဖုံးတင်းသွားတဲ့အတွက်အဆစ်အပေါ်အဆစ်ဖုံးအတွင်းရှိအရည်တွေရဲ့ဖိအား လျော့သွားပါတယ်။ ဒီလိုဖိအားလျော့သွားချိန်မှာအရည်တွေကနေ ပူစီဖောင်းတွေအဖြစ်ကို ပြောင်းလဲသွားပြီးပူစီဖောင်းပေါက်တဲ့ ဖောက်ခနဲအသံထွက်လာတာပါ။နာတာကျင်တာမျိုးမရှိတတ်ပါဘူး။ လည်ပင်းချိုးတဲ့အခါမှာလည်းဒီလိုပဲပေါ့။လည်ပင်းဆစ်ရဲ့တစ်ဖက်တစ်ချက်စီမှာတွယ်ဆက်အဆစ်ကလေးတွေများကြီး ရှိနေပါတယ်။ဒီအဆစ်တွေထဲကအရည်တွေပူစီဖောင်းအဖြစ်ပြောင်း ပေါက်ထွက်ပြီး ဖောက်ခနဲမြည်တဲ့အခါသက်သာသွားသလို ခံစားရတာပါ။

 

ဒါဆို ဇက်ချိုးတာ အကျိုးရှိရဲ့လား?

ခါးရိုးနဲ့အကြောအဆစ် ပြုပြင်အထူးကုဆရာဝန်ကိုယ်နှိုက်ကပြုပြင်ဇက်ချိုးပေးတာမျိုးကတော့ဦးနှောက်နဲ့ အာရုံကြောအတွက်အကျိုးရှိတာပေါ့။ဖိအားလျော့သွားစေပြီးအဆစ်လွဲနေတာတွေကိုပြုပြင်ပေးနိုင်ပါတယ်။ တစ်ခါတလေကျတော့ဘာဖိအားမှလည်းမလျော့၊အဆစ်လည်းမပြုပြင်ရဘဲဂျွတ်ခနဲ ကြားလိုက်ရတာနဲ့တင်စိတ်သက်သာရာရသွားတတ်ကြပါတယ်။ ဒါ့အပြင်ဇက်ချိုးတဲ့အခါလည်ပင်းအဆစ်နားတစ်ဝိုက်မှာendrophinလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။Endorphinဆိုတာ pituitary လို့ခေါ်တဲ့ ဟော်မုန်းထုတ်ဂလင်းကနေထုတ်လိုက်တဲ့နာတာကျင်တာသက်သာစေနိုင်တဲ့ ဟော်မုန်းတစ်မျိုးပါ။ဒါကြောင့်လည်းနည်းနည်းသက်သာသွားသလို ခံစားရတာဖြစ်နိုင်ပါတယ်။

 

ဇက်ချိုးတာ ဘယ်လောက်ထိ အန္တရာယ်များလဲ?

မှန်မှန်ကန်ကန်မချိုးမိရင်၊မကြာမကြာချိုးမိရင် ဇက်ချိုးတာကလည်းနာကျင်တတ်ပါတယ်။ဇက်ချိုးတာအားပြင်းသွားရင်လည်ပင်းမှာရှိတဲ့အာရုံကြောတွေညပ်သွားတတ်ပါတယ်။ အာရုံကြောသာညပ်သွားခဲ့ရင်အလူးအလဲ နာကျင်တတ်ပြီးလည်ပင်းတောင်လှုပ်လို့မရ ဖြစ်တတ်ပါတယ်။ အာရုံကြောမညပ်ရင်တောင်အဆစ်နားတစ်ဝိုက်ရှိတဲ့ကြွက်သားတွေနဲ့အဆစ်ကိုယ်နှိုက်ကိုဒဏ်ဖြစ်တတ်ပါတယ်။ဒဏ်ဖြစ်သွားခဲ့ရင်လည်ပင်းလှုပ်ရှားတိုင်း နာနေမှာပေါ့။

 

လည်ပင်းကိုအလှုပ်များခဲ့ရင်ဇက် ခဏခဏ ချိုးချင်စိတ်ဖြစ်လာမှာပါ။ဒီလိုဇက်ခဏခဏ အချိုးများလာတဲ့အခါအဆစ်နားတစ်ဝိုက်ရှိ အရွတ်တွေတဖြည်းဖြည်းရှည်လာတတ်ပါတယ်။ဒီလိုဖြစ်လာတဲ့လည်ပင်းဆစ်ဟာ အရိုးကျီးပေါင်းဖြစ်ဖို့အခွင့်အလမ်းပိုများလာတော့တာပေါ့။

နောက်တစ်ချက်ကလည်ပင်းမှာ သွေးကြောလေးတွေအများကြီး ပြေးနေပါတယ်။တစ်ခါတစ်လေဇက်ချိုးတာအားပြင်းသွားရင်၊အကြိမ်ရေများသွားရင်ဒီသွေးကြောလေးတွေတစ်ကြောကြော ပေါက်ထွက်သွားပြီး သွေးခဲဖြစ်သွားတတ်ပါတယ်။ဒီသွေးခဲက ဦးနှောက်သွေးကြောကိုသွားပိတ်ဆို့နိုင်လို့ အန္တရာယ်အလွန်များပါတယ်နော်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ?

ပုံမှန်ဇက်ချိုးတတ်ပြီးနာတာကျင်တာဘာတစ်ခုမှမရှိဘူးဆိုရင်မလိုအပ်ဘူးပေါ့။မကြာမကြာ ဇက်ချိုးပေမယ့်လည်းအကြောမပြေဘူးဆိုရင်တော့လည်ပင်းကျောရိုးဆစ်ကို ပြန်လည်တည့်မတ်ဖို့လိုနေနိုင်ပါတယ်။ဒီလိုတည့်မတ်ပေးခြင်းဖြင့်ခဏခဏဇက်ချိုးချင်တာတွေ ပျောက်သွားမှာပါ။ လည်ပင်းနားတစ်ဝိုက် ရောင်လာရင်(အရည်တွေစုပုံလာတာ၊ဒဏ်ရာရတာ၊ပိုးဝင်တာ တစ်ခုခု ဖြစ်နိုင်ပါတယ်။)

 

လည်ပင်းဆစ်နားနာကျင်လာရင်၊အထူးသဖြင့် အကြောင်းရင်း ထွေထွေထူးထူးမရှိဘဲ နာတာရှည်နာကျင်နေမယ်ဆိုရင် အသက်ကြောင့်ပဲဖြစ်ဖြစ်၊အရိုးကျီးပေါင်းကြောင့်ပဲဖြစ်ဖြစ်အဆစ်တွေလှုပ်ရှားရခက် လာရင်ဆရာဝန်နဲ့ပြဖို့ လိုနိုင်ပါတယ်။ လည်ပင်းအဆစ်ကို ပြန်လည်တည့်မတ်ပေးတာမျိုး၊ လေ့ကျင့်ခန်းလုပ်၊ဝိတ်လျှော့စသဖြင့် လူနေမှုပုံစံပြောင်းလဲဖို့အကြံပေးတာမျိုး၊နာတာ ကျင်တာ ရောင်တာသက်သာဖို့အပူအအေးကပ်စေတာမျိုးစသဖြင့်ကုသအကြံပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။


နောက်ဆုံးပြောချင်တာက – နည်းမှန်လမ်းမှန်နဲ့ရံဖန်ရံခါဇက်ချိုးတာမျိုးကဖိအားကိုလျေ ာ့စေပြီးနေထိုင်ကောင်းစေနိုင်ပါတယ်။ဒါပေမဲ့ တောက်လျှောက်ဖိအားများနေမယ်၊နာနေမယ်ဆိုရင်တော့ဆရာဝန်နဲ့ ပြကြည့်ဖို့လိုနိုင်ပါတယ်။

Read times
Rate this item
(1 Vote)