What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 February 2017 13:43

ဘယ်သူနဲ့မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (၆) မျိုး

ဘယ်သူနဲ့မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (၆) မျိုး Google.com

၁. လက်သည်းညှပ်

လက်သည်းညှပ်တွေကနေ လက်သည်းမှိုစွဲခြင်း အပြင် သွေးကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။

အထူးသဖြင့် လက်သည်း၊ ခြေသည်းညှပ်နေရင်းနဲ့ အရေပြားကို ညှပ်မိတဲ့အခါမျိုးမှာပေါ့။

၂. ဆပ်ပြာတောင့်

ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး စင်တာက ဆပ်ပြာတုံးအစား ဆပ်ပြာရည်တွေကို အသုံးပြုဖို့  အကြံပေးထားပါတယ်။ ဆပ်ပြာတုံးတွေကို မျှမသုံးသင့်ပေမယ့် ဆပ်ပြာရည်ဆိုရင်တော့ သုံးလို့ ရပါတယ်။

၃. ကိုယ်နံ့ ပျောက်ဆေး

ချွေးနံ့ ပျောက်ဆေးတွေဟာ သင့်ရဲ့ ချွေးထွက်မှုကိုသာ လျော့နည်းစေပြီး ဒီချွေးနံ့ ပျောက်ဆေးတောင့်မှာ ကပ်ပါလာမယ့် ပိုးတွေကို မသတ်နိုင်ပါဘူး။

ဒီနည်းနဲ့ ရောဂါကူးစက်မှု မဖြစ်နိုင်လောက်ဘူးဆိုပေမယ့် အရေပြားဆဲလ်တွေ၊ အမွှေးအမျှင်တွေ ကပ်နေတတ်ပြီး ဒီပစ္စည်းကို မျှသုံးမယ်ဆိုရင်တော့ တော်တော် ရွံဖို့ ကောင်းမှာပါ။

၎. မုတ်ဆိတ်ရိတ်ဓား

မုတ်ဆိတ်ရိတ်ဓားတွေဟာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနဲ့ HIV တို့ ကူးစက်မှုမှာ ပါဝင်နေပါတယ်။

မုတ်ဆိတ်ရိတ်ဓားတွေကို မျှသုံးတာက မှိုရောဂါပိုး ကူးစက်တတ်ကြောင်း သိရှိရပြီး အထူးသဖြင့် ပွေးနာတွေ အဖြစ်များတတ်ပါတယ်။

၅. မျက်နှာသုတ်ပ၀ါ

ညစ်ပတ်နေတဲ့ မျက်နှာသုတ်ပ၀ါတွေ၊ စိုစွတ်နေတဲ့ ပ၀ါတွေကို မျှဝေသုံးတာက မျက်စိနာ ရောဂါကနေ ကာလသားရောဂါအထိ ကူးစက်နိုင်ပါတယ်။

၆. သွားတိုက်တံ

သွားတိုက်တာဟာ သွေးလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို မြင့်တက်စေပြီး သွားတိုက်တံမှာ ကျန်ခဲ့တဲ့ သွေးစသွေးနတွေက ကြောက်စရာ ရောဂါတွေ ကူးစက်နိုင်ပါတယ်။

Credit: ygn news

Read times
Rate this item
(1 Vote)