What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 November 2019 15:52

သွေးအားနည်းသူတွေ သွေးအားကောင်းအောင် စားပေးသင့်တဲ့ အစားအစာများ

သွေးအားနည်းလို့ဆိုရင် အားဆေးတွေပဲအားကိုးကြတာများပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အားဆေးက မကယ်တင်နိုင်ပါဘူးနော်။

ဖြည့်စွက်အားဆေးဆိုမှတော့ ဖြည့်စွက်ရမှာပေါ့။ ကျန်းမာရေးအတွက် အစာအာဟာရနဲ့တွဲကူမှဖြစ်မှာပါ။သွေးအားကောင်းစေမယ့်၊သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေ ဆိုတာ ခက်ခက်ခဲခဲရှာဖို့မလိုပါဘူး။ ကိုယ်နေ့တိုင်းစားသုံးနေတဲ့အထဲမှာကို ပါဝင်နေတာဆိုတော့ နည်းနည်းပိုစားပေးရုံပေါ့။ မဟုတ်ဘူးလား။

 

အမဲသား

Image result for အမဲသား"

အမဲသားရှောင်တဲ့သူဆိုရင်တော့အောက်မှာဆက်ပြောမယ့် အစားအစာတွေထဲကရွေးချယ်လို့ရပါတယ်။ အမဲသားက သံဓါတ်များများရရှိနိုင်မယ့် အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက် မကြာမကြာစားသုံးပေးသင့်ပါတယ်။

 

ကြက်သား

အမဲသားမစားဘူးဆိုလည်း ကြက်သား၊ဘဲသားနဲ့ ကြက်ဆင်သားတွေကလည်း သံဓါတ်ကြွယ်ဝပါတယ်။ ဘဲသား ခပ်ရွယ်ရွယ်တစ်တုံးမှာ သံဓါတ် ၂.၃ မီလီဂရမ်ပါဝင်ပါတယ်။ ကြက်သားနဲ့ကြက်ဆင်သားမှာဆိုရင် ၁ မီလီဂရမ်ပေါ့။

 

အစိမ်းရောင် အရောင်ရင့်ရင့် အရွက်တွေ

Image result for အစိမ်းရောင် အရွက်"

ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညင်းစိမ်းစတဲ့ အစိမ်းရောင်အရွက်တွေက သံဓါတ်အားကောင်းစေနိုင်ပါတယ်။ကြော်စားစား၊ ဟင်းရည်ထဲခတ်စားစား၊ သုပ်စားစားကောင်းပါတယ်နော်။

 

ငါး

Image result for ငါး"

ပရိုတင်းကြွယ်ဝပြီး အဆီနည်းတဲ့ သံဓါတ်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။း၊ မြစ်ချောင်းထဲကဖမ်းလာတဲ့သဘာဝငါးဖြစ်ဖြစ် မွေးမြူရေးငါးဖြစ်ဖြစ် အချိုးအဆတော့မတူပေမယ့် အာဟာရဓါတ်ပါဝင်မှုချင်းတော့ အတူတူပါပဲ။ တူနာငါး၊ ငါးသေတ္တာငါးနဲ့ မက်ခရယ်ငါးတို့ဆို ပိုကောင်းပါတယ်။

 

ပုဇွန်နဲ့ခရု

Image result for ပုဇွန်နဲ့ခရု"

အသားငါးတွေမစားချင်လို့ သံဓါတ်မရတော့ဘူး ထင်နေပါသလား။ ပင်လယ်စာတွေစားရင်းနဲ့လည်း သံဓါတ်ရရှိနိုင်ပါတယ်။ ဆန်လုံးညိုလေးစား၊ ပုဇွန်နဲ့ပင်လယ်စာဟင်းလေးနဲ့ဆို သံဓါတ်ပြည့်ဝတဲ့ထမင်းတစ်နပ်ကို ရနိုင်ပါတယ်။

 

အသီးအရွက်

Image result for အသီးအရွက်"

သက်သတ်လွတ်စားတိုင်း သွေးအားနည်းမှာမဟုတ်ပါဘူး။ အသားမစားရင် သွေးအားနည်းတတ်တာမှန်ပေမယ့် ဟင်းသီးဟင်းရွက်တွေကို မှန်ကန်အောင်ရွေးချယ်စားသုံးတတ်မယ်ဆိုရင် သံဓါတ်အလုံအလောက်ရနိုင်ပါတယ်။ တို့ဖူး၊ပဲပြား စတာတွေစားမယ်၊ ဒါမှမဟုတ် ပဲကတ္တီပါ၊ ကုလားပဲ၊ ဗိုလ်စားပဲ စားမယ်ဆိုရင်အဆင်ပြေပါတယ်။ သံဓါတ်စုပ်ယူမှုကိုအားကောင်းစေဖို့ ကူညီပေးတဲ့ ဗီတာမင် C ကြွယ်ဝတာတွေလည်း စားပေးနိုင်ပါတယ်။

 

ကြက်ဥ

Image result for ၾကက္ဥ"

ကြက်ဥကို ပြုတ်စား၊ မွှေကြော်၊ ဟက်ဖရိုက်ကြော်၊ တခြားအစားအစာထဲပဲထည့်ထည့်၊ ဘယ်လိုစားစား သံဓါတ်ပမာဏအတော်အသင့် ရနိုင်ပါတယ်။ တစ်ခုရှိတာက သူ့ကို လက်ဖက်ရည်၊ကော်ဖီအပူနဲ့တွဲစားရင်တော့ အကျိုးအာနိသင်တချို့ကိုရနိုင်တော့မှာမဟုတ်ပါဘူး။ ကြက်ဥဆီကနေ သံဓါတ်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ပေးပါလိမ့်မယ်။

 

အစေ့အဆန်တွေနဲ့သစ်သီးခြောက်

Image result for အေစ့အဆန္ေတြ"

သီဟိုဠ်စေ့၊ ပစ်စတာချီရို(စိတ်ပျော်သီး) တို့လိုအစေ့အဆန်တွေနဲ့ ဆီးသီးခြောက်၊စပျစ်ခြောက်၊စွံပလွံသီးခြောက်၊မက်မွန်သီးခြောက်တို့လို သစ်သီးခြောက်တွေက သံဓါတ်ရရှိစေနိုင်ပါတယ်။

 

လတ်ဆတ်တဲ့အသီးအနှံ

Image result for လတ္ဆတ္တဲ့အသီးအႏွံ"
ဖရဲသီးတစ်စိတ်ကပဲ သံဓါတ် ဝ.၆၉ မီလီဂရမ် သံဓါတ်ရရှိနိုင်သလို ငှက်ပျောသီးမှာ ဝ.၃၆ မီလီဂရမ်နဲ့ ပန်းသီးမှာ ဝ.၅ မီလီဂရမ် ပါဝင်ပါတယ်။

 

ချောကလက်

Image result for ချောကလက်"

အချိုများတာတော့ မစားနဲ့ပေါ့။ အချိုလျှော့ ချောကလက် ၃အောင်စပမာဏမှာ သံဓါတ် ၇ မီလီဂရမ်ပါဝင်ပါတယ်။

Hello Health Group

Read times Last modified on Tuesday, 21 July 2020 01:09
Rate this item
(1 Vote)