What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 12 January 2017 13:32

ချောင်းဆိုးခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် နှင့် သက်သာစေမည့် အချက်များ

ချောင်းဆိုးခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် နှင့် သက်သာစေမည့် အချက်များ Google.com

၁. ချောင်းခြောက်ဆိုးတာအတွက် ရေများများသောက်ပါ။

စွပ်ပြုတ်ရည်၊ လက်ဖက်ရည် ဒါမှမဟုတ် ရေနွေး သောက်တာကြောင့် လည်ချောင်း နာတာနဲ့ ချောင်းဆိုးတာ သက်သာ စေနိုင်ပါတယ်။

 ၂. ချင်း(ဂျင်း)။

ချင်းက သဘာဝ အတိုင်း ရောင်ရမ်းမှု ပျောက်တဲ့ ဆေးဖက်ဝင် ပစ္စည်းပါ။ ဒါကြောင့် လည်ချောင်း နာတာနဲ့ ချောင်းဆိုးတာ သက်သာအောင် ချင်း ဖျော်ရည် သောက်ပါ။

၃. Zinc ငုံဆေးပြားငုံပါ။

လေ့လာမှု အချို့ အရ Zinc ငုံဆေးပြားကို ငုံထား တာကြောင့် လည်ချောင်း ယားယံတာသက်သာ စေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သွပ်ဓာတ်ဟာ ပမာဏ များလွန်းရင် အဆိပ် ဖြစ်နိုင်တာမို့ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ထက် ပို မငုံ သင့်ပါ။

၎. ဘာအရည်မဆို အကုန်သောက်ပါ။

အအေးမိခြင်း ဒါမှမဟုတ် တုပ်ကွေး ဖြစ်နေစဉ်မှာ ခန္ဓာကိုယ်က အရည်တွေဟာ ဆုံးရှုံးသွားတတ် ပါတယ်။ အသက် ပြင်းပြင်း ရှူရတာကြောင့် လည်ချောင်း ခြောက်သွေ့တာနဲ့ ချောင်းဆိုးတာ ပိုဆိုးလာ တတ်ပါတယ်။ ဒါ့အပြင် အမြှေးပါး တွေမှာ အစိုဓာတ် ရှိရင် အအေးမိ ဗိုင်းရပ်စ်ပိုးကို ပိုပြီး တွန်းလှန် နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေ ရှစ်ခွက် သောက်ပါ။

၅. ဗီတာမင်စီ သောက်ပါ။

လေ့လာမှုတွေအရ ရောဂါပိုး ၀င်တဲ့ လက္ခဏာ ရှိကာစမှာ ဗီတာမင်စီ သောက်ပေးရင်ချောင်းဆိုးတာ အပါအ၀င် အအေးမိ လက္ခဏာ ၅၀ ရာခိုင်နှုန်း သက်သာ နိုင်တယ်လို့ သိရပါတယ်။ နေ့စဉ် ဗီတာမင်စီ ၁၀၀ နဲ့ ၅၀၀ မီလီဂရမ် အတွင်း သောက်ပေးပါ။

၆. ရေနွေးကြမ်းသောက်ပါ။

ရေနွေးကြမ်းကို ပျားရည်နဲ့ ရှောက်ရည် ရောစပ်ပြီး သောက်ပါ။ ရေနွေး ပူပူ သောက်တာဟာ ချောင်းဆိုး တာကို သက်သာ စေပါတယ်။

၇. ကြက်သွန်ဖြူစားပါ။

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အအေးမိ တုပ်ကွေးနဲ့ အသက်ရှူ လမ်းကြောင်း ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးကို တွန်းလှန် နိုင်တဲ့ သတ္တိ ရှိပါတယ်။ နေ့စဉ် ကြက်သွန်ဖြူ နှစ်ဥမှ လေးဥ စားပေးပါ။

၈. ကြက်စွပ်ပြုတ်သောက်ပါ။

ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းလို အနံ့ အရသာ စူးစူးနဲ့ ပူပူ နွေးနွေး အရည်တွေကြောင့် သလိပ်ခဲတွေ ပျော်ဝင် သွားနိုင် ပါတယ်။

၉. ရေနွေးနဲ့ရေချိုးပါ။

တစ်နေ့ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ရေနွေးနဲ့ ရေချိုး ပေးတာကြောင့် ရေနွေးငွေ့တွေ ရှူမိပြီး သလိပ်တွေ အဆုတ်အပြင် ထွက်လာ နိုင်ပါတယ်။ လေထု ခြောက်သွေ့ လွန်းရင် နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်မှ အစိုဓာတ်တွေ ဆုံးရှုံး သွားတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ပျံ့ပွား နိုင်ပါတယ်။

၁၀. ဆေးလိပ်ကို ဝေးဝေးရှောင်ပါ။

သင် ဆေးလိပ် မသောက်တတ်ရင်တောင် ဆေးလိပ် သောက်သူ အနားမှာ မနေပါနဲ့။

၁၁. ချောင်းဆိုးပျောက်ဆေး သောက်ပါ။

Dextromethorphan ပါဝင်တဲ့ ချောင်းဆိုး ပျောက်ဆေးကို ည အိပ်ခါနီး သောက်ပါ။ ချောင်းခြောက်ဆိုးတာ အတွက်ပဲ သင့်တော် ပါတယ်။

၁၂. သလိပ်ပျော်ဆေး သောက်ပါ။

သလိပ်ချောင်းဆိုးသူတွေအနေနဲ့ Robitussim လိုမျိုး သလိပ်ပျော်ဆေး သောက်ပါ။

၁၃. ရင်ပူတာကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။

ရင်ပူခြင်းကို ဖြစ်စေတဲ့ အစာအိမ်မှ အက်စစ် တွေဟာ အသက်ရှူ လမ်းကြောင်းကို ယားယံ စေကာ ချောင်းဆိုး စေတတ် ပါတယ်။ သင်ဟာ အစာ စားပြီး ခါစ ညအချိန်မှာ ချောင်းဆိုးရင် ဒါမှမဟုတ် လဲလျောင်း စဉ်မှာ ချောင်းဆိုးရင် အစာအိမ် အက်စစ်ကြောင့် ဖြစ်နိုင် ပါတယ်။

၁၄. ဓာတ်မတည့်တဲ့ ပြဿနာကို ဖြေရှင်းပါ။

သင်ဟာ ပန်းဝတ်မှုန်၊ မှို ဒါမှမဟုတ် တခြား ဓာတ်မတည့် ပစ္စည်း တွေကြောင့် ချောင်းဆိုးရင် အဲဒီ ဓာတ်မတည့် ပစ္စည်းတွေကို ရှောင်ရှားပါ။ Antihistamine ဆေးသောက်ပါ။

၁၅. အနားယူပါ။

တစ်ခါတစ်ရံ ချောင်းဆိုးတာဟာ သင် ထင်ထား တာထက် ပြင်းထန်တဲ့ ပြဿနာ (ဥပမာ-နမိုးနီးယား) ဖြစ်နိုင်တာမို့ ချောင်းဆိုးနေရင် အနားယူပါ။

၁၆. ပူရှိန်းသကြားလုံးငုံပါ။

သကြားလုံး စုပ်တာကြောင့် တံတွေးတွေ ပိုထွက် လာပါတယ်။ တံတွေးနဲ့ သကြားလုံးမှအရည်တွေ ပေါင်းစပ်ပြီး ယားယံ တာကို သက်သာ စေလို့ပါ။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

ချောင်းဆိုးတာ သွေးပါရင် ဒါမှမဟုတ် နှစ်ပတ်ထက် ကျော်ပြီး ချောင်းဆိုး နေရင်ဆရာဝန်နဲ့ ပြပါ။ ကင်ဆာ ရောဂါနဲ့ ရင်ပူတဲ့ ရောဂါ တွေကြောင့် အမြဲတမ်း ချောင်းဆိုး တတ်ပါတယ်။

ချောင်းဆိုး တာဟာ စူးစူး ရှရှ ရင်ဘတ် အောင့်တာ၊ ချမ်းတုန်တာ ဒါမှ မဟုတ် အဖျား ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်တာနဲ့ အတူတူ တွဲဖြစ်ရင် အဆုတ်ရောင် ရောဂါ နမိုးနီးယားကို သတိထားပါ။

ချောင်းဆိုးတာက တရွှီရွှီ မြည်သံ၊ အသက်ရှူ မ၀တာ ဒါမှမဟုတ် ခြေထောက် ဖောရောင်တာနဲ့ တွဲဖြစ်ရင် နှလုံး အလုပ် မလုပ်နိုင်တာ ဖြစ်နိုင် တာမို့ ဆရာဝန်နဲ့ ချက်ချင်း ပြပါ။
Source: myatpearlphyu

Read times Last modified on Thursday, 12 January 2017 14:09
Rate this item
(0 votes)