What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 December 2019 09:45

ပလတ္စတစ္မ်ား ႏွင့္ လမ္းခြဲၾကပါစို႔

မနက္ျဖန္ December 14 ရက္ေန႔မွာ က်င္းပမဲ့ "ပလတ္စတစ္မ်ားႏွင့္လမ္းခြဲၾကပါစို႔" ပြဲအစီအစဥ္ကို တာေမြျမိဳ႕နယ္ နႏၵဝန္ေစတီလမ္း ႏွင့္ သမိန္ဗရမ္းလမ္းၾကားရွိ ေနာက္ေဖးလမ္းၾကားတြင္ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ 

ဒီပြဲကို တာေမြၿမိဳ႕နယ္၏ ပထမဆုံး ပလတ္စတစ္ ကင္းစင္နယ္ေျမ၌ အမႈိက္မ်ားကို စနစ္တက် စြန႔္ပစ္ တတ္လာေအာင္ အသိပညာမ်ားေပးထားသည့္ ၿမိဳ႕ျပပုံေဖာ္သူ လူငယ္မ်ားရဲ႕ ပလတ္စတစ္ေလ်ာ့ခ်ေရး ဗီဒီယိုမ်ားအျပင္ တစ္ခါသုံးပလတ္စတစ္ မ်ားအသုံးျပဳျခင္းနဲ႔ပက္သက္ေသာ ညစ္ညမ္းမႈမ်ား အေၾကာင္း သတင္းမွတ္တမ္း ရႈပ္ရွင္မ်ား ကိုလည္း ျပသသြားမွာျဖစ္ပါတယ္။

 

ဒါ့အျပင္ က်ေနာ္တို႔ နဲ႔အတူ တစ္ခါသုံး ပလတ္စတစ္ စြန္႔ပစ္ပစၥည္းမ်ား အသုံးျပဳ၍ လက္မႈပစၥည္းမ်ား ျပဳလုပ္ျခင္းကိုလည္း ရပ္မိရပ္ဖမ်ား ႏွင့္အတူ သင္ၾကားျပဳလုပ္သြားၾကမွာျဖစ္ၿပီး ပြဲအစီအစဥ္ တစ္ေလွ်ာက္လုံးမွာလဲ အေကြၽးအေမြးမ်ား စီစဥ္ထားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၿမိဳ႕ျပျပဳျပင္ေျပာင္းလဲဖို႔ ပလတ္စတစ္ႏွင့္ အမႈိက္ေလွ်ာ့ခ်ေရးအတြက္ စိတ္ပါ၀င္စားသူတိုင္း ဆက္ဆက္လာေရာက္ၾကဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

(Image Source Doh Eain)

Image may contain: 2 people, people standing, wedding and child

အဆိုပါ က်င္းပမည့္ "ပလတ္စတစ္မ်ား ႏွင့္ လမ္းခြဲၾကပါစို႔" ပြဲအစီအစဥ္ကို ေမာ္ဒယ္သ႐ုပ္ေဆာင္ ေမတိုးခိုင္၊ ၿမိဳ႕ျပပုံေဖာ္သူလူငယ္မ်ားႏွင့္ အတူလာေရာက္ ၾကည့္ရႈဖို႔ ဖိတ္ေခၚလိုက္ပါတယ္။ ဒါ့အျပင္ ညေန ၅:၃၀ တြင္ ပလတ္စတစ္မ်ားႏွင့္ လမ္းခြဲျခင္း ဗီဒီယိုအားျပသျခင္း ျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။

(Image Source Doh Eain)

Image may contain: 2 people

ရက္စြဲ - ဒီဇင္ဘာ ၁၄ ရက္ (စေနေန႔)

အခ်ိန္ - ညေန ၅:၀၀ မွ ၇:၀၀ (ညေန ၄:၃၀ မွ စ၍ အစားအေသာက္မ်ားေကြၽးေမြး၍ လက္မႈပစၥည္းျပဳလုပ္ျခင္း ႏွင့္ ၅:၃၀ တြင္ ပလတ္စတစ္မ်ားႏွင့္ လမ္းခြဲျခင္း ဗီဒီယိုအားျပသျခင္း)

ေနရာ - နႏၵဝန္ေစတီလမ္း ႏွင့္ သမိန္ဗရမ္းလမ္းၾကားရွိ ေနာက္ေဖးလမ္းၾကား (တာေမြဗလီ ဘတ္စ္ကား မွတ္တိုင္အနီး )

 

Health Products Directory

 

{Unicode}

======

ပလတ်စတစ်များ နှင့် လမ်းခွဲကြပါစို့

မနက်ဖြန် December 14 ရက်နေ့မှာ ကျင်းပမဲ့ "ပလတ်စတစ်များနှင့်လမ်းခွဲကြပါစို့" ပွဲအစီအစဉ်ကို တာမွေမြို့နယ် နန္ဒဝန်စေတီလမ်း နှင့် သမိန်ဗရမ်းလမ်းကြားရှိ နောက်ဖေးလမ်းကြားတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ဒီပွဲကို တာမွေမြို့နယ်၏ ပထမဆုံး ပလတ်စတစ် ကင်းစင်နယ်မြေ၌ အမှိုက်များကို စနစ်တကျ စွန့်ပစ် တတ်လာအောင် အသိပညာများပေးထားသည့် မြို့ပြပုံဖော်သူ လူငယ်များရဲ့ ပလတ်စတစ်လျော့ချရေး ဗီဒီယိုများအပြင် တစ်ခါသုံးပလတ်စတစ် များအသုံးပြုခြင်းနဲ့ပက်သက်သော ညစ်ညမ်းမှုများ အကြောင်း သတင်းမှတ်တမ်း ရှုပ်ရှင်များ ကိုလည်း ပြသသွားမှာဖြစ်ပါတယ်။

(Image Source Doh Eain)

Image may contain: 2 people, people standing, wedding and child

ဒါ့အပြင် ကျနော်တို့ နဲ့အတူ တစ်ခါသုံး ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ လက်မှုပစ္စည်းများ ပြုလုပ်ခြင်းကိုလည်း ရပ်မိရပ်ဖများ နှင့်အတူ သင်ကြားပြုလုပ်သွားကြမှာဖြစ်ပြီး ပွဲအစီအစဉ် တစ်လျှောက်လုံးမှာလဲ အကျွေးအမွေးများ စီစဉ်ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြပြုပြင်ပြောင်းလဲဖို့ ပလတ်စတစ်နှင့် အမှိုက်လျှော့ချရေးအတွက် စိတ်ပါဝင်စားသူတိုင်း ဆက်ဆက်လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

(Image Source Doh Eain)

Image may contain: 2 people

အဆိုပါ ကျင်းပမည့် "ပလတ်စတစ်များ နှင့် လမ်းခွဲကြပါစို့" ပွဲအစီအစဉ်ကို မော်ဒယ်သရုပ်ဆောင် မေတိုးခိုင်၊ မြို့ပြပုံဖော်သူလူငယ်များနှင့် အတူလာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် ညနေ ၅:၃၀ တွင် ပလတ်စတစ်များနှင့် လမ်းခွဲခြင်း ဗီဒီယိုအားပြသခြင်း ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

 

ရက်စွဲ - ဒီဇင်ဘာ ၁၄ ရက် (စနေနေ့)

အချိန် - ညနေ ၅:၀၀ မှ ၇:၀၀ (ညနေ ၄:၃၀ မှ စ၍ အစားအသောက်များကျွေးမွေး၍ လက်မှုပစ္စည်းပြုလုပ်ခြင်း နှင့် ၅:၃၀ တွင် ပလတ်စတစ်များနှင့် လမ်းခွဲခြင်း ဗီဒီယိုအားပြသခြင်း)

နေရာ - နန္ဒဝန်စေတီလမ်း နှင့် သမိန်ဗရမ်းလမ်းကြားရှိ နောက်ဖေးလမ်းကြား (တာမွေဗလီ ဘတ်စ်ကား မှတ်တိုင်အနီး )

Read times Last modified on Friday, 13 December 2019 10:10
Rate this item
(0 votes)