What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 June 2019 18:08

အင်ဆူလင်ထိုးဆေး အကြောင်း

အင်ဆူလင်သည်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။

ဆီးချိုရောဂါ မရှိသည့်ပုံမှန်လူများတွင် တစ်နေ့စာ ရှိသင့်သောအင်ဆူလင်ပမာဏကိုမုန့်ချိုအိတ်(Pancreas) အင်္ဂါမှ ထုတ်ပေးသည်။ အစာစားပြီးချိန် သွေးထဲတွင် သကြားဓါတ်မြင့်တက်လာပြီး ထိုသွေးထဲမှ သကြားဓါတ်ကို လျှော့ချပေးနိုင်ရန် ပန်ကရိယ ခေါ် မုန့်ချိုအိတ်သည် အင်ဆူလင်ပမာဏကို အခြေခံပမာဏထက်ပိုပြီးထုတ်ပေးရပါတယ်။ ဆီးချိုရောဂါဖြစ်လာပြီဆိုရင် သင့်ခန္ဓာကိုယ်သည် အင်ဆူလင်ကိုလုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းသို့မဟုတ် သင့်လျော်စွာ အသုံးပြုနိုင်ခြင်းမရှိတော့ပါ။ထိုအခါ သွေးထဲရှိအချိုဓါတ်ကို ထိန်းပေးနိုင်ခြင်းမရှိတော့ပါ။ထိုအခါဆီးချိုအတွက်သောက်ဆေးသို့မဟုတ် ထိုးဆေး(insulin) တို့နှင့် ပြန်ထိန်းရပါတယ်။။

 

အင်ဆူလင်ထိုးဆေးအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။

ဆေးအာနိသင်ကို အချိန်ကြာမြင့်စွာ သက်ရောက်မှုရှိသည့် အင်ဆူလင်အမျိုးအစား(eg Insulatard, Levemir)ဒီအမျိုးအစားသည် တစ်နေ့လျှင် နာရီ၂၀ မှ ၂၄နာရီအတွင်း အာနိသင်ပေးပြီး ပုံမှန်လိုအပ်သောအင်ဆူလင်ပမာဏအတိုင်း နေ့ရောညပါ အလုပ်လုပ်ပေးသည်။


ဆေးအာနိသင်ကို လျှင်မြန်စွာသက်ရောက်မှုရှိသည့် အင်ဆူလင် အမျိုးအစား(eg Actrapid, NovoRapid)ဒီအမျိုးအစားသည် အစာစားပြီးချိန်တွင် သွေး တွင်းအချိုဓါတ်ကျဆင်းစေရန် ထိုးရသောအင်ဆူလင်အမျိုးအစားဖြစ်သည်။ဆေးထိုးပြီး အကြမ်းအားဖြင့် (၃နာရီမှ ၅နာရီကြား)တွင်အာနိသင်ရရှိနိုင်ပါတယ်။

 

အာနိသင်နှစ်မျိုးစလုံး(အစာမစားမီနှင့်အစာစားပြီး သကြားဓါတ်ထိန်းရန်)ရရှိစေရန်အတွက်အသင့်ရောစပ်ပြီးသား အင်ဆူလင်အမျိုးအစား (eg Mixtard 30, NovoMix)ဒီအမျိုးအစား အင်ဆူလင်ထိုးဆေးသည် တစ်နေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်ခန့်အထိထိုးရလေ့ရှိသည်။ပုံမှန်ထွက်ရှိသောအင်ဆူလင် ပမာဏနှင့် အစာစားပြီးချိန်တွင်ထွက်ရှိသော အင်ဆူလင်ပမာဏ အစွမ်းနှစ်မျိုးလုံးကိုရရှိစေနိုင်ပါတယ်။

 

တစ်နေ့ဘယ်နှစ်ကြိမ်ထိုးရမလဲ ဘာအမျိုးအစားထိုးရမလဲ။ ဒါကတော့ သင့်ရဲ့ဆီးချိုအထူးကု ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်။ လူနာများရဲ့စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပီး ထိုးရမည့်အင်ဆူလင် အမျိုးအစား ကွဲပြားမှုရှိနိုင်သလို ထိုးရမည့်အကြိမ်အရေအတွက်မှာလည်း တစ်ကြိမ် မှငါးကြိမ်အထိရှိနိုင်ပါသည်။

 

Read More : အမျိုးသမီးများဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းရောဂါ

အမျိုးသမီးများဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းရောဂါ

 

အင်ဆူလင်ကိုဘယ်လိုထိုးရမလဲ ။ ဆေးပုလင်းနဲ့ ဆေးထိုးပြွန် /အပ်များကို ယနေ့ခေတ်တွင်အသုံးနည်းလာကြပါသည်။အဘယ်ကြောင့်ဆိုသော် အင်ဆူလင် ထည့်၍ ထိုးရသည့် ဘောလ်ပင်ပုံစံဆေးထိုးကိရိယာများ ပေါ်လာသောကြောင့်ဖြစ်သည်။ အင်ဆူလင် ထည့်၍ ထိုးရသည့် ဘောလ်ပင်ပုံစံဆေးထိုးကိရိယာများ သည် ဆီးချိုဝေဒနာရှင်များ မိမိဘာသာထိုးရသည့်အခါတွင်လွယ်ကူအောင်တီထွင်ထားခြင်းဖြစ်သည်။ထိုကိရိယာအတွင်းသို့ သင်ထိုးရမည့် အင်ဆူလင်အမျိုးအစားထည့်ထားသည့်ဆေးဗူး(cartridge)အားအရင်ထည့်ရပါမည်။သင်သုံးပြီး ဆေးများကုန်သွားသည့်အခါ(ပုံမှန်အားဖြင့် တစ်လကြာပီးနောက်) တွင်ထိုကိရိယာအားလွှင့်ပစ်ပီး နောက်အသစ်တစ်ချောင်းထပ်သုံးရပါမယ်။

 

အင်ဆူလင်ထိုးဆေးကို အရေပြားအောက်အဆီပြင်ထဲသို့ထိုးသွင်းရခြင်းဖြစ်သည်။(တချို့တွေထင်သလို သွေးကြောထဲထိုးရတာမဟုတ်ပါ) အင်ဆူလင်ထိုးရန်အကောင်းဆုံးနေရာများမှာ ဗိုက်ခေါက် သို့မဟုတ် ပေါင်သားအရှေ့ဘက်အဆီများသည့်နေရာများ ဖြစ်ပါသည်။တစ်နေရာတည်းကို ခဏခဏ မထိုးမိပါစေနှင့်။နေရာတစ်ခုတည်းကို ခဏခဏထိုးပါက အဆီကျိတ်အဆီခဲ ဖြစ်ပေါ်စေနိုင်ပြီး ထိုအဆီခဲ အဆီကျိတ်များသည် ထိုးလိုက်သောအင်ဆူလင်ရဲ့အာနိသင်ကိုလျော့ကျစေနိုင်ပါသည်။

 

အင်ဆူလင်ဆေးကိုဘယ်လိုထားသိုသိမ်းဆည်းရမလဲ

အသုံးမပြုခင် သိမ်းဆည်းထားသိုခြင်း ရေခဲသေတ္တာ ထဲတွင် အပူချိန် ၂ ဒီဂရီဆဲလ်ဆီးယပ် နှင့် ၈ ဒီဂရီဆဲလ်ဆီးယပ် ကြားတွင် သိမ်းဆည်းပါ ရေခဲသေတ္တာထဲရှိ ရေခဲသောအခန်းတွင် မထည့်ရခရီးသွားသည့်အခါ အပိုယူဆောင်သွားရမည့် အင်ဆူလင်ထိုးဆေးပုလင်းများကို ရေခဲဗူး သို့မဟုတ် လေလုံသည့် ဓါတ်ဗူးများဖြင့် သယ်သွားပါ။

 

အသုံးပြုနေစဉ် သိမ်းဆည်းထားသိုခြင်း

အသုံးပြုနေစဉ် ရေခဲသေတ္တာထဲတွင် ထားရန်မလိုပါအပူချိန် ၃၀ဒီဂရီဆဲလ်ဆီးယပ် အောက်ရှိသော အခန်းအပူချိန်တွင် သိမ်းဆည်းထားပါ အင်ဆူလင်ထိုးဆေးထုတ်လုပ်သည့် ကုမ္ပဏီများ အကြံပြုထားသည့်အတိုင်း စတင်အသုံးပြုသည့်အချိန်မှစပြီး လေးပတ်မှ ခြောက်ပတ်အတွင်းသာ အသုံးပြုပါ အင်ဆူလင်ထည်ြ့ပီးထိုးရမည့် ဆေးထိုးဘောလ်ပင်ကိရိယာကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းထားရန်မလိုသော်လည်းဆေးပုလင်း(Cartridge)အားနေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေရန် ဆေးပုလင်းအဖုံးကိုအသုံးပြုပြီးတိုင်း ပြန်တပ်ပေးပါ။

 

ဆောင်ရန်

မိမိထိုးရမည့် အင်ဆူလင်အမျိုးအစား ဟုတ် မဟုတ်ဦးစွာစစ်ဆေးပါရိုးရိုးဆေးထိုးအပ်သုံးပါက ဆေးတစ်ခါထိုးတိုင်း ဆေးထိုးအပ်အသစ်ကို လဲလှယ်အ သုံးပြုပါဘောလ်ပင်ပုံစံဆေးကိရိယာ သုံးပါက ဆေးတစ်ခါထိုးပြီးတိုင်း ဆေးထိုးအပ်ကို ဘောလ်ပင်မှ ဖြုတ်ပြီးသိမ်းထားခြင်းဖြင့် ဆေးများစိမ့် ထွက်ခြင်း မရှိတော့ဘဲ တိကျသော ဆေးပမာဏကိုရနိုင်သည်။

 

ရှောင်ရန်

အနည်၊အဖတ် များဖြစ်နေသော အင်ဆူလင် ထိုးဆေး သို့မဟုတ် အရောင်ပြောင်းနေသောထိုးဆေးများကို မသုံးပါနဲ့နောက်ဆုံးအသုံးပြုရမည့်ရက်စွဲထက်ကျော်နေသော အင်ဆူလင်ထိုးဆေးများကိုမသုံးပါနဲ့အင်ဆူလင်ပုလင်းများကို နေရောင်ခြည်ဖြင့် တိုက်ရိုက်ထိတွေ့ခြင်း ခဲအောင်ထားခြင်းအပူလွန်ကဲသောနေရာများတွင်ထားခြင်းများကို ရှောင်ပါ

 

Source; Dr528

Read times
Rate this item
(0 votes)