What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Friday, 28 February 2020 17:16
အဆုတ်ဝေဒနာရှင်များ စားသုံးသင့်တဲ့ အစားအစာများ
အဆုတ်က ခန္ဓာကိုယ်ရဲ့ အသက်ရှူလမ်းကြောင်းလုပ်ငန်းကို လုပ်ဆောင်နေရတဲ့ အစိတ်အပိုင်တစ်ခုလည်း ဖြစ်ပါတယ်။
အဆုတ်ကောင်းမွန်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ အသက်ရှူကျပ်တာ ၊ ပန်းနာရင်ကျပ်တာ၊ အဆုတ်ရောင်တာ ၊ အဆုတ် TV ၊ အသက်ရှူရန်ခက်ခဲတာ စတဲ့ရောဂါဝေဒနာများက အဆုတ်ထိခိုက်မှု တစ်ခုခုကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် အဆုတ်ကျန်းမာစေတဲ့ အစားအသောက်များကို ဖော်ပြလိုက်ပါတယ်။
ရေ
ရေကခန္ဓာကိုယ် အသားရေ စိုပြေဖို့ ၊ ကျန်းမာဖို့ အဓိကလိုအပ်တဲ့ အရာဖြစ်တဲ့အတွက် ရေကိုကျိုချက်သောက်တာ၊ သန့်စင်ပြီးသောက်သုံးတာ ၊ ရေကို တစ်ရက် အနည်းဆုံး ၁လီတာ ကုန်အောင်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရှိ အဆိပ်အတောက် များကိုဖယ်ရှားနိုင်ပြီး အဆုတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။
Healthcare Services (ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဆေးခန်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Healthcare Services
ပန်းသီး
ပန်းသီးဆိုရင်လူတိုင်းနီးပါး စားသုံးရန်ကြိုက်နှစ်သက်ပြီး အရည်ချွမ်းသော အသီးလည်းဖြစ်တဲ့အတွက် ခန္ဓာကိုယ်တွင် လိုအပ်တဲ့ ရေဓာတ် ၊ ဗိတာမင် များကိုဖြည့်စီးနိုင်ပြီး အဆုတ်ကိုလည်း သန့်စင်ပေးနိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။
ငရုတ်သီး
ငရုတ်သီးဆိုရင် ဟင်းတစ်ခွက်ကို အရသာရှိစေပြီး လူတိုင်းစားသုံးတဲ့ အပူအစပ် အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ငရုတ်သီးက အပူအစပ် ဓာတ်ပါရှိတဲ့အတွက် အသက်ရှူလမ်ကြောင်းပိုးဝင်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
ပဲအမျိုးမျိုး
ပဲက ခန္ဓာကိုယ်အတွင်းလိုအပ်တဲ့ ဗီတာမင်များစွာပါဝင်ပြီး ၊ ကျန်းမာရေးအတွက် အလွန်အေရေးပါသော အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ပဲမှာပါရှိတဲ့ ဗီတာမင်များက အဆုတ် အလုပ်လုပ်မှုစနစ်ကို ကောင်းမွန်စွာထောက်ပံ့ ပေးနိုင်သောကြောင့် အဆုတ်ဝေဒနာရှင်များ အနေဖြင့် စားသုံးသင့်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
ရေ
ပန်းသီး
ငရုတ်သီး
ပဲအမျိုးမျိုး
Read times Last modified on Friday, 28 February 2020 17:29
Rate this item
(1 Vote)