What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 September 2022 15:10

လေထိုး၊ လေအောင့်၊ လေပွ ရောဂါမဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်း (၅) ခု

ဗိုက်ပွ ၊လေပွတယ်ဆိုတာ ဘယ်လောက်နေရခက်တယ်ဆိုတာ ခံစားဖူးတဲ့သူတွေပဲသိပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်တာတွေလည်း ထဖြစ်နိုင်သေးတယ်။ရေတောင်သိပ်မသောက်ရဲဘဲ အီလည်လည်နဲ့ ဗိုက်ကယ်နေတတ်တာပါ။ ဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် မသိမသာဝေဒနာလေးတွေကနေနေလို့မကောင်းဖြစ်စေတာလေ။

 

ဒီလိုဗိုက်ပွဝေဒနာဖြစ်လွယ်စေတဲ့ အစားအစာတွေကိုတော့ သိထားသင့်တယ်မဟုတ်လား။ အထူးသဖြင့် အစာမကြေဖြစ်လွယ်၊ လေထိုးလေအောင့်လွယ်၊ လေပွလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ သူတို့မှာ အရေးပါတဲ့ အာဟာရဓါတ်တွေပါဝင်တာမို့ အပြီးရှောင်ရမှာမဟုတ်ပေမယ့် ကိုယ့်အစာအိမ်အခြေအနေကို ချင့်ချိန်ပြီး ဉာဏ်ရှိသလိုစားသုံးနိုင်ဖို့ပြောပြပေးမှာဖြစ်ပါတယ်။

 

၁. ရွှေဖရုံသီးစားပါ။

ရွှေဖရုံသီးမှာ လေဖြစ်ပေါ်တာကို တားဆီးပေးတဲ့ အာနိသင်ရှိတဲ့အတွက် ပုံမှန်စားသုံးပေးသင့်ပါတယ်။

 

၂. ပူဒီနာ

ပူဒီနာဟာ လေရောဂါတွေ၊ ဗိုက်နာတာနဲ့ ဝမ်းပျက်တာကို သက်သာစေပါတယ်။ စိတ်ဖိစီးမှုဟာဆိုရင်လည်း လေရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ပူဒီနာဟာ စိတ်ဖိစီးမှုကိုပါ လျော့ကျစေတဲ့အတွက် လေရောဂါ တွေအတွက် ထိရောက်မှုအလွန်ရှိပါတယ်။ ပူဒီနာကို လက်ဖက်ရည်ပုံစံမျိုး လုပ်သောက်လို့ရပါတယ်။ ပူဒီနာလဖက်ရည်လုပ်မယ်ဆိုရင်တော့ ပူဒီနာရွက်အနည်းငယ်ကို ရေနွေးထဲထည့်ပါ။ ရေနွေး မနွေးမအေးအချိန်မှာ ပူဒီနာလဖက်ရည်ကို သောက်ပေးပါ။

 

၃. ဂျင်း

အန်ချင်တာ၊ ဗိုက်နာတာ၊ လေထိုးလေအောင့်ဖြစ်တဲ့အခါမှာလည်း ဂျင်းလက်ဖက်ရည်ကို အစာမစားခင်မှာ သောက်နိုင်ပါတယ်။ ဂျင်းကို ဂျင်းလက်ဖက်ရည်ပြုလုပ်ဖို့ ဂျင်းလက်တစ်ဆစ်ခန့်ကို ရေနွေးဆူဆူထဲ ထည့်ပြီး ခဏလောက်ကြာတဲ့အခါ သောက်နိုင်ပါတယ်။ ဂျင်းတက် တစ်တက်ကို ဝါးစားပေးခြင်းအားဖြင့်လည်း လေရောဂါတွေကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။

 

၄. နနွင်းနဲ့ ဂျင်း လက်ဖက်ရည်

နနွင်းမှာပါတဲ့ Curcumin ဆိုတဲ့ ဓါတ်ပစ္စည်းဟာ ရောင်ရမ်းခြင်းကို သက်သာစေပြီး အစာမကျေ လေထိုးလေအောင့်တာတွေကိုလဲ သက်သာစေပါတယ်။ နနွင်းနဲ့ဂျင်းလက်ဖက်ရည်ကို ပြုလုပ်ဖို့ ရေနွေး ဖန်ခွက်တစ်ခွက်ထဲကို ကြိတ်ထားတဲ့ ဂျင်းနဲ့ နနွင်းတို့ကို ရောပြီး မိနစ်နှစ်ဆယ်လောက်အဖုံးအုပ်ထားပါ။ အရမ်းခါးနေမယ်ဆိုရင် ပျားရည် သံပုရာရည်တို့ကို ရော ထည့်ပြီး သောက်နိုင်ပါတယ်။

 

၅. သံပုရာရည်နွေး

သံပုရာရည်မှာ ပါတဲ့ အက်စစ်ဓါတ်ဟာ ခန္ဓာကိုယ်ထဲမှာ အစာချေဖျတ်ပေးတဲ့ Hydrochloric Acid ထွက်ခြင်းကို အားပေးပြီး ရေနွေးကတော့ အစာချေလမ်းကြောင်း တစ်လျှောက် ဆေးကြောပေးပါတယ်။ သံပုရာရည်ဟာ အသည်းအင်ဇိုင်းတွေရဲ့အလုပ်လုပ်ဆောင်မှုကို အားပေးတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ရေနွေးနွေးဖန်ခွက်တစ်ခွက်ထဲကို သံပုရာခြမ်းသုံးခြမ်းကို ညစ်ထည့်ပါ။ မနက်တိုင်း အစာမစားခင် ဖန်ခွက်တစ်ခွက် ကုန်အောင်သောက်ပေးပါ။

Read times
Rate this item
(2 votes)