What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 13:56

အသက် ၄၀ ကျော်သူများနွားနို့ ပိုသောက်သုံးသင့်

ကလေးငယ်ရဲ့အရိုးများ ကျန်းမာသန်စွမ်းစေရန် နွားနို့သောက်ပေးသင့်ပါတယ်။

ဒါပေမဲ့ ကလေးငယ်သာ သောက်သုံးသင့်တာမဟုတ်ဘဲ အသက် ၄၀ ကျော် အမျိုးသား၊ အမျိုးသမီးများလည်း နွားနို့ကိုပိုပြီးသောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်လိုအပ်သော အာဟာရဓာတ်နဲ့ အရိုးများကို ပိုပြီးသန်မာစေပါတယ်။

 

နွားနို့သည် ကလေးဘဝနှင့် အလွန်ဆက်စပ်နေ ပြီး အရွယ်ရောက်သူများအနေဖြင့် ကော်ဖီနှင့် လက်ဖက်ရည်ကို ပိုမိုသောက်သုံးလာ သောကြောင့်ဖြစ်သည်။ နွားနို့တွင် ကျန်းမာရေးအကျိုးကျေးဇူးအများအပြားရှိပြီး ကယ်လ်ဆီယမ်ကြွယ်ဝသောကြောင့် အထူးသဖြင့် အရိုးကျန်းမာရေးအတွက် အလွန်ကောင်းမွန်သည်။

 

နွားနို့တွင် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာ မင်နှင့် သတ္တုဓာတ်များ အများအပြားပါဝင်သည်။ စွမ်းအင်လိုအပ် သော ဗီတာမင်ဒီ၊ ဖော့စ်ဖောရပ်စ်နှင့် ဗီတာမင်ဘီအုပ်စု ပါဝင်သလို ကိုယ်ခံအားစနစ်ကောင်းပြီး အရေပြားကျန်းမာရေးအတွက် ကောင်းသော ဗီတာမင်အေလည်း ပါဝင်သည်။ နွားနို့စစ်စစ်က ပရိုတင်းအရင်းအမြစ်လည်းဖြစ်ပြီး ပုံမှန်နို့တစ်ခွက်တွင် ကြွက်သားတစ်သျှူးများ ပြုပြင်တည်ဆောက်ရာ၌ အကူအညီပေးသော ပရိုတင်း ရှစ်ဂရမ်ခန့် ပါဝင်သည်။

 

Hospital (ဆေးရုံသုံး ပစ္စည်းများ ရောင်းချသော ဆိုင်ပေါင်း ၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospita

 

အသက်(၁၂)နှစ်အောက် ကလေးများသည် ၂၅၀ မီလီမီတာ ပါဝင်သော နွားနို့နှစ်ခွက် ပုံမှန်သောက်သုံးခြင်းဖြင့် လုံလောက်သော ဗီတာမင်၊ ပရိုတင်းနှင့် ကယ်လ်ဆီယမ်များ ရရှိနိုင်သည်။ အသက်ကြီးသူအနေဖြင့် နံနက်တစ်ကြိမ်၊ ညအိပ်ရာ မဝင်မီ တစ်ကြိမ် ဖန်ခွက်ခန့် နွားနို့ကိုသောက်သုံးပါက ခန္ဓာကိုယ်တွင်လိုအပ် သော အာဟာရဓာတ်များ ရရှိနိုင်သည်။

 

အရေးကြီးသောအချက်မှာ နွားနို့သောက်ခြင်းကို နံနက်စာ၊ ညစာများအတွက် အစားထိုးခြင်းမဟုတ်ဘဲ ကျန်းမာရေးပိုကောင်း ရန် ဖြည့်စွက်စာအနေဖြင့် သောက်သုံးခြင်းဖြစ်သည်။

7daydaily


(Zawgyi)

=====


အသက္ ၄၀ ေက်ာ္သူမ်ားႏြားႏို႕ ပိုေသာက္သံုးသင့္

 

ကေလးငယ္ရဲ႕အ႐ိုးမ်ား က်န္းမာသန္စြမ္းေစရန္ ႏြားႏို႔ေသာက္ေပးသင့္ပါတယ္။ ဒါေပမဲ့ ကေလးငယ္သာ ေသာက္သံုးသင့္တာမဟုတ္ဘဲ အသက္ ၄၀ ေက်ာ္ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားလည္း ႏြားႏို႔ကိုပိုၿပီးေသာက္သံုးေပးျခင္းျဖင့္ ခႏၶာကိုယ္တြင္လုိအပ္ေသာ အာဟာရဓာတ္နဲ႔ အရိုးမ်ားကို ပိုၿပီးသန္မာေစပါတယ္။

 

ႏြားႏို႔သည္ ကေလးဘဝႏွင့္ အလြန္ဆက္စပ္ေန ၿပီး အရြယ္ေရာက္သူမ်ားအေနျဖင့္ ေကာ္ဖီႏွင့္ လက္ဖက္ရည္ကို ပိုမိုေသာက္သံုးလာ ေသာေၾကာင့္ျဖစ္သည္။ ႏြားႏို႔တြင္ က်န္းမာေရးအက်ိဳးေက်းဇူးအမ်ားအျပားရွိၿပီး ကယ္လ္ဆီယမ္ႂကြယ္ဝေသာေၾကာင့္ အထူးသျဖင့္ အ႐ိုးက်န္းမာေရးအတြက္ အလြန္ေကာင္းမြန္သည္။

 

ႏြားႏို႔တြင္ က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္ေသာ ဗီတာ မင္ႏွင့္ သတၱဳဓာတ္မ်ား အမ်ားအျပားပါဝင္သည္။ စြမ္းအင္လိုအပ္ ေသာ ဗီတာမင္ဒီ၊ ေဖာ့စ္ေဖာရပ္စ္ႏွင့္ ဗီတာမင္ဘီအုပ္စု ပါဝင္သလို ကိုယ္ခံအားစနစ္ေကာင္းၿပီး အေရျပားက်န္းမာေရးအတြက္ ေကာင္းေသာ ဗီတာမင္ေအလည္း ပါဝင္သည္။ ႏြားႏို႔စစ္စစ္က ပ႐ိုတင္းအရင္းအျမစ္လည္းျဖစ္ၿပီး ပံုမွန္ႏို႔တစ္ခြက္တြင္ ႂကြက္သားတစ္သွ်ဴးမ်ား ျပဳျပင္တည္ေဆာက္ရာ၌ အကူအညီေပးေသာ ပ႐ိုတင္း ရွစ္ဂရမ္ခန္႔ ပါဝင္သည္။

 

Hospital (ေဆးရံုသံုး ပစၥည္းမ်ား ေရာင္းခ်ေသာ ဆိုင္ေပါင္း ၉၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Hospita

 

အသက္(၁၂)ႏွစ္ေအာက္ ကေလးမ်ားသည္ ၂၅၀ မီလီမီတာ ပါဝင္ေသာ ႏြားႏို႔ႏွစ္ခြက္ ပံုမွန္ေသာက္သံုးျခင္းျဖင့္ လံုေလာက္ေသာ ဗီတာမင္၊ ပ႐ိုတင္းႏွင့္ ကယ္လ္ဆီယမ္မ်ား ရရွိႏိုင္သည္။ အသက္ႀကီးသူအေနျဖင့္ နံနက္တစ္ႀကိမ္၊ ညအိပ္ရာ မဝင္မီ တစ္ႀကိမ္ ဖန္ခြက္ခန္႔ ႏြားႏို႔ကိုေသာက္သံုးပါက ခႏၶာကိုယ္တြင္လိုအပ္ ေသာ အာဟာရဓာတ္မ်ား ရရွိႏိုင္သည္။

 

အေရးႀကီးေသာအခ်က္မွာ ႏြားႏို႔ေသာက္ျခင္းကို နံနက္စာ၊ ညစာမ်ားအတြက္ အစားထိုးျခင္းမဟုတ္ဘဲ က်န္းမာေရးပိုေကာင္း ရန္ ျဖည့္စြက္စာအေနျဖင့္ ေသာက္သံုးျခင္းျဖစ္သည္။

7daydaily

Read times Last modified on Friday, 06 March 2020 17:44
Rate this item
(1 Vote)