What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 December 2016 15:06

ဆောင်းရာသီမှာ ကျန်းမာရေးအတွက် ရှောင်ရန် ၊ ဆောင်ရန်များ နှင့် နေထိုင်စားသောက်နည်းများ

ဆောင်းရာသီမှာ ကျန်းမာရေးအတွက် ရှောင်ရန် ၊ ဆောင်ရန်များ နှင့် နေထိုင်စားသောက်နည်းများ Google.com

ဆောင်းရာသီမှာ ကျန်းမာရေးအတွက် ရှောင်ရန် ၊ ဆောင်ရန်များ နှင့် နေထိုင်စားသောက်နည်းများ

ဆောင်းတွင်းမှာ ဖြစ်တဲ့ အရေပြားရေဓာတ်ခန်းခြောက်ခြင်းကို ဖြေရှင်းဖို့အတွက် ရေသောက်သုံးခြင်းနဲ့ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ဆည်းတာထက် အရေပြားကို ရေဓာတ်ပြန်လည်ဖြည့်ဆည်းတာက ပိုပြီး ထိရောက်စေပါတယ်။

ဆောင်းတွင်းရဲ့အရေပြားရေဓာတ်ခန်းခြောက်တာနဲ့ ခန္ဓာကိုယ်ရေခန်းခြောက်တာနဲ့မတူပါဘူး ၊ ဆောင်းတွင်းမှာ တိုက်တဲ့လေက အအေးဓာတ်ပါပြီး အရေပြားအကြည်က လေနဲ့ထိပြီး အရေပြားကို ခြောက်စေပါတယ်။

ခန္ဓာကိုယ်ထဲက ခြောက်တာမဟုတ်တဲ့အတွက် ရေသောက်ခြင်းကြောင့် ရေဓာတ်ကို ဖြည့်တာ အကျိုးရှိပေမယ့် လုံလောက်မှာ မဟုတ်ပါဘူး။

အပြင်ပိုင်းမှာ အရေပြားကို ရေဓာတ်ထိန်းသိမ်းပေးဖို့က ပိုပြီး လိုအပ်ပါတယ်။

ခုလိုဆောင်းတွင်းမှာတော့ အသားလှဆီ ၊ မွိုက်ချာရိုက်စာတွေကို အရေပြားမှာ လိမ်းရတာ ဖြစ်ပါတယ်။

ဆောင်းတွင်းမှာ ရေနွေးနဲ့ရေချိုးခြင်း

ဆောင်းတွင်းမှာ ရေနွေးတွေနဲ့ရေချိုးမယ်ဆိုရင် အသားအရေ ပိုပြီး ခြောက်စေတတ်ပါတယ်။

ပိုခြောက်တော့ အသားယားလို့ ကုတ်ရင်းကနေ အနာတွေ ပိုဖြစ်ပြီး ဒါမှမဟုတ် အသားကို ကုတ်ရင်းကနေ အသားထူလာပြီးတော့ နှင်းခူအဖြစ်ကို ပြောင်းသွားတတ်ပါတယ်။

ဒါတွေကို ဖြေရှင်းဖို့ဆိုရင် အစိုဓာတ်ကို ပြန်ဖြည့်ပေးဖို့လိုပါတယ် ၊ အရေပြားခြောက်နေတာကို ပြန်ကောင်းအောင် အဆီတစ်ခုခု လိမ်းခြင်း ၊ မျက်နှာဆိုရင် ခရင်မ်လိမ်းခြင်း ၊ ၀က်ခြံရှိတဲ့သူတွေဆိုရင် ခရင်မ်အစား ဂျယ်ကို လိမ်းခြင်း လုပ်ရပါ့မယ်။

ဆောင်းတွင်း ခြေဖနောင့်ကွဲခြင်း

ခြေဖ၀ါးကွဲတယ်ဆိုတာက အရေပြားအရမ်းအခြောက်လွန်ပြီး ကွဲတာဖြစ်ပါတယ်။

ခြေဖ၀ါး ၊ လက်ဖ၀ါးကွဲတဲ့သူတွေဆိုရင် ညနေဘက် ရေချိုးတာကို ရှောင်ရပါ့မယ်။

ညနေဘက်ရေချိုးတာက ပိုပြီးကွဲစေတတ်ပြီး မနက်ပိုင်း ရေချိုးတာက အကောင်းဆုံးပါပဲ။

အဆီတစ်ခုခု လိမ်းခြင်း ၊ ရေနွေးနွေးလေး စိမ်ပေးခြင်း လုပ်သင့်ပါတယ်။

ဆောင်းရာသီမှာ နှင်းခူရောဂါကို ကုသနည်း

ဆောင်းရာသီတွင် အရေပြား နှင့်ဖုန်များထိတွေ့သောကြောင့် အရေပြားယားယံခြင်းများဖြစ်ပေါ်လာ တတ်ပြီး အရေပြားကို ကုတ်ဖဲ့ရာမှ တစ်ဆင့်ဝဲနှင်းခူများ၊ ပြည်တည် နာများဖြစ်ပေါ်လာပါတယ်။

နှင်းခူရောဂါအခံရှိသူတွေအနေနဲ့ နှင်းခူရောဂါက ပြန်ကြွလာတာကြောင့် သက်ဆိုင်ရာ အရေပြား ဆရာဝန်တွေနဲ့ ကုသတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

ဆောင်းရာသီမှာ နှင်းခူရောဂါသည် ပိုပြီး အဖြစ်များပြီး ဒီလိုအချိန်မှာက ပုံမှန်ပေးထားတဲ့ဆေးတွေကို တိုးသောက်တာ ၊ လိမ်းတာတွေလုပ်ရပါတယ်။

ဆောင်းရာသီမှာ အဖြစ်များသော လက္ခဏာများ

- လည်ပင်းနာခြင်း။

- အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း။

- အသားခြောက်ခြင်း၊ ကွဲခြင်း ၊ နှုတ်ခမ်းကွဲခြင်း။

- ရင်ကြပ်ခြင်း ၊ အအေးမိဖျားနာခြင်း။

ဆောင်းရာသီအတွင်း နေထိုင်စားသောက်နည်း

- အသီးအနှံ ၊ ဟင်းသီးဟင်းရွက်နဲ့ နို့ ထွက်ပစ္စည်းတွေ များများစားပါ။

- အိပ်စက်ခြင်း နဲ့ အားကစားလှုပ်ရှားမှုတွေအတွက် အချိန်ပိုပေးပါ။

- ဟင်းခတ်အမွှေးအကြိုင်များများဖြင့် ချက်ပြုတ်စားသောက်ပါ။

- အရည်များများသောက်ပါ။

- လက်အမြဲဆေးပါ။

Source: kumudra journal, natureenergycares

Read times Last modified on Friday, 09 December 2016 15:22
Rate this item
(1 Vote)