What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 July 2017 15:32

မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများကို ဆင်ခြင်သတိပြုရမည့် နည်းလမ်းများ

မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများကို ဆင်ခြင်သတိပြုရမည့် နည်းလမ်းများ google.com

ယခုလိုမိုးရာသီအချိန်အခါသည် ဥပမာအားဖြင့် အဖြစ်များသော အအေးမိခြင်း၊ တုပ်ကွေး၊ တိုက်ဖွိုက်၊ အသည်းရောဂါအေ၊ သွေးလွန်တုပ်ကွေးနှင့် အခြားရောဂါများကဲ့သို့ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးဆိုင်ရာ ရောဂါကူးစက်မှုများ အဖြစ်အများဆုံးကာလဖြစ်သည်။

ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ယင်းရောဂါများ ဖြစ်ပွားနိုင်သည့် အားနည်းချက်အများဆုံး အရွယ်များဖြစ်ကြောင်း ဆရာဝန်များကပြောသည်။

တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်ခြင်း၊ အန္တရာယ်ရှိသော အစားအစာများကိုရှောင်ရှားခြင်းနှင့် အသုံးပြုသော ရေတွင် ရောဂါပိုးမွှားများ ကင်းစင်နေစေရန် လိုအပ်သည်။

READ - တုပ်ကွေးကူးစက်မှု မရှိစေရန် သတိထားရမည့် အချက်များ

စိုစွတ်သောရာသီဥတုက ဗက်တီးရီးယားများ ပေါက်ဖွားစေနိုင်သည်။ ယင်းကြောင့်ရောဂါများ ပျံ့နှံ့နိုင်သည်။

လက်ကိုပုံမှန်ဆေး ကြောခြင်း၊ လတ်ဆတ်သော အစားအစာများစားခြင်း၊ ဘေးပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ဆရာဝန်များကပြောသည်။

သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများအား ဗိုင်းရပ်စ်ကြောင့် ပြင်းထန်သော နောက်ဆက်တွဲ ရောဂါများ ဖြစ်မလာစေရေး ကာကွယ်ဆေးများ ထိုးနှံထားသင့်သည်ဟု သုတေသီများကပြောသည်။

ကျန်းမာရေးနှင့်အညီ စားသောက်ခြင်းကလည်း ကိုယ်ခံအားစနစ်ကို အားကောင်းစေသဖြင့် ရောဂါကူးစက်မှု အန္တရာယ် လျော့ကျစေနိုင်သည်။

မိုးရာသီတွင် ရေဝပ်သောနေရာ၌ ခြင်ပေါက်ဖွားမှုကို ကာကွယ်ရန်လိုသလို ငှက်ဖျား၊ သွေးလွန်တုပ်ကွေးကဲ့သို့ ရောဂါများသည် ပြည်သူ့ကျန်းမာရေးအတွက် ပြဿနာဖြစ်လာနိုင်သော ရောဂါများဖြစ်သည်။

မိုးရာသီတွင် စိုစွတ်မှုအဆင့်မြင့်မားသောကြောင့် အရည် သောက်သုံးမှုနည်းပါးပြီး ရေဓာတ်ခန်းခြောက်မှုဆီသို့ ဦးတည်သွားနိုင်သည်။

မိုးရာသီတွင် ဆီးချိုရောဂါသည်များ အနေဖြင့် ခြေထောက်များ၌ ရောဂါပိုးဝင် ရောက်နိုင်သဖြင့် ဆီးချို ရောဂါသည်များ၏ ခြေ ထောက်များကို ခြောက်သွေ့စွာထားရန်နှင့် သကြားဓာတ်ကို ထိန်း ချုပ်ရန် အရေးကြီးသည့် ခွဲစိတ်ကုသမှုခံယူထားသူများ၊ ပြင်းထန် သောရောဂါများအတွက် ဆေးဝါးတာရှည်သောက်သုံး နေရသူများ ရောဂါကူးစက်နိုင်ခြေမြင့်မားကြောင်း ဆရာဝန်များက ပြောကြား သည်။

READ - ချောင်းဆိုးခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် နှင့် သက်သာစေမည့် အချက်များ

www.healthproducts.com.mm

Source: 7 day daily

Read times
Rate this item
(1 Vote)