What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 November 2018 11:55

အံဆုံးပေါက်ခြင်း ကို ဆေးခန်းမသွားဘဲ ပါးနပ်ကုသနည်းများ

အံဆုံးပေါက်ခြင်းဟာ သွားကိုက်၊ သွားနာတွေထဲမှာ အဆိုးဆုံးအရာတစ်ခုဖြစ်ပါတယ်။ တကယ်တော့ အံဆုံးပေါက်ခြင်းဟာ လူတိုင်းတော့မှာတော့ဖြစ်နေတာမဟုတ်ပါဘူး။

ကံကောင်းတဲ့သူတွေကတော့ အံဆုံးပေါက်ကြပေမယ့် နာကျင်မှုကိုမခံစားရပါဘူး။ အံဆုံးတွေဟာ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြားမှာထွက်လာတတ်ကြတာဖြစ်တာကြောင့် တချို့လူတွေဟာ အသက် ၂၀ ကျော်သည်ထိ အံဆုံးပေါက်ခြင်းနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ အောက်မှာတော့ အံဆုံးပေါက်တဲ့အခါ နာကျင်မှုခံစားရသူတွေအတွက် ဆေးခန်းသွား၊ အကိုက်ခဲပျောက်ဆေးသောက်စရာမလို ပျောက်ကင်းနိုင်တဲ့အိမ်တွင်းနည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

ရေနွေးနှင့်ဆား

ဆားဟာ သဘာဝပိုးသတ်ဆေးတစ်ခုဖြစ်ပါတယ်။ အနည်းငယ်နွေးနေတဲ့ရေနွေးထဲမှာ ဆားထည့်ပြီး ခံတွင်းမှာခဏတာငုံခြင်း၊ ထွေးခြင်းပြုလုပ်ပေးနိုင်ပါတယ်။ ဒါက သွားကိုက်ခြင်းအတွက် ထိရောက်မှုရှိတဲ့ကုသနည်းတစ်ခုပါ။ ဆရာဝန်တွေကတော့ ဒီနည်းကို အရေးပေါ်ကုသနည်းတစ်ခုအဖြစ်သုံးကြပြီး တစ်နေ့ကို ၅ ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။ ဒီနည်းဟာ လွယ်ကူပေမယ့် အရမ်းအစွမ်းထက်တဲ့နည်းတစ်ခုဖြစ်ပါတယ်။

 


မုန့်ဖုတ်ဆိုဒါနှင့် သွားတိုက်ဆေး

ရောင်ခြင်း နဲ့ကိုက်ခဲနာကျင်ခြင်းဟာ အံဆုံးပေါက်ခြင်းရဲ့နောက်ဆက်တွဲတွေဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ ကတော့ ရောင်ခြင်းကို ကုသပေးနိုင်ပြီး သွားတိုက်ဆေးပါထည့်သုံးပေးရမှာဖြစ်ပါတယ်။ သုံးနေကျသွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါရောစပ်ပြီး အံဆုံးနေရာပေါ်တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။ ဒါကတော့ နာကျင်မှုကို မိနစ်ပိုင်းအတွက်သက်သာသွားစေမှာပါ။

 

ရေခဲကပ်ပါ

ရောင်ခြင်းနဲ့ကြုံတွေ့ရတဲ့အခါ ရေခဲဟာ ကျွန်တော်တို့ခေါင်းထဲ စပေါ်လာတဲ့အရာဖြစ်ပါတယ်။ ရေခဲထုပ်ကို ပါးစောင်နေရာကနေ ရေခဲကပ်ထားလိုက်ရုံပါပဲ။ ဒီနည်းကတော့ ၁၅ မိနစ်ကပ်ထားလိုက် ၊ ၁၅ မိနစ်ကြာခဏနားလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်နေ့မှာ အကြိမ်ရေများစွာပြုလုပ်နိုင်ပြီး ကိုယ်နာကျင်ကိုက်ခဲတဲ့အခါတိုင်းပြုလုပ်ပေးနိုင်ပါတယ်။

 

Tea Bag

Tea Bag အမျိုးမျိုးတိုင်းဟာ အံဆုံးပေါက်ခြင်းအတွက်အသုံးဝင်ပါတယ်။ tea bag အနွေးဓာတ်ရှိနေစဉ်မှာ ကပ်ထားပေးရုံနဲ့ ရောင်ခြင်းကိုသက်သာစေနိုင်ပါတယ်။ ကိုက်နေသောသွားပေါ်မှာ တိုက်ရိုက်တင်ထားပေးပါက နာကျင်မှု တွေပါ သက်သာသွားစေနိုင်ပါတယ်။

 

လေးညှင်း

လေးညှင်းကို ရှေးလူကြီးတွေခေတ်တည်းကသုံးခဲ့တာဖြစ်ပါတယ်။ ရှေးလူကြီးတွေရဲ့ပြောပြချက်အရ ကိုက်နေသောသွားပေါ်မှာ လေးညှင်းကိုထားခြင်းဟာ နာကျင်မှုကိုသက်သာစေတယ်လို့သိရပါတယ်။ ယခုခေတ်မှာတော့ လေးညှင်အဆီကို ဂွမ်းစနဲ့ယူပြီး သုံးနေကြပါပြီ။ တကယ်လို့လေးညှင်းအဆီဟာ အရမ်းအနံ့ပျင်းလွန်းနေတယ်လို့ခံစားရပါက သံလွင်ဆီနဲ့ ရောပေးနိုင်ပါတယ်။

 

နနွင်း

နနွင်းဟာ ရောဂါပိုးသတ်ခြင်း၊ မန်းဆေးနဲ့ သန့်စင်စေခြင်းမှာ အထိရောက်ဆုံးဆေးဘက်ဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ အံဆုံးပေါက်ခြင်းမှာ အထူးအကြံပြုရတဲ့ဆေးတစ်လက်ဖြစ်လာတာပါ။ အသုံးပြုနည်းကတော့ နနွင်းကိုရေမှာ တစ်လက်မစာထည့်ပြီး ပလုတ် ကျင်းပေးဖို့ပဲဖြစ်ပါတယ်။

 

ကြက်သွန်နီ

ကြက်သွန်နီကို ဒီနေရာမှာ တွေ့ရတော့ နည်းနည်းတော့ ထူးဆန်းသွားမယ်ထင်ပါတယ်။ တကယ်တော့ ကြက်သွန်နီဟာ သွားကိုက်ခြင်းကိုကုသတဲ့နေရာမှာဆရာကြီးတွေပါ။ ကြက်သွန်နီကို ရိုးရိုး လှီးပြီး ကိုက်နေတဲ့သွားပေါ်မှာထားလိုက်ရုံပါပဲ။ သူတို့တွေမှာ ပိုးမွှားသန့်စင်နိုင်သောဂုဏ်သတ္တိ၊ ရောင်ခြင်းကိုကုသပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်တာကြောင့် နာကျင်မှုနဲ့ ပါးစပ်ထဲက ဘက်တီးရီးယားတွေပါ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကိုဖတ်ပြီးပြီဆိုရင်တော့ သွားနာ၊ သွားကိုက်၊ အံဆုံးပေါက်နေတဲ့သူငယ်ချင်းမိတ်ဆွေတွေအတွက်မျှဝေပေးသွားပါနော်။

Source:mingalarbarmorning

 

ငါးနှင့် ငါးကြီးဆီက နှလုံးရောဂါအန္တရာယ် လျော့ကျစေနိုင်

ငါးနှင့် ငါးကြီးဆီက နှလုံးရောဂါအန္တရာယ် လျော့ကျစေနိုင်

Read times
Rate this item
(1 Vote)