What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 July 2017 14:24

မျက်ကပ်မှန်တပ်သူတိုင်း သိထားသင့်တဲ့ အချက်များ

မျက်ကပ်မှန်တပ်သူတိုင်း သိထားသင့်တဲ့ အချက်များ google.com

ကိုယ်က မျက်ကပ်မှန်တပ်သူဖြစ်ရင် ဒါမှမဟုတ် မျက်မှန်တွေ ချွတ်ပြီး မျက်ကပ်မှန်ပြောင်းသုံးဖို့ စဉ်းစားနေသူဖြစ်ရင် အောက်ပါအချက်တချို့ကို သိထားဖို့ လို ပါတယ်။

၁. နေပူခံလွန်းရင် မျက်စိပိုးဝင်နိုင်

မျက်ကပ်မှန်တပ်သူတွေမှာရတတ်တဲ့ မျက်စိပိုးဝင်မှုကUV ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်ရတာ များပါတယ်။ မျက်ကပ်မှန်တံဆိပ်အများစုဟာ အခုခေတ်မှာ UVA/UVB ကာကွယ်နိုင်တယ်လို့ပြော လာကြပေမဲ့ နေရောင် ကာပေးတဲ့နေကာ မျက်မှန်လောက်တော့ လက်ခံနိုင်စရာ မကောင်းပါဘူး။

၂. မျက်ကပ်မှန်တပ်ထားလျက်နဲ့ ရေမကူးပါနဲ့

မျက်ကပ်မှန်တွေက ရေနဲ့ထိရင် အန္တရာယ်ပေးနိုင်တဲ့ အဏုဇီဝပိုးမွှားတွေ ထိတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေကူးတဲ့အခါ ဒါမှမဟုတ် ရေချိုးတဲ့အခါ မျက်ကပ်မှန် မချွတ်ချင်ဘူးဆိုရင် ရောဂါပိုးဝင်နိုင်ခြေ ပို နည်းစေဖို့ Goggles မျက်မှန်တွေ သုံးဖို့နဲ့ နေ့စဉ်သုံး တစ်ခါသုံးမျက်ကပ်မှန်တွေကို ပြောင်းသုံးဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

READ - အမြင်အာရုံကောင်းလာစေမယ့် သဘာဝနည်းလမ်း (၅) မျိုး

၃. ဘူးကို သန့်ရှင်းအောင်ထားပါ။

မျက်ကပ်မှန်ဘူးကို ဂရုတစိုက်နဲ့ ထိန်းသိမ်းဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ မျက်ကပ်မှန်ကို သိမ်းတဲ့အခါ မှောင်မိုက်တဲ့ပတ်ဝန်းကျင်ဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံး ဖြစ်တတ်တာကြောင့် သတိထားပါ။

၎. မျက်ကပ်မှန်တပ်ပြီး မအိပ်ပါနဲ့

မျက်ကပ်မှန်တပ်ထားပြီး မျက်စိမှိတ် ထားတဲ့အခါ အောက်ဆီဂျင်ရရှိမှု လျော့သွားတာကြောင့် မျက်နှာပြင်က ရောဂါပိုး ဝင်ဖို့ ပိုထိခိုက်လွတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မျက်ကပ်မှန်ပေါ်က ပိုးမွှားတွေကို မျက်ခွံအတွင်းသား တွေက မျက် ကြည်လွှာပေါ် ပိတ်သွင်းလိုက်သလို ဖြစ် စေပါလိမ့်မယ်။

၅. မျက်လုံးမပွတ်ပါနဲ့

ဘက်တီးရီးယားမျိုးစုံဟာ သာမန် မျက်မှန်တပ်သူထက် မျက်ကပ်မှန်တပ်သူရဲ့ မျက်လုံးအိမ်မှာ ကျန်ရှိနိုင်ခြေ ပိုများတယ်လို့ New York Universtiy School of Medicine သုတေသီတွေက ပြောပါတယ်။ သည်ဘက်တီးရီးယား တွေဟာလည်း မျက်လုံးမှာ တွေ့ရတတ်တဲ့အမျိုးအစားထက် အရေပြားမှာရှိတတ်တဲ့ ပိုးတွေနဲ့ ပိုတူတာတွေ့ရတယ်လို့ ဆိုပါတယ်။ သည်တော့ အကောင်းဆုံးက မျက်လုံးကို မပွတ်ပါနဲ့။

၆. မျက်စိကျန်းမာရေးကို ဂရုမစိုက်ရင် မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်စေနိုင်

Keratitis ဆိုတာ မျက်ကြည်လွှာ ရောင်ရမ်းမှုဖြစ်ပါတယ်။ မျက်ကပ်မှန်တပ် ရတဲ့နေရာဖြစ်တဲ့ မျက်ကြည်လွှာမှာ ရောင်ရမ်းမှုဖြစ်တာမျိုးက ဖြစ်ခဲတဲ့ နောက်ဆက်တွဲရောဂါဖြစ်ပေမဲ့ အရမ်းကို နာကျင်ရပြီး ချက်ချင်း ဆေးကုသမှုခံယူသင့်တဲ့ရောဂါပါ။ မကုသဘဲထားရင် အမြင်ဆုံးရှုံးရနိုင်တာ ဒါမှမဟုတ် မျက်စိကြည်လွှာ အစား ထိုးကုသရတာတွေ လိုအပ်လာနိုင်ပါတယ်။

၇. ရေထဲမထည့်ပါနဲ့

မျက်ကပ်မှန်တွေကို ရေထဲမထည့်ပါ နဲ့။ မျက်ကပ်မှန်တွေကို လူ့မျက်ရည်နဲ့ တူညီအောင် ထိန်းညှိထားတဲ့ saline ထဲမှာပဲ ထားရှိဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ရေကြောင့် သူ့ရဲ့နူးညံ့တဲ့ ထိန်းညှိမှုကို ထိခိုက်စေနိုင်ပါတယ်။

READ - ကွန်ပျူတာကို ဆက်တိုက်သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ???

Source: kumudranews

Read times
Rate this item
(0 votes)