What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 November 2022 15:40

နှလုံးရောဂါ သံသယဖြစ်နိုင်သည့် လက္ခဏာများ

အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာတွေလိုမျိုးဖြစ်ရင် နှလုံးရောဂါဖြစ်နေတယ်လို့ သံသယ ရှိနိုင်ပါတယ်။

 

၁. အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း

အိပ်ရင် ဟောက်တတ်တဲ့အတွက် အသက်ရှူရပ်သွားတဲ့အခါမှာ ဦးနှောက်ကနေ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထဲကို သွေးရောက်ရှိဖို့အတွက် နှလုံးနဲ့သွေးကြောတွေကို အလုပ်ပိုလုပ်ဖို့ အချက်ပေးလိုက်တာကြောင့် သွေးဖိအားမြင့်တက်လာတာ၊ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေ မြင့်မားလာပါတယ်။

 

၂. လိမ္မော်ဝါရောင် အဖုအပိမ့်များ ထွက်ခြင်း

ခန္ဓာကိုယ်ထဲမှာ ထရိုင်ဂလစ်စရိုက်တွေ အလွန်များပြားနေခဲ့ရင် လက်ဆစ်၊ ခြေဆစ်နဲ့ တင်ပါးပတ်ဝန်းကျင်က အရေပြားပေါ်မှာ လိမ္မော်ဝါရောင် အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ သွေးကြောအတွင်းမှာ ဒီအဆီတွေ အများအပြားရှိနေတာကြောင့် သွေးကြောတွေ မာကျောလာပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။

 

၃. ဆုပ်ကိုင်နိုင်အား လျော့နည်းခြင်း

သင့်လက်ရဲ့ ဆုပ်ကိုင်အားက သင့်နှလုံးသန်မာမှု ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ပစ္စည်းတွေကို ကောင်းကောင်းညှစ်နိုင်တာက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

 

၄. လက်သည်းအောက်တွင် အမည်းရောင်အစက်အပြောက်ပေါ်ခြင်း

သင့်လက်သည်းတွေ မတော်တဆ ထိခိုက်မိတာမရှိဘဲ လက်သည်းအောက်မှာ သွေးခြည်ဥသလို အမည်းရောင်အစက်ပေါ်နေတာက နှလုံး ဒါမှမဟုတ် နှလုံးအဆို့ရှင်မှာ ရောဂါပိုးဝင်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာပြသူတွေက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ နှစ်ဆကနေ လေးဆအထိ ပိုများပါတယ်။

 

၅. ခေါင်းမူးခြင်း

ခေါင်းမူးနေတာက နှလုံးချို့ယွင်းနေတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် ရောက်ရှိအောင် နှလုံးက ပို့မပေးနိုင်တာကြောင့်ပါ။ ခေါင်းမူးတာက နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်တာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြွက်သား အားနည်းတာကြောင့် နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက်လည်း ခေါင်းမူးနိုင်ပါတယ်။

 

၆. အသားအရေအရောင်ပြောင်းလဲခြင်း

လက်ချောင်းနဲ့ ခြေချောင်းတွေမှာ အပြာရောင် ဒါမှမဟုတ် အညိုရောင်ဖြစ်နေတာက မွေးရာပါ နှလုံးချို့ယွင်းတာ၊ သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့ သွေးလှည့်ပတ်မှုမကောင်းတာကြောင့်ပါ။ အသားအရေမှာ သွေးခြည်ဥသလို ဖြစ်နေတာက သွေးကြောထဲမှာ ကပ်ငြိနေတဲ့ ကိုလက်စထရောဖတ်တွေက ပြိုကွဲသွားပြီး အရေပြားအောက်ကို ရောက်ရှိသွားတာကြောင့်ပါ။

 

၇. သွားဖုံးသွေးယိုခြင်း

သွားဖုံးရောဂါနဲ့ နှလုံးရောဂါက ဆက်စပ်မှုရှိပါတယ်။ သွားဖုံးမှ ဘက်တီးရီးယားပိုးတွေက သွေးကြောကတစ်ဆင့် နှလုံးထဲရောက်သွားပြီး နှလုံးရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

၈. အရေပြားပေါ်တွင် ပုံမှန်ထက် အရောင်ရင့်သော အကွက်များထွက်ခြင်း

လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလိုမျိုး အသားအရေတွန့်ခေါက်တဲ့ နေရာတွေမှာ ပုံမှန်ထက် အရောင်ရင့်ပြီး ထူထပ်လာတဲ့ အသားအရေ ဖြစ်ပေါ်လာတာက အင်ဆူလင်ဟော်မုန်းကို အသုံးပြုရာမှာ အခက်အခဲဖြစ်လာတာကြောင့်ပါ။ ဆီးချိုရောဂါဖြစ်နိုင်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါကာကွယ်ဖို့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

၉. ခြေထောက်ဖောရောင်ခြင်း

အချိန်အကြာကြီး မတ်တတ်ရပ်ရသူများ၊ ထိုင်နေရသူများမှာ ခြေထောက် ဖောရောင်တတ်ပြီး များသောအားဖြင့် ကိုယ်ဝန်ဆောင်သူတွေမှာ အဖြစ်များပါတယ်။ နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်အတွင်း သွေးလှည့်ပတ်မှု မကောင်းတာကြောင့်လည်း အရည်တွေ စုဆောင်းမှုဖြစ်ကာ ခြေထောက်ဖောရောင်နိုင်ပါတယ်။ ရုတ်တရက် ခြေထောက်ဖောရောင်လာခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Read times
Rate this item
(0 votes)