What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 August 2017 14:10

ကျောက်ကပ်ကျန်းမာရေးအတွက် လိုက်နာသင့်သော အချက်အလက်များ

ကျောက်ကပ်ကျန်းမာရေးအတွက် လိုက်နာသင့်သော အချက်အလက်များ google.com

ခန္ဓာကိုယ်ထဲရှိ ကျောက်ကပ်တစ်စုံမှာ အဆိပ်အတောက် များကို စစ်ထုတ်ပေးသော ရေစစ်များအဖြစ် လုပ်ဆောင်ပေး သော်လည်း အဆိပ်အတောက်များစွာ ဖြစ်တည်လာပြီး ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များ ကို စွန့်ထုတ်ပစ်ရန် လုံလောက်သော ရေပမာဏမရှိပါက ကျောက်ကပ်များ ပြဿနာဖြစ်လာနိုင်သည်။

ကျောက်ကပ်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရေး ရေလုံလောက်စွာ သောက်သုံးရန်လိုအပ်သည်။

တစ်နေ့လျှင် ရေဖန်ခွက်ရှစ်ခွက်မှ ဆယ်ခွက်အထိ သောက်ပေးသင့်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ကျောက်ကပ်များမှာ အညစ်အကြေးများ ရှင်းလင်းပေးသော ၎င်းတို့၏ လုပ်ငန်းစဉ်ကို ရေမရှိဘဲနှင့် မလုပ်ဆောင်နိုင်ပေ။

သို့သော် လိုအပ်သော ပမာဏထက်ရေပိုသောက်ခြင်းကြောင့် ကျောက်ကပ်များအတွက် ပိုဖိအား ဖြစ်စေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

READ - ကျောက်ကပ် ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ

ကျွန်တော်တို့၏ နေ့စဉ်လူနေမှု ဘ၀ပုံစံများတွင် ခန္ဓာကိုယ်အတွင်းပိုင်းအတွက် သန့်ရှင်းရေးလုပ်ငန်းစဉ် မပါဝင်ပေ။ 

လူအများစုမှာ အကြော် အလှော်များ၊ ပြန်လည်သန့်စင်ထားသော အစားအသောက်များ၊ သကြားနှင့် ကဖိန်း၊ နီကိုတင်းဓာတ်တို့ကိုပါ သုံးစွဲလေ့ရှိသောကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း ညစ်ညမ်းမှုဖြစ်ပေါ်သဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရန်လိုအပ်သည်။

တစ်ရက်မျှ အစာမစားဘဲနေကာ သစ်သီးဖျော်ရည်များသာ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းပေးသကဲ့သို့ဖြစ်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ကြောင်း ကျန်းမာရေးပညာရှင်များ က ပြောသည်။

ခန္ဓာကိုယ်စနစ် ကောင်းမွန်စေရန် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့် ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားပေးသင့်သည်။

ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းစေသော အစားအသောက်များ စားပေးခြင်းဖြင့် အပိုအက်စစ်များကို ဖယ်ရှားပေးနိုင်သည်။

ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သော အစားအသောက်များကို ရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းဓာတ်လွန်ကဲစွာ စား သောက်ပါက ကျောက်ကပ်များကို အလုပ်ရှုပ်စေပြီး ပိုနေသော ပရိုတင်းဓာတ်များက ကျောက်ကပ်များ၏ လုပ်ဆောင်ချက်ကို ပျက်ယွင်းသွားစေနိုင်သည်။

ထို့ကြောင့် အာဟာရဓာတ်မျှတစွာ ပါဝင်သည့် အစားအစာများကို မဖြစ်မနေစားပေးရမည် ဖြစ်သည်။

ကျွန်တော်တို့၏ သွေးများမှ စွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်များနှင့် အန္တရာယ်ရှိသော ပစ္စည်းများကို ကျောက်ကပ်များက စွန့်ပစ်ပေးသည်။

သွေးထဲတွင်ပါဝင်သော အညစ်အကြေးများကို ကျောက်ကပ်က တစ်နေ့လျှင် ၄၈ ကြိမ်ခန့် စွန့်ပစ် ရန် လုပ်ဆောင်ပေးသည်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ သဘာဝ ဆန်၊ ဂျုံ၊ ပြောင်းများစားပေးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် များ၊ အစေ့များ၊ အခွံမာသီးများနှင့် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ တွင် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓာတ်က ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်သည်။

တစ်နေ့လျှင် ရေသုံးလီတာ (သို့မဟုတ်) လေးလီတာထက် ပိုမသောက်သင့်ပေ။ ရေကို ခန္ဓာကိုယ်က လိုအပ်သည့် ပမာဏထက် ပိုသောက်ပါက ကျောက်ကပ်များကို ဖိအားပိုစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။

ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးများကို ကျောက်ကပ်များက စစ်ထုတ်ပေးပြီး စွန့်ပစ်သင့်သည့် အရာများကို ဖယ်ရှားကာ မလိုလားအပ်သော ရေများကို မိနစ် ၃၀ ကြာတိုင်း ဆီးအဖြစ် စွန့်ပစ်ပေးသည်။

လူတစ်ယောက်တွင် ကျောက်ကပ် နှစ်လုံးပါရှိသော်လည်း လူအများစုမှာ ကျောက်ကပ်တစ်လုံးတည်းနှင့် အသက်ရှင်နိုင်သည်။

အကယ်၍ ကျောက်ကပ်ပျက်စီးနေပါက အစားထိုးကုသရန် လိုအပ်သည်။ သို့သော် အစားထိုးကုသခွင့်ရရန် စောင့်ဆိုင်းရင်း နှစ်စဉ်လူများစွာ သေဆုံးလျက်ရှိသည်။

ကျောက်ကပ်အန္တရာယ်ဖြစ်ရသော အကြောင်းရင်းများတွင် မိသားစု၌ ကျောက်ကပ်ရောဂါ ရာဇ၀င်ရှိခြင်း၊ ဆီးချို၊ သွေးတိုးရှိခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများရှိခြင်းတို့ကြောင့် ဖြစ်သည်။

ကျောက်ကပ်ရောဂါမှာ ရောဂါလက္ခဏာများ မပြသဖြင့်  ကြိုတင်စစ်ဆေးသိရှိနိုင်ခြင်း မရှိပေ။ ကျောက်ကပ်များ ပုံမှန်အလုပ်လုပ်၊ မလုပ်ဆိုသည်ကို သိနိုင်ရန် သွေး၊ ဆီးတို့ကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်သဖြင့် ကျောက်ကပ်ရောဂါ ဖြစ်နိုင်သည့် အန္တရာယ်ရှိသူများအဖို့ ပုံမှန်စစ်ဆေးမှု ခံယူသင့်သည်။

READ - သင် သတိမပြုလိုက်မိဘဲ ကျောက်ကပ် ထိခိုက်သွားစေနိုင်သည့် အမူအကျင့် (၈) ခု

Source: 7 day daily

Read times
Rate this item
(1 Vote)