What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 August 2018 15:06

သွေးလွှတ်ကြောအတွင်း ကယ်လ်ဆီယမ် စုဝေးမှု နှလုံးရောဂါဖြစ်ပွားနိုင်

သွေးလွှတ်ကြောအတွင်း ကယ်လ်ဆီယမ် စုဝေးမှု နှလုံးရောဂါဖြစ်ပွားနိုင် Google.com

နှလုံးမှထွက်လာသော သွေးလွှတ်ကြောများတွင် ကယ်လ်ဆီယမ်ချိုးများရှိနေသော လူငယ်များသည် နှလုံးရောဂါအန္တ ရာယ်ရှိနေပြီဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြသည်။

အသက်(၃၂) နှင့် (၄၆)နှစ်ကြား အရွယ်များတွင် ကယ်လ်ဆီ ယမ်ချိုး စုဝေး၍ သွေးကြောမာကျောခြင်းဖြစ်ပေါ်နေပါက နောင် လာမည့် ၁၂ နှစ်အတွင်း နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်မှုဖြစ်နိုင် ခြေ ငါးဆတိုးလာနိုင်ကြောင်း သုတေသီများကတွေ့ရှိခဲ့သည်။

‘‘နှလုံးရောဂါဟာ တကယ်တော့ ဆယ်ကျော်သက်နဲ့ လူကြီး ဘ၀အစမှာ စတင်တာပါ’’ဟု ဦးဆောင်သူ သုတေသီဒေါက်တာ ဂျက်ဖရီကားကပြောသည်။ မစ္စတာကားသည် တင်နက်စီပြည်နယ် ဘန်ဒါဆစ်တက္ကသိုလ်မှ ရေဒီယိုပညာ၊ ဇီဝဆေးပညာနှင့် နှလုံးရောဂါဆိုင်ရာ ဆေးပညာပါမောက္ခဖြစ်သည်။

ယခုလေ့လာမှုအတွက် ပျမ်းမျှအသက် (၄၀)ရှိသူ လူပေါင်း ၃၀၀၀ အား သွေးကြောပိတ်ဆို့နိုင်ဖွယ်နေရာများကို ရှာဖွေသိရှိနိုင် သည့် ဓာတ်မှန် (CT)များ ရိုက်ယူခဲ့သည်။ ကယ်လ်ဆီယမ်စုဝေးမှု (ကယ်လ်ဆီယမ်ချိုး) အနည်းငယ်ရှိလျှင်ပင် လာမည့် ၁၀ နှစ်အတွင်း အခြားအန္တရာယ်ရှိသော အခြင်းအရာများလည်း မထွက်လျှင်ပင် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သုတေသီများကပြောသည်။

ယင်းအတွက် လူတိုင်း CT ဓာတ်မှန်ရိုက်ရမည်ဟု ပြောလိုခြင်း မဟုတ်ပေ။

သို့သော် အသက်အရွယ်ငယ်ရွယ်ချိန်မှာပင် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်း၊ အ၀လွန်ခြင်း၊ ဆေးလိပ်သောက်သူဖြစ်ခြင်းစသော အန္တရာယ်အခြင်းအရာများရှိနေပါက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ မြင့်မားသလားဆိုသည်ကို သိရှိနိုင်ရန်CT ဓာတ်မှန်ရိုက်ကြည့်သင့်သည်ဟု ပါမောက္ခကားကပြောကြား သည်။

ယင်းအန္တရာယ်ရှိနေမည်ဆိုပါက သွေးတိုးနှင့် ကိုလက်စထ ရောကို ထိန်းချုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ခြင်းဖြင့် နှလုံးရောဂါအန္တရာယ်များကို လျှော့ချနိုင်သည်ဟု ကျွမ်းကျင် ပညာရှင်များကပြောသည်။

source:7daydaily.com

Read:အိုမင်းရင့်ရော်မှုကို နှေးကွေးစေမယ့် နည်းလမ်းငါးသွယ်

အိုမင်းရင့်ရော်မှုကို နှေးကွေးစေမယ့် နည်းလမ်းငါးသွယ်

Read times Last modified on Tuesday, 07 August 2018 15:30
Rate this item
(1 Vote)