What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 October 2019 14:51

ဖျော်ရည်တွေထက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ရွေးချယ်သင့်တဲ့ အကြောင်းရင်

ဖျော်ရည်သောက်တာထက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ဒီအတိုင်း စားပေးမယ်ဆိုရင် အမျှင်ဓာတ် ပိုရပါတယ်။

တကယ်လို့ ဖျော်ရည်သောက်ရင်တောင် သစ်သီးစစ်စစ်ကို ကျိတ်ညှစ်ပြီး ဘာမှမရောဘဲ သဘာဝ အတိုင်း သောက်ပေးတာ ပိုကောင်းပါတယ်။ သစ်သီး အနံ့၊ အရသာအတု ထည့်ထားတဲ့ ဖျော်ရည်တွေက ကျန်းမာရေးအတွက် အကျိုးမပေးပါဘူး။

 

နောက်ပြီး ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည် လုပ်သောက်တဲ့အခါ ဆားများများ မထည့်မိစေနဲ့နော်။ တတ်နိုင်ရင်တော့ သကြားနဲ့ ဆား လုံးဝမထည့်လေ ကောင်းလေပါပဲ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ကြော်စား တာထက် ပြုတ်၊ ကင်၊ သုပ် လုပ်စားတာက ပိုကောင်းပါတယ်။

အစားအစာတွေဆီကရတဲ့ ကောင်းကျိုး ၄ ချက် ဖတ်ရှုရန် နှိပ်ပါ



ဒီနေရာမှာ အဓိက ပြောချင်တာက ဟင်းသီး ဟင်းရွက်တွေကို ဘေးကင်းအောင် ဘယ်လိုစားမလဲ။ လတ်ဆတ်နေအောင် ဘယ်လိုသိမ်းဆည်းမလဲဆိုတာ အရေးကြီးဆုံးပါ။ ကျန်းမာရေးအတွက် စားသုံးမယ့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ညှိုးနွမ်းပုပ်နေတာမျိုး ဖြစ်မနေဖို့ လိုတယ်လေ။ 

 

အစိမ်းရောင်သမ်းနေတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီတို့ကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီးနောက် တစ်ပတ်အတွင်း စားပေးပါ။ အသီးတွေကို အစိမ်းအတိုင်း စားမယ်ဆိုရင် အခွံမခွာခင် မစားခင် ရေနဲ့ သေချာ ဆေးကြောပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးလှီးဖြတ်တဲ့ လှီးခုံ မှာ အသားစိမ်းငါးစိမ်းတွေ မလှီးဖြတ်ပါနဲ့။ တစ်ခုစီ သီးသန့်ထားပါလို့ အကြုံပြုပါရစေရှင်။

 

(Zawgyi)

----------- 


 


 






 


Read times Last modified on Friday, 07 February 2020 15:21
Rate this item
(0 votes)