ဈေးချိုချိုသာသာနဲ့ ရာသီမရွေး ဝယ်စားနိုင်တဲ့ ပဲကတ္တီပါ မှာ ဘယ်လိုအကျိုးအာနိသင်တွေ ရှိတယ်ဆိုတာ မသိသေးသူတွေ အတွက် ပဲကတ္တီပါနဲ့ပတ်သက်တဲ့ အချက်တချို့ကို ဖော်ပြလိုက်ပါ တယ်။
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချို သမားတွေနဲ့ ဆီးချိုဖြစ်နိုင်ခြေ အလားအလာ ရှိနေသူတွေ ပဲကတ္တီပါကို နေ့စဉ်စားပေးရင် အကျိုးများတယ်လို့ ဆိုပါတယ်။
- အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ပဲကတ္တီပါစားထားရင် ဗိုက်ပြည့် နေစေကာ အစားတွေ အလွန် အကြူး စားတာတို့၊ ခဏခဏဆာ တာတို့ မဖြစ်တော့တာကြောင့် ဝိတ်ချမယ့်သူတွေအတွက် အကျိုးများစေပါတယ်။ ဒါတင် မက ဝမ်းမချုပ်အောင်လည်း လုပ်ဆောင်ပေးသလို ကိုယ်ခံစွမ်း အားကိုလည်း မြင့်စေပါတယ်။
- ပရိုတိန်းဓာတ်လည်း ကြွယ်ဝတဲ့ အတွက် ကြွက်သားတွေ သန် မာစေသလို ဇီဝတွင်းဖြစ်ပျက်မှု တွေကိုလည်း စွမ်းအားမြင့်စေပါ တယ်။
- ဦးနှောက်ဆဲလ်တွေ ပျက်စီးမှု ကနေ ကာကွယ်ပေးသလို အကြောအားနည်းပြီး ခြေလက် တုန်တဲ့ ပါကင်ဆန် ရောဂါဖြစ်နိုင် ခြေလည်း နည်းပါးစေပါတယ်။
- စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပင် ပန်းနွမ်းနယ်မှုတွေကို လျော့ပါး စေသလို ကောင်းမွန်စွာ အိပ်ပျော် စေပါတယ်။
- အမျိုးသားများ မျိုးပွားမှုပိုင်း ဆိုင်ရာအတွက်လည်း ထောက် ကူပေးပါတယ်။
READ - နို့သောက်ပေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး ဖြစ်ပွားနှုန်း လျော့ကျစေနိုင်
Source: 7 day daily