What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 October 2022 15:12

အမြင်အာရုံ ကောင်းလာစေမယ့် သဘာဝနည်းလမ်း (၅) မျိုး

လူအများစုဟာ ဖုန်းတွေ ကွန်ပျူတာတွေ အကြည့်များလာတာကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အမြင်အာရုံ ထိခိုက်ပျက်စီးသူတွေ၊ မျက်မှန်တပ် ရသူတွေ ပိုများလာနေတာကို တွေ့ရပါတယ်။ ကွန်ပျူတာအမြဲကြည့်ရတဲ့သူတွေ၊ ဖုန်းအမြဲကြည့်တဲ့ သူတွေ အနေနဲ့ ဒီနည်းလမ်းတွေကို ပုံမှန်ပြုလုပ်ပေးသင့် ပါတယ်။

 

၁. မျက်စိအနားပေးပါ။

ကွန်ပျူတာ အကြည့်များသူတွေအနေနဲ့ တစ်နေကုန်တောက်လျေျာက် ကွန်ပျူ တာကို မကြည့်ပါနဲ့။ နှစ်နာရီခြား (သို့) သုံးနာရီခြားတစ်ခါလောက် မျက်လုံးကို မိနစ်အနည်းငယ်လောက် မှိတ်ပြီး အနားပေးပါ။ တောက်လျောက် ကွန်ပျူတာကို စိုက်ကြည့်နေရတာကြောင့် မျက်လုံးမှာရှိတဲ့ ကြွက်သားတွေမှာ ဒဏ်ဖြစ်တာ၊ မျက်စိညောင်းတာတွေ ရှိတတ်ပါတယ်။

 

၂. မျက်လုံးကို နှိပ်ပေးပါ။

မျက်မှန်တပ်တဲ့ သူတွေဆိုရင် တစ်ချိန်လုံး မျက်မှန်တပ်မထားပဲ ခဏချွတ်ပါ။ ပြီးရင်မျက်လုံးနားတစ်ဝိုက်ကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။ မျက်ဆန်ကို လက်ချောင်းထိပ်လေးနဲ့ဖြည်းဖြည်းလေး ဖိပေးပါ။ ညင်ညင်သာသာလေး လုပ်ပေးပါ။

 

၃. မျက်လုံးအတွက် ကောင်းတဲ့ အစားအစာကိုစားပါ။

အမြင်အာရုံအတွက် အားကောင်းစေတဲ့ အစားအစာ များများစားပါ။ မျက်လုံးကို ကြည်လင်စေတဲ့ မျက်စင်းမျိုးကို ရွေးချယ်ဝယ်ယူပြီး ခပ်ပေးတာမျိုး လုပ်ပါ။

 

၄. အဝေးကိုကြည့်ပါ။

ကွန်ပျူတာအကြည့်များသူတွေအနေနဲ့ ပိုအရေးကြီးပါတယ်။ အနီးတွေကိုပဲ ကြည့်တာများနေတဲ့အတွက် အပြင်ထွက်လမ်းလျှောက်တဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ခပ်ဝေးဝေးကို လှမ်းကြည့်တာမျိုးလုပ်ပေးပါ။

 

၅. အိပ်ယာဝင်ခါနီးရင် ကွန်ပျူတာ၊ ဖုန်းမကြည့်ပါနဲ့။

မျက်လုံးရဲ့ အမြင်အာရုံကို အရမ်းပျက်စီးစေပါတယ်။တစ်ချို့ဆိုရင် မှီးမှိတ်ထားတဲ့ အခန်းထဲမှာ ဖုန်းကြည့်တာမျိုးတွေ ရှိတတ်ပါတယ်။လုံးဝမလုပ်ပါနဲ့။မအိပ်ခင် နှစ်နာရီလောက်အလိုတည်းက ဖုန်း၊ကွန်ပျူတာ လုံးဝမကြည့်ပါနဲ့။

Read times
Rate this item
(0 votes)