What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 May 2020 15:30

အမျိုးသမီးများအတွက် PPE ဒီဇိုင်း လိုအပ်နေ

တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ (PPE) ဟာ Covid-19 ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများအတွက် ချပ်ဝတ်တန်ဆာ ဖြစ်ပါတယ်

PPE တွေဟာ များသောအားဖြင့် အမျိုးသားများအတွက်သာ အဆင်ပြေပြီး အမျိုးသမီးများအတွက် ကြီးလွန်းနေတာ ကြုံတွေ့ကြရတယ်။
အသေးဆုံး အရွယ်အစားကို ရွေးပြီး ဝတ်ဆင်တာတောင်မှ ချောင်ပြီး ပွနေတာကို တွေ့ရတယ်။ သိပ်ကြီးလွန်းနေရင် အလုံကာပေးထားဖို့ အလွဲအချော် ဖြစ်တတ်ပါတယ်။ ထိရောက်မှု လျော့ကျပါတယ်။

"PPE တွေကို ကျား/မ မရွေး ဝတ်ဆင်လို့ ရအောင် ထုတ်လုပ်ထားတယ်ဆိုပေမဲ့ ကိုယ်ခန္ဓာသေးတဲ့ အမျိုးသမီးအတွက်တော့ မပါဘူး" လို့ ဗြိတိန်ကျန်းမာရေး ဌာနမှ ပြောကြားခဲ့ပါတယ်။
Royal College of Nursing က ထောက်ပြတာမှာ တစ်ရွယ်တည်းနဲ့ အားလုံးအကိုက် "one-size-fits-all" ဆိုပြီး ဒီဇိုင်း ထုတ်ထားတဲ့ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ personal protective equipment (PPE) ကို ၁၂ နာရီဆက်တိုက် လုံးဝမချွတ်ဘဲ နေ့တိုင်း ဝတ်ကြရတဲ့အခါ ပြဿနာ ဖြစ်နေစေတယ် လို့ ဆိုပါတယ်။
တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ personal protective equipment (PPE) မှာ အဝတ်အစား၊ မျက်နှာစည်း။ မျက်နှာကာ၊ လက်အိတ်၊ လည်ရှည်ဘွတ်ဘိနပ် စတာတွေ ပါဝင်ပါတယ်။
"ဝတ်စုံက ဝတ်ထားရတာ အဆင်မပြေတဲ့အခါ သူနာပြုတွေအနေဖြင့် လူနာတွေကို လုပ်ကိုင်ပေးရတာတွေမှာ အရမ်းခက်ခဲနေတာတွေ ရှိပါတယ်" လို့ ဆိုပါတယ်။

ကလေးကို လူကြီးအဝတ်အစား ဝတ်ပေးထားသလို ဖြစ်နေတဲ့အထိ လွဲချော်မှုတွေ ရှိနေတယ်။

Stanford University School of medicine မှ Dr Arghavan Salles က လောလေဆယ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တည်ရှိတဲ့ ဆေးရုံမှာ လုပ်ကိုင်နေပြီး သူက "N95 mask အရွယ်အစား ၂ မျိုးပဲ ရှိတယ်။ အတော်ဆန်းတယ်။ ဘာလို့ ၂ မျိုးပဲ ရှိရတာလဲ။ ကျမတို့အားလုံးက အရွယ်အစား ၂ မျိုးနဲ့ပဲ မွေးဖွားကြီးထွား လာကြတာလား။ အရွယ်က ကြီးလွန်းနေရင် မလုံတော့ဘူး။ သေးလွန်နေရင် ကြိုးပြတ်ထွက်တယ်" လို့ ပြောတယ်။
ဆေးရုံမှာ မတ်စ်တွေ အလုံအလောက် မရလို့ ကျန်းမာရေး ဝန်ထမ်းတွေကို တစ်ပတ်လျှင် ၂ ခုသာ ပေးတယ်လို့ သူက ပြောပြတယ်၊ လက်အိတ်တွေကလည်း အဆင်မပြေတာ ရှိကြောင်း ပြောပြတယ်။
"ကျမလက် နံပါတ် ၆၊ ရတဲ့လက်အိတ်တွေက ၆ ခွဲ အရွယ်တွေ"
BBC

အမ်ိဳးသမီးမ်ားအတြက္ PPE လိုအပ္ေန

တစ္ကိုယ္ေရ ကာကြယ္ေရး ဝတ္စုံ (PPE) ဟာ Covid-19 ေရွ႕တန္းမွ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ခ်ပ္ဝတ္တန္ဆာ ျဖစ္ပါတယ္
PPE ေတြဟာ မ်ားေသာအားျဖင့္ အမ်ိဳးသားမ်ားအတြက္သာ အဆင္ေျပၿပီး အမ်ိဳးသမီးမ်ားအတြက္ ႀကီးလြန္းေနတာ ႀကဳံေတြ႕ၾကရတယ္။
အေသးဆုံး အ႐ြယ္အစားကို ေ႐ြးၿပီး ဝတ္ဆင္တာေတာင္မွ ေခ်ာင္ၿပီး ပြေနတာကို ေတြ႕ရတယ္။ သိပ္ႀကီးလြန္းေနရင္ အလုံကာေပးထားဖို႔ အလြဲအေခ်ာ္ ျဖစ္တတ္ပါတယ္။ ထိေရာက္မႈ ေလ်ာ့က်ပါတယ္။

"PPE ေတြကို က်ား/မ မေ႐ြး ဝတ္ဆင္လို႔ ရေအာင္ ထုတ္လုပ္ထားတယ္ဆိုေပမဲ့ ကိုယ္ခႏၶာေသးတဲ့ အမ်ိဳးသမီးအတြက္ေတာ့ မပါဘူး" လို႔ ၿဗိတိန္က်န္းမာေရး ဌာနမွ ေျပာၾကားခဲ့ပါတယ္။
Royal College of Nursing က ေထာက္ျပတာမွာ တစ္႐ြယ္တည္းနဲ႔ အားလုံးအကိုက္ "one-size-fits-all" ဆိုၿပီး ဒီဇိုင္း ထုတ္ထားတဲ့ တစ္ကိုယ္ေရ ကာကြယ္ေရး ဝတ္စုံ personal protective equipment (PPE) ကို ၁၂ နာရီဆက္တိုက္ လုံးဝမခြၽတ္ဘဲ ေန႔တိုင္း ဝတ္ၾကရတဲ့အခါ ျပႆနာ ျဖစ္ေနေစတယ္ လို႔ ဆိုပါတယ္။
တစ္ကိုယ္ေရ ကာကြယ္ေရး ဝတ္စုံ personal protective equipment (PPE) မွာ အဝတ္အစား၊ မ်က္ႏွာစည္း။ မ်က္ႏွာကာ၊ လက္အိတ္၊ လည္ရွည္ဘြတ္ဘိနပ္ စတာေတြ ပါဝင္ပါတယ္။
"ဝတ္စုံက ဝတ္ထားရတာ အဆင္မေျပတဲ့အခါ သူနာျပဳေတြအေနျဖင့္ လူနာေတြကို လုပ္ကိုင္ေပးရတာေတြမွာ အရမ္းခက္ခဲေနတာေတြ ရွိပါတယ္" လို႔ ဆိုပါတယ္။

ကေလးကို လူႀကီးအဝတ္အစား ဝတ္ေပးထားသလို ျဖစ္ေနတဲ့အထိ လြဲေခ်ာ္မႈေတြ ရွိေနတယ္။

Stanford University School of medicine မွ Dr Arghavan Salles က ေလာေလဆယ္ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ တည္ရွိတဲ့ ေဆး႐ုံမွာ လုပ္ကိုင္ေနၿပီး သူက "N95 mask အ႐ြယ္အစား ၂ မ်ိဳးပဲ ရွိတယ္။ အေတာ္ဆန္းတယ္။ ဘာလို႔ ၂ မ်ိဳးပဲ ရွိရတာလဲ။ က်မတို႔အားလုံးက အ႐ြယ္အစား ၂ မ်ိဳးနဲ႔ပဲ ေမြးဖြားႀကီးထြား လာၾကတာလား။ အ႐ြယ္က ႀကီးလြန္းေနရင္ မလုံေတာ့ဘူး။ ေသးလြန္ေနရင္ ႀကိဳးျပတ္ထြက္တယ္" လို႔ ေျပာတယ္။
ေဆး႐ုံမွာ မတ္စ္ေတြ အလုံအေလာက္ မရလို႔ က်န္းမာေရး ဝန္ထမ္းေတြကို တစ္ပတ္လွ်င္ ၂ ခုသာ ေပးတယ္လို႔ သူက ေျပာျပတယ္၊ လက္အိတ္ေတြကလည္း အဆင္မေျပတာ ရွိေၾကာင္း ေျပာျပတယ္။
"က်မလက္ နံပါတ္ ၆၊ ရတဲ့လက္အိတ္ေတြက ၆ ခြဲ အ႐ြယ္ေတြ"
BBC

Read times
Rate this item
(0 votes)