What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 September 2021 08:25

ဆေးလက်အိတ် ထုတ်လုပ်မှု မလေးရှားလုပ်ငန်းများ တရုတ်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရမည်

ဆေးဘက်ဆိုင်ရာသုံး လက်အိတ်အမျိုးမျိုး ကမ္ဘာ့ဈေးကွက်တွင် တရုတ်နိုင်ငံသည် အဓိကကျသည့် နိုင်ငံ ဖြစ်လာနိုင်ပြီး ယခုအခါ ၎င်းဈေးကွက်ကို ကြီးစိုးထားသည့် မလေးရှားကုမ္ပဏီများကို

ရေရှည်တွင် ဈေးကွက်ဝေစု ဆုံးရှုံးဖွယ်ရာ ရှိနေသည်ဟု မလေးရှားနိုင်ငံမှ အကြီးမားဆုံး လက်အိတ်ထုတ်လုပ်သည့်လုပ်ငန်းတစ်ခု ဖြစ်သော Hartalega Holdings Bhd ၏ စီအီးအိုဖြစ်သူ Kuan Mun Leong က ပြောကြားသည်။

လာမည့်နှစ်တွင် တရုတ်နိုင်ငံမှ လက်အိတ်ထုတ်လုပ်သည့် လုပ်ငန်းများသည့် ကမ္ဘာ့လက်အိတ်ပေးသွင်းမှုတွင် စုစုပေါင်း ဝေစု ၂၃% အထိ ရှိလာလိမ့်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိတွင် ခန့်မှန်းခြေအားဖြင့် ၁၆% ရှိသည်။
လာမည့်နှစ်တွင် မလေးရှားနိုင်ငံ၏ ဝေစုသည် ၆၀% သို့ ကျုံ့သွားလိမ့်မည်။ ယခုအခါ ၆၇% ရရှိထားသည်ဟု ၎င်းက ပြောကြားသည်။

တရုတ်ကုမ္ပဏီများမှ လက်အိတ်များကို အမေရိကန်နှင့် ဥရောပတို့တွင် အဝယ်လိုက်နေသည်။ မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ထုတ်လုပ်မှုများ ကမောက်ကမ ဖြစ်နေသည်။

“ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခုအခါမှာ ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့် အားကို ကျွန်တော်တို့ အသိအမှတ်ပြုထားသင့်တယ်” ဟု Kuan က ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ အစည်းအဝေးတွင် ပြောကြားသည်။
“နီးကပ်တဲ့ အနာဂတ်နဲ့ အလယ်အလတ်ကာလ အနာဂတ်အတွင်း မလေးရှားက ဦးဆောင်နေရာမှာ ဆက်ရှိနေဉီးမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု သူက သုံးသပ်သည်။ ရေရှည်တွင် ဈေးကွက်ကို ဆက်လက်ကြီးစိုးထားနိုင်ဖို့မှာ မသေချာဟု သူက ဆိုသည်။

Hartalega သည် ယခုအခါ ကုန်ထုတ်စွမ်းအားပြည့် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ၇၀% ခန့်ကိုသာ လုပ်ကိုင်နိုင်သည်။ လုပ်သားအင်အားစု၏ ၆၀% ကိုသာ သုံးစွဲနိုင်သည်ဟု Kuan က‌ ပြောကြားသည်။

Hartalega ကို ကုန်ထုတ်စွမ်းအားပြည့် လည်ပတ်လုပ်ကိုင်မည် ဆိုပါက လုပ်သား ၉,၀၀၀ အကုန်လုံးကို နှစ်ပတ်တစ်ကြိမ် ကိုဗစ်ဆေးစစ်ပေးရမည်ဖြစ်ပြီး ထိုသို့ ဆေးစစ်နေရသည့်အတွက် အလုပ်ပျက်အကိုင်ပျက် ဖြစ်သည်ကို နှစ်ပတ်တစ်ကြိမ် ကြုံရမည်ဟု သူက ရှင်းပြသည်။

ကုမ္ပဏီသည် ရင်းဂစ် ၁.၃ ဘီလျံ အရင်းအနှီးအသုံးစရိတ်ကို လာမည့် သုံးနှစ်အတွင်း သုံးစွဲသွားမည် ဖြစ်ပြီး အလိုအလျောက် စနစ်များ တပ်ဆင်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

Source: freemalaysiatoday.com

Read times
Rate this item
(0 votes)