What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 September 2022 14:18

ရင်သားကင်ဆာကို ကာကွယ်နိုင်တဲ့ အသီးအနှံ (၇) မျိုး

ရင်သားကင်ဆာကို ကာကွယ်နိုင်တဲ့ အသီးအနှံ (၇) မျိုး Everyday Health

အမျိုးသမီးများ ဘဝမှာ သိရခက်ခဲ့တဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့ပါဝင်ပါတယ်။

 

၁. နနွင်းပင်

နနွင်းမှုန့်ဟာ အဆုတ်ကနေ ဖြန့်ဆင်းလာတဲ့ ရင်သားကင်ဆာအမြစ်တွေကို မဖြစ်ပေါ်အောင် ကာကွယ်ပေး နိုင်လို့ နေ့စဉ် ပုံမှန် တစ်ဇွန်းခန့် သုံးဆောင်ပေးသင့်ပါတယ်။

 

၂. ခရမ်းချဉ်သီ

ခရမ်းချဉ်သီးမှာပါတဲ့ lycopene ဓာတ်ဟာ ရင်သားကင်ဆာကို တိုက်ဖြတ်နိုင်သလို အခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း အများကြီးရှိပါသေးတယ်။

 

၃. ထောပတ်သီး

ထောပတ်သီးမှာ oleic acid ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ ပုံမှန်စားသုံးပေးတဲ့ အမျိုးသမီးများကို ရင်သားကင်ဆာ ဖြစ်စေခြင်းမှ ကာကွယ်ပေးပါတယ်။

White-Unicorn.jpg

၄. လက်ဖက်ခြောက်

လက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းမှာ EGCG ဆိုတဲ့ ဒြပ်ပေါင်း ပါဝင်ပါတယ်။ ရင်သားကင်ဆာဆဲလ် တွေ ဖြစ်ခွင့်မပေးဘဲ အမြစ်ပျက် ခြေမှုန်းနိုင်သလို ရင်သားကင်ဆာရောဂါ ခံစားနေရသူများကိုလည်း ရောဂါပိုးခန္ဓာကိုယ်အနှံ့ ပျံ့နှံခြင်းမှ ကာကွယ်ပေးပါတယ်။

 

၅. ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ လူကို အကျိုးပြုစေနိုင်တဲ့ အာနိသင်တွေ အများကြီးပါဝင်ပါတယ်။ ကင်ဆာရောဂါပိုး ပါလာတဲ့ အသားတွေကိုတောင် ကြက်သွန်ဖြူနဲ့ ရောနှောချက်ပြုတ်ရုံနဲ့ ကင်ဆာရောဂါပိုးတွေ သေစေနိုင်တဲ့အထိ ကြက်သွန်ဖြူက အစွမ်းထက်လှပြီး နေ့စဉ် စားသုံးသင့်ပါတယ်။

 

၆. ပန်းမုန်လာ/ပန်းဂေါ်ဖီ

ပန်းမုန်လာ/ ပန်းဂေါ်ဖီမှာ indole-3-carbinol ဆိုတဲ့ ဓာတ်က အမျိုးသမီးတွေ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာသာမက သားအိမ်ခေါင်းကင်ဆာ၊ မှဲ့ကင်ဆာ၊ နှလုံး/အသဲကင်ဆာ တို့ကိုပါ ကြိုတင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

 

၇. ဟင်းနုနွယ်

အာဟာရဓာတ်ကြွယ်ဝလှတဲ့ ဟင်းနုနွယ်မှာ ကင်ဆာရောဂါကို ကာကွယ်တိုက်ဖြတ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါဝင်ပါတယ်။

Read times
Rate this item
(0 votes)