What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 May 2020 13:07

သူနာပြုတက္ကသိုလ် အဆောက်အအုံ ဒီဇိုင်းပုံစံ အားနည်းချက်ကြောင့် ပြိုကျဟုဆို

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်၏ ရှေ့ပိုင်းမျက်နှာစာ အစိတ်အပိုင်းတချို့ ပြိုကျရခြင်းမှာ တည်ဆောက် ပုံ ဒီဇိုင်းအားနည်းမှုကြောင့် ဖြစ်ကြောင်း ကနဦး စစ်ဆေးမှုများကို အခြေခံ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

 

“အကြမ်းဖျင်း တွေ့ရှိရတာတော့ တည်ဆောက်ပုံ ဒီဇိုင်း အားနည်းလို့ ဖြစ်တယ်။ နောက်တခါ တည်ဆောက်တဲ့ ဆီမှာလည်း အကြမ်းအားဖြင့် ကြည့်မယ်ဆိုရင် ကြီးကြပ်မှု အားနည်းတယ်။ အဲဒါတွေကြောင့် ဒါက ပြိုကျသွားတာ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

 

အဆိုပါ သူနာပြု အဆောက်အအုံ ပြိုကျမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာကို မေလ ၂၂ ရက်က ကော်မတီ မှ လက်မှတ်ထိုး၍ မေလ၂၃ ရက်တွင် ဒေါက်တာ ဇော်ဝေစိုး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် သူနာ ပြုတက္ကသိုလ် ပါမောက္ခချုပ်ထံသို့ ပို့ထားကြောင်း ဦးအောင်မြင့်က ပြောပြသည်။

 

ယနေ့ မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော် ထံသို့ ပို့ထားကြောင်း သိရသည်။

 

ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်သော အဖွဲ့မှလည်း ယခုလကုန်အထိ သူနာပြု အဆောက်အအုံ ပြို ကျခြင်းနှင့် ပတ်သက်ပြီး စစ်ဆေးသွားရန် ရှိကြောင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

 

“အခုကတော့ တည်ဆောက်ပုံတွေ စစ်နေပါတယ်။ နောက်ပြီး ကျနော် အကြံပြုတာကတော့ ဒီအဆောက်အအုံထဲမှာ သုံး ထားတဲ့ ကွန်ကရစ်တွေ၊ သံချောင်းတွေရဲ့ အရည်အသွေးတွေကိုလည်း စစ်နေပါတယ်။ လက်ရှိ အဆောက်အအုံ တခုလုံး ကိုလည်း ပြန်လည် အသုံးပြုလို့ ရ၊ မရ စစ်ဆေးနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

 

ဆက်လက် စစ်ဆေး ဆောင်ရွက်မှုများကိုလည်း ရက်သတ္တတပတ်၊ ဆယ်ရက်အတွင်း အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ အင်ဂျင်နီယာများ အနေနှင့် နောက်ပိုင်းတွင် သေချာ စိစစ်ပြီး စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာတည်ဆောက်သွားရန် သူနာပြု တက္ကသိုလ် ပြိုကျမှုက မီးမောင်းထိုးပြနေကြောင်း ဦးအောင်မြင့်က ထောက်ပြ ပြောဆိုသည်။

သူနာပြု တက္ကသိုလ် ပြိုကျမှု ဖြစ်စဉ်ကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်ရှိ ကျွမ်းကျင် ပညာရှင်များပါဝင်သော အင် ဂျင်နီယာ ၅ ဦးနှင့် ဖွဲ့စည်းထားသော ကော်မတီ အဖွဲ့က ကနဦး စစ်ဆေးချက်များကို တိုင်းအစိုးရဖွဲ့သို့ ယနေ့တွင် တင်ပြ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သူနာပြု အဆောက်အဦးမှာ မေလ ၁၇ ရက် နေ့လယ်ပိုင်းက လေးထပ် အဆောက်အအုံအပေါ်ဆုံး ဘယ်ဘက် ထောင့်ရှိ အမိုးနှင့် မျက်နှာကြက်များ ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်း တက္ကသိုလ် အဆောက်အအုံကို၂၀၁၁ ခုနှစ်တွင် ပြည်မဟာ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး၂၀၁၃ ခုနှစ် စက်တင်ဘာလ၂ ရက်က ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင် က ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

 

Burma Irrawaddy

Read times Last modified on Tuesday, 26 May 2020 13:12
Rate this item
(0 votes)