What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 February 2017 13:48

သွားများ ပျက်စီးစေသော အကြောင်းရင်းများ

သွားများ ပျက်စီးစေသော အကြောင်းရင်းများ Google.com

သွားများဟာ ငယ်သွားများ ဆုံးရှုံးသွားပါက အစားထိုးရန် မလွယ်ကူပေ။ နောင်တွင် နောင်တရမည့်အစား ယခုကတည်းက သွားများကို ဂရု စိုက်ဖို့ လိုအပ်ပါတယ်။

မိမိတို့၏ သတိမထားမိသည့် အလေ့အကျင့် များက သွားများကို ပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။

သွားများကို အသုံးပြုပြီး ပလတ်စတစ်အိတ် ဖောက်ခြင်း၊ ကိုက်၍ အ၀တ်ဖြဲခြင်း၊ အအေးပုလင်း၊ ဘီယာနှင့် အခြားပစ္စည်းများကို သွားဖြင့် ကိုက်ဖောက်ခြင်းမှာ သွားကို အလွန်ထိခိုက်ပျက်စီးစေပြီး ပဲ့ထွက်နိုင်ပါတယ်။

လူတိုင်း တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း၍ သန့်ရှင်းပေးခြင်း (Flossing) သည်လည်း အရေးကြီးပါတယ်။

ထိုအလေ့အကျင့်မှာ သွားကြားမှ အစာအကြွင်းအကျန်နှင့် သွားပိုးစားမှုဖြစ်စေသော ဗက်တီးရီးယားများကို ကူညီဖယ်ရှားပေးသည်။

သွားပွတ်တံကို ကြာမြင့်စွာ အသုံးပြုခြင်းဟာ အန္တရာယ် ရှိပြီး ဗက်တီးရီးယားများ ကပ်နေနိုင်ခြင်းကြောင့် သွားပွတ်တံများကို မကြာခဏ လဲပေးသင့်ပါတယ်။

သွားပွတ်တံအသုံးပြု၍ အားဖြင့်ဖိတိုက်ခြင်းသည် သွားဖုံးနှင့် သွားအပေါ်ယံကြွေလွှာကိုပါ ပျက်စီးစေပါတယ်။

အစာစားပြီးပြီးချင်း သွားတိုက်ခြင်းပြုလုပ်ခြင်းသည် သွားအတွင်း အက်စစ်များ စိမ့်ဝင်စေပြီး အပေါ်ယံကြွေလွှာကို ပျက်စီးစေပါတယ်။ အနည်းဆုံး နာရီဝက်လောက် စောင့်ပြီးမှ သွားတိုက်ရပါ့မည်။

သကြားသည် သွားနှင့် သွားဖုံးများ ပျက်စီးရခြင်း အဓိကတရားခံ ဖြစ်ပြီး ဗက်တီးရီးယားနှင့် အက်စစ်ဓာတ်များ ခံတွင်းအတွင်း ကြာရှည်စွာ ဖြစ်ပေါ်စေနိုင်သဖြင့် သွားပျက်စီးခြင်း၊ ပိုးစားခြင်းနှင့် ခံတွင်းပြဿနာများ ရှိလာနိုင်ပါတယ်။

နွေရာသီကဲ့သို့ ကာလမျိုးတွင် ရေခဲရေနှင့် ရေခဲစားသုံးခြင်းသည်လည်း သွားပျက်စီးစေပြီး သွားနာကျဉ်မှုနှင့်အတူ သွားနှင့် အပေါ် ယံကြွေလွှာကို ပျက်စီးစေပါတယ်။

သွား ကျန်းမာရေးအတွက် အစာစားရာတွင် ကျေညက်အောင် ၀ါးစားရန် လိုအပ်ပါတယ်။

ဆေးရွက်ကြီးသည် သွားပျက်စီးခြင်း အကြီးမားဆုံး တရားခံဖြစ်ကာ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်းသည် ဆေးလိပ်သောက်ခြင်းထက် သွားပျက်စီးမှု ပိုမိုမြန်ဆန်စေပါတယ်။

Credit: 7 day daily                                                

Read times Last modified on Friday, 10 February 2017 11:35
Rate this item
(1 Vote)