What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 31 May 2020 12:28

တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် ရုပ်ရှင်ရုံများကို ထိုင်းနိုင်ငံတွင် ပြန်လည်ဖွင့်ခွင့်ပြုမည်

၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက် တနင်္လာနေ့တွင် ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများဖြင့်

ရုပ်ရှင်ရုံများကို ထိုင်းနိုင်ငံတွင် ပြန်လည်ဖွင့်ခွင့်ပြုမည် ဖြစ်သည်။ ရုပ်ရှင်ရုံများတွင် တစ်ယောက်နှင့်တစ်ယောက် အနီးကပ်ထိုင်သူများအား ခွင့်ပြုမည် ဖြစ်သော်လည်း ချမှတ်ထားသော စည်းကမ်းများကို လိုက်နာကြရမည်။

ရုပ်ရှင်ရုံများမှာ အစိုးရသည် Covid-19 ပိတ်ဆို့မှုအတွင်း ချမှတ်ထားသော ကန့်သတ်ချက်များကို ထပ်မံဖြေလျှော့ပေးမည့် ဇွန်လ ၁ ရက် တနင်္လာနေ့တွင် ပြန်လည်စတင်ရန် ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းများ နှင့်လှုပ်ရှားမှုများတွင် ပါဝင်သည်။

ကျန်းမာရေးဌာနညွှန်ကြားရေးမှူးချုပ် Panpimol Wipulakorn က ကပ်လျက်ထိုင်ခုံမှာ လူနှစ် ဦးအတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး ထိုနှစ်ဦးထိုင်နေသည့် အတန်း ဝဲနှင့်ယာရှိ ထိုင်ခုံများတွင် အလွတ်သုံးခုံစီ ထားရှိပြီးမှ နောက်ထပ် ထိုင်ရန်ခုံနှစ်ခုကို နေရာသတ်မှတ်ပေးရမည်ဟု ပြောကြားသည်။

ရှေ့နှင့်နောက်အတန်းများ၌ ထိုင်ရမည့်ခုံများ နှစ်ခုံတွဲစီ သတ်မှတ်ရာ၌ ကန့်လန့်ဖြတ် ဓားလွယ်ခုတ် နေရာချလိမ့်မည်။

"ဒါက ပရိတ်သတ်တွေကို တစ် ဦး နဲ့တစ် ဦး ဝေးကွာအောင် လုပ်ဖို့ပါ၊ သူတို့ဟာ ရုပ်ရှင်ကြည့်ဖို့ ၂-၃ နာရီကြာကြည့်မှာပါ" ဟုဒေါက်တာ Panpimol က ပြောကြားသည်။

ပြဇာတ်ရုံအတွင်း ရုပ်ရှင်ကြည့်နေစဉ် ကြည့်ရှုသူများသည် မုန့်ပဲသရေစာနှင့် ရေသန့်အပါအဝင် အစာစားခြင်း၊ သောက်ခြင်းကိုတားမြစ်မည်ဖြစ်ပြီး အချိန်ပြည့် မတ်စ်တပ်ဆင်ရန်လည်း လိုအပ်ကြောင်း သူက ပြောသည်။

"ဒီလိုမှမဟုတ်ရင်လူတွေဟာ စားဖို့ ဒါမှမဟုတ် သောက်ဖို့ သူတို့ရဲ့ မတ်စ်တွေကို ဖယ်ပစ်နိုင်တယ်။ ပြီးတော့ သူတို့မျက်နှာကို လက်တွေနဲ့ ထိမိနိုင်တယ်" ဟု သူက ပြောသည်။

အစားအသောက်နှင့် အဖျော်ယမကာများကို ရုပ်ရှင်ပြသသည့်နေရာ ပြင်ပ၌ ရောင်းချနိုင်သော်လည်းရောင်းချမှုနှင့်စ ားသုံးမှုသည် စားသောက်ဆိုင်များတွင် ချမှတ်ထားသော လူမှုရေးအကွာအဝေးကို လိုက်နာရန် လိုအပ်သည်။

တစ်ပွဲပြပြီးတိုင်း အဆောက်အ ဦး ၏ သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းများကို မဖြစ်မနေ ဆောင်ရွက်ကြရမည်။ကျန်းမာရေးအရာရှိများသည် ရုပ်ရှင်ရုံများတွင် လေအေးပေးစက်နှင့် လေဝင်လေထွက်စနစ်များ၏ သန့်ရှင်းကောင်းမွန်မှုကို စစ်ဆေးလိမ့်မည်ဟု ဒေါက်တာ Panpimol က ပြောကြားခဲ့သည်။

ကြည့်ရှုသူများကိုလည်း ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမည် ဖြစ်သည့်အပြင် Thai Chana အက််ပ်ဖြင့် QR code ကို phone scan မှတ်တမ်းလည်း ပြုပေးရမည် ဖြစ်သည်။

Read times
Rate this item
(0 votes)