What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 June 2020 22:29

မိုးကြိုးဘေး နှင့် လေဘေး အသိပေးနှိုးဆော်ချက်

မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခုတွင် မိုးကြိုးဘေးကြောင့် လူ(၂၅)ဦး သေဆုံးပြီး(၉)ဦးဒဏ်ရာရရှိခဲ့ပါသည်။ 

 

ယခုအချိန်အခါသည် မုတ်သုံကာလသို့ရောက်ရှိလာပြီဖြစ်ရာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်းဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှုမှာလည်း ပိုမိုများပြားလာသဖြင့် ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနှင့်မိုးခြိမ်းခြင်းများဖြစ်ပေါ်နေချိန်တွင်-

 

(၁) ဖုန်းများကိုအသုံးမပြုသင့်ပါ။

 

(၂) တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့် လျှပ်စစ်နှင့် ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်ပါသည်။

 

(၃) သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ။

 

(၄) အိမ်အပြင်ဘက်တွင်လူစုလူဝေးနှင့်ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေထိုင်သင့်ပါကြောင်းနှင့် တယ်လီဖုန်းများအသုံးပြုမှုနှင့်ပတ်သက်၍ အထူးသတိပြု ဆင်ခြင်သုံးစွဲကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Read times
Rate this item
(0 votes)