What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 December 2019 12:20

အလွကုန္ဆိုင္ရာ ထုတ္ကုန္မ်ားကို အခမဲ့ ေလ႔လာႏိုင္မယ့္ " Beauty Connect Myanmar 2019 " ျပပြဲ

အလွအပဆိုင္ရာ လုပ္ငန္းနယ္ပယ္ေတြမွာ နာမည္ၾကီးေသာ ကုမၸဏီမ်ားနဲ႔ ဆံပင္၊ မိတ္ကပ္ဆိုင္ရာ ပညာရွင္ေတြ စုေပါင္းက်င္းပတဲ႔ " Beauty Connect Myanmar 2019 " ျပပြဲကိုု ရန္ကုန္ျမိဳ႕ အထက္ပန္းဆိုးတန္းလမ္းမွာရွိတဲ႔ Rose Garden ဟိုတယ္မွာ က်င္းပလွ်က္ရွိပါတယ္။

ဒီဇင္ဘာလ ၅ ရက္ကေန ၇ ရက္ေန႔အထိက်င္းပမွာျဖစ္ျပီး ျပပြဲအခ်ိန္က မနက္ ၉ နာရီကေန ညေန ၅ နာရီ အထိ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

Beauty Connect Myanmar 2019 ဟာဆုိရင္ ျမန္မာႏိုင္ငံမွာ တတိယအၾကိမ္ေျမာက္ က်င္းပတာျဖစ္ျပီး ျပပြဲမွာ ေရေမႊး၊ အလွကုန္ပစၥည္း၊ တကိုယ္ေရသန္႔ရွင္းမႈ၊ သဘာဝက်န္းမာေရး ထုတ္ကုန္မ်ား၊ က်န္းမာေရးအစားအစာ ႏွင့္အခ်ိဳရည္၊ အစားအေသာက္ ျဖည့္စြက္ျခင္း၊ အလွျပင္ဆိုင္မ်ားအတြက္ စက္ပစၥည္းမ်ားႏွင့္ ေျဖရွင္းနည္းမ်ား၊ Salon ႏွင့္ Spa သုံး ပရိေဘာဂမ်ား၊ က်န္းမာေရး အေထာက္အကူျပဳပစၥည္းမ်ား၊ ေဆးဘက္ဆိုင္ရာ အလွျပင္ ခြဲစိတ္ျပဳျပင္ေသာထုတ္ကုန္မ်ား၊ စက္ပစၥည္းကိရိယာမ်ားနဲ႔ အအရည္အေသြးျမင့္ ထုတ္ကုန္ ရာေပါင္းမ်ားစြာကုိ ႏုိင္ငံအသီးသီးမွ ကုမၸဏီ(၄၀)ခန္႔မွ ျပပဲြမွာ ခင္းက်င္းျပသသြားမွာ ျဖစ္ပါတယ္။

78292450_2498918840390846_5141465217867186176_n_1.jpg

ခြဲစိတ္ျပဳျပင္ျခင္း၊ အလွကုန္ပစၥည္း၊ ဆံပင္၊ ေျခသည္းလက္သည္း ႏွင့္ spa အလွျပဳျပင္ျခင္း ဆိုင္ရာ ျပခန္းမ်ားနဲ႔ ေဟာေျပာပြဲမ်ားကိုလည္း တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ ထူးျခားတဲ႔ အစီအစဥ္တစ္ရပ္ကေတာ႔ MHPA က Beauty Education နဲ႔ Chanlone Hair Academy တို႔က ဆံပင္ ပံုစံအမ်ိဳးမ်ိဳးတို႔ျဖင့္ ယွဥ္ျပိဳင္မယ္႔ ပြဲပဲျဖစ္ပါတယ္။

76990933_960460197671182_8407383535433809920_n.jpg

Beauty Connect Myanmar 2019 ျပပြဲမွာ ျပသသူမ်ားႏွင့္ တင္သြင္း၊ ျဖန္႔ခ်ီသူမ်ား၊ ကုန္သည္မ်ားအၾကား အစည္းအေဝး လုပ္ငန္းစဥ္ကို အရွိန္ျမႇင့္တင္ရန္ ႀကိဳတင္စီစဥ္ထားတဲ႔ စီးပြားေရးေဆြးေႏြးဖလွယ္မႈ အစီအစဥ္ (B2B Matching Program) ကို က်င္းပမွာျဖစ္ၿပီး ႏွစ္ဖက္စလုံးမွ ၄င္းတို႔ရဲ႕ ေမွ်ာ္မွန္းထားေသာ ေဖာက္သည္မ်ား၊ မိတ္ဖက္မ်ားနဲ႔ ေတြ႕ဆုံႏိုင္ဖို႔လည္း စီစဥ္ထားပါတယ္။

အေတြ႕အႀကဳံသစ္မ်ား၊ အဆင့္ျမင့္နည္းပညာမ်ား ေလ့လာျခင္းနဲ႔ အလွကုန္လုပ္ငန္းနယ္ပယ္မွာရွိ ႏိုင္ငံတကာ စီးပြားေရး လုပ္ငန္းမ်ား ကို အခမဲ႔ ေလ႔လာႏိုင္မယ္႔ ပြဲတစ္ပြဲ ျဖစ္ပါတယ္။

 

{Unicode}

အလှကုန်ဆိုင်ရာ ထုတ်ကုန်များကို အခမဲ့ လေ့လာနိုင်မယ့် " Beauty Connect Myanmar 2019 " ပြပွဲ


အလှအပဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ နာမည်ကြီးသော ကုမ္ပဏီများနဲ့ ဆံပင်၊ မိတ်ကပ်ဆိုင်ရာ ပညာရှင်တွေ စုပေါင်းကျင်းပတဲ့ " Beauty Connect Myanmar 2019 " ပြပွဲကို ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ Rose Garden ဟိုတယ်မှာ ကျင်းပလျှက်ရှိပါတယ်။  ဒီဇင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိကျင်းပမှာဖြစ်ပြီး ပြပွဲအချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Beauty Connect Myanmar 2019 ဟာဆိုရင် မြန်မာနိုင်ငံမှာ တတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ပြပွဲမှာ ရေမွှေး၊ အလှကုန်ပစ္စည်း၊ တကိုယ်ရေသန့်ရှင်းမှု၊ သဘာဝကျန်းမာရေး ထုတ်ကုန်များ၊ ကျန်းမာရေးအစားအစာ နှင့်အချိုရည်၊ အစားအသောက် ဖြည့်စွက်ခြင်း၊ အလှပြင်ဆိုင်များအတွက် စက်ပစ္စည်းများနှင့် ဖြေရှင်းနည်းများ၊ Salon နှင့် Spa သုံး ပရိဘောဂများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ အလှပြင် ခွဲစိတ်ပြုပြင်သောထုတ်ကုန်များ၊ စက်ပစ္စည်းကိရိယာများနဲ့ အအရည်အသွေးမြင့် ထုတ်ကုန် ရာပေါင်းများစွာကို နိုင်ငံအသီးသီးမှ ကုမ္ပဏီ(၄၀)ခန့်မှ ပြပွဲမှာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

78292450_2498918840390846_5141465217867186176_n_1.jpg


ခွဲစိတ်ပြုပြင်ခြင်း၊ အလှကုန်ပစ္စည်း၊ ဆံပင်၊ ခြေသည်းလက်သည်း နှင့် spa အလှပြုပြင်ခြင်း ဆိုင်ရာ ပြခန်းများနဲ့ ဟောပြောပွဲများကိုလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ အစီအစဉ်တစ်ရပ်ကတော့ MHPA က Beauty Education နဲ့ Chanlone Hair Academy တို့က ဆံပင် ပုံစံအမျိုးမျိုးတို့ဖြင့် ယှဉ်ပြိုင်မယ့် ပွဲပဲဖြစ်ပါတယ်။

76990933_960460197671182_8407383535433809920_n.jpg

Beauty Connect Myanmar 2019 ပြပွဲမှာ ပြသသူများနှင့် တင်သွင်း၊ ဖြန့်ချီသူများ၊ ကုန်သည်များအကြား အစည်းအဝေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် ကြိုတင်စီစဉ်ထားတဲ့ စီးပွားရေးဆွေးနွေးဖလှယ်မှု အစီအစဉ် (B2B Matching Program) ကို ကျင်းပမှာဖြစ်ပြီး နှစ်ဖက်စလုံးမှ ၎င်းတို့ရဲ့ မျှော်မှန်းထားသော ဖောက်သည်များ၊ မိတ်ဖက်များနဲ့ တွေ့ဆုံနိုင်ဖို့လည်း စီစဉ်ထားပါတယ်။

အတွေ့အကြုံသစ်များ၊ အဆင့်မြင့်နည်းပညာများ လေ့လာခြင်းနဲ့ အလှကုန်လုပ်ငန်းနယ်ပယ်မှာရှိ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ကို အခမဲ့ လေ့လာနိုင်မယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)


Related Articles