What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 August 2020 10:15

သူနာပြု - သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံ သားဖွားဒီပလိုမာ ၂ နှစ် သင်တန်း ဝင်ခွင့်လမ်းညွှန်

၁။ ကျန်းမားရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြု-သားဖွား သင်တန်းကျောင်းများ၌ ၂၀၂၁ -၂၀၂၂

ပညာသင်နှစ်အတွက် (၅-၁-၂၀၂၁) ရက်နေ့တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ် သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်း ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ရမှတ်များမှ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ) (၃) ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည် ဖြစ်ပါသည်။

 

၂။ အရည်အချင်းသတ်မှတ်ချက်

လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ဖြစ်ရမည်။

(၂၀၂၀ ပြည့်နှစ်၊ မတိုင်မီ အောင်မြင်သူများသာ လျှောက်ထားရမည်။ ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် ဖြေဆိုအောင်မြင်သူများ လျှောက်ထားခြင်း မပြုရ။)

(ဂ) လျှောက်လွှာ ပိတ်သည့် (၂၈-၁၀-၂၀၂၀) ရက်နေ့တွင် အသက် (၂၅) နှစ်ထက် မကြီးသူဖြစ်ရမည်။

(တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ပါ မွေးနေ့သက္ကရာဇ် အတိုင်းသာ အတည်ပြုမည်။

(ဃ) ပြစ်မှုကင်းရှင်းသူ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

(င) အိမ်ထောင်မရှိသူ (အပျို/လူပျို) ဖြစ်ရမည်။

(စ) အနည်းဆုံး၊ အရပ် ( ၅ ) ပေ ရှိရမည်။

(ဆ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

(ဇ) သင်တန်းအောင်မြင်ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်။

 

40_Mariko.png

 

(ဈ) သင်တန်းတက်ရောက်စဉ် ပညာသင်ထောက်ပံ့ကြေး ( ၁ ) လလျှင် ကျပ် (၃၀၀၀၀ိ/-) (ကျပ်သုံးသောင်း) တိတိ ချီးမြှင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ သင်တန်းကိုပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက်ဖျက် လျှင်ဖြစ်စေ၊ သူနာပြု သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းအတွက် ကျပ် (၈၀ဝဝဝဝိ/-) (ကျပ်ရှစ်သိန်းတိတိ)၊ ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအတွက် ကျပ် (၃၀၀၀၀ဝိ/-) (ကျပ်သုံးသိန်းတိတိ) ပေးလျော်နိုင်သူဖြစ်ရမည်။


(ည) သင်တန်းအောင်မြင်ပြီး (အမှတ်ဖြင့် အထူးကိစ္စရပ်ဖြင့်ရွေးချယ်) သူများကို နိုင်ငံဝန်ထမ်းအဖြစ်ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို/လိုအပ်ချက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်တွင် အနည်းဆုံး (၃)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံကတိရေးထိုးရမည်ဖြစ်သည်။

 

၃။ လျှောက်လွှာပေးပို့ရန်-

(က) လျှောက်လွှာကို (မည်သည့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်မဆို) ရယူပြီး ပြည့်စုံ၊ တိကျ၊ ပီသစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်၊ အတူ ပူးတွဲပြီး တက္ကသိုလ်ဝင်တန်း၊ အောင်မြင်ခဲ့သည့် စာစစ်ဌာန တည်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သာ လိပ်မူ၍ လျှောက်လွှာပိတ် ရက် (၂၈-၁၀-၂၀၂၀) ရက်ထက် နောက်မကျစေဘဲ လျှောက်ထားရမည်။ (နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ လိပ်မူ၍ တိုက်ရိုက်လျှောက်ထားခြင်း၊ မပြုရ) 

 

(ခ) လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများကို ပူးတွဲပေးပို့ရမည်-

၁။ မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မိတ္တူ) (၁) စောင်။

၂။ မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်းအောင်ရမှတ်စာရင်း (မူရင်း)

၃။ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တ(၁) စောင်။

 

၄။ ပြစ်မှုကင်းရှင်းကြောင်း အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်းထောက်ခံစာ (မူရင်း) (၁) စောင်။

၅။ အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ (မူရင်း) (၁) စောင်။

၆။ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန/ကုသရေးဦးစီးဌာန၏ ဆေးထောက်ခံစာ (မူရင်း) (၁) စောင်။

 

၇။ ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင် (သင်တန်းတက်ခွင့် ရရှိပါက) ရာထူးမှ နှုတ်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သင်ဆိုင်ရာအကြီးအကဲ၏ ထောက်ခံစာ (မူရင်း) (၁) စောင်။

၈။ လျှောက်လွှာပုံစံတွင် လိုင်စင်ဓာတ်ပုံ (၁) ပုံ ကပ်ပြီး ပေးပို့ရမည်။ (၆-လ အတွင်း ရိုက်ကူးထားသော ပီပြင်ထင်ရှားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံဖြစ်ရမည်။ ဓာတ်ပုံနောက်ကျောတွင် လျှောက်ထားသူ အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မိဘအမည်၊ နေရပ်များ ရေးရမည်။)

• (မှတ်ချက်။ ။ထောက်ခံစာများအားလုံးတွင် ထောက်ခံပေးသူ၏အမည်၊ လက်မှတ်၊ ရာထူးတံဆိပ်တုံး၊ ရုံးတံဆိပ် ပါရှိရမည်။)

 

203_Kan_Baw_Za.png

 

၄။ သင်တန်းတက်ခွင့်ရရှိပါက တက္ကသိုလ်/ကောလိပ်/အဝေးသင် တက်နေသူဖြစ်လျှင် သင်တန်းကာလ အတွင်း (တက္ကသိုလ်/ကောလိပ်/အဝေးသင်) ပညာသင် ရပ်နားခွင့်ပြုကြောင်း သက်ဆိုင်ရာ ကျောင်း အုပ်/အကြီးအကဲ၏ ထောက်ခံစာမူရင်းကို တက်ခွင့်ရမည် သင်တန်းကျောင်းသို့ ပေးအပ်နိုင်ရမည်။

(သင်တန်းတက်စဉ်ကာလအတွင်း အခြားမည်သည့်လက်မှတ်ရ သင်တန်းမဆို လုံးဝတက်ခွင့်မပြုပါ)။

 

၅။ အောက်ပါအချက်များနှင့်ငြိစွန်းသည့်လျှောက်လွှာများကို ရွေးချယ်ရေးလုပ်ငန်းစဉ်တွင် လုံးဝ (လုံးဝ) ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ-

(က) ရှင်းလင်းပီသစွာနှင့် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့်လျှောက်လွှာများ။

(ခ) သတ်မှတ်ချက် စာရွက်စာတမ်း မပြည့်စုံသည့် လျှောက်လွှာများ။

(ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လိပ်မူ၍ လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများ၊ လျှောက်လွှာစီစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်၍ )

(ဃ) လျှောက်လွှာ ပိတ်ရက်ထက် နောက်ကျ ပေးပို့သည့် လျှောက်လွှာများ။

 

၆။ သင်တန်းတက်ခွင့်ရ အမည်စာရင်းများ ကြေညာခြင်း။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်) အတွင်း အောက်ပါဌာနများ၌ ကြေညာထားပါမည်-

(က) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်။ (ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန။

(ဂ) တက်ခွင့်ရသည့် သက်ဆိုင်ရာ သင်တန်းကျောင်းများ။

(မှတ်ချက်။ ။ သင်တန်းစတင်ဖွင့်လှစ်ပြီး (၂)ပတ်အတွင်း သတင်းပို့တက်ရောက်ခြင်းမရှိပါကသင်တန်းတက်ခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။)

 

၇။ သင်တန်းတက်ခွင့် ရရှိပါက တက်ခွင့်ရသည့် သင်တန်းကျောင်းသို့ရောက်လျှင် သင်တန်းကျောင်း၏ ကျန်းမာရေးစစ်ဆေးရေးကော်မတီမှ ထပ်မံကျန်းမာရေးစစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်ချက် အောင်မြင်မှသာ သင်တန်းတက်ခွင့် အတည်ပြုမည်ဖြစ်သည်။

၈။ အသေးစိတ်သိလိုပါက အောက်ပါဌာနများတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်-

(က) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန။

(ခ) နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန။

(သူနာပြုဌာန) (ဖုန်း-၀၆-၄၁၁၁၄၈၊ ၄၁၁၁၉၊ လိုင်းခွဲ-၈၀၈၊ ၈၃၀)။

Hninn_Taung_219.png

Additional Info

  • Top Banner: United-Pacific
Read times Last modified on Thursday, 13 August 2020 01:35
Rate this item
(3 votes)