What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 August 2017 10:53

ဓမ္မတာလာစဉ်ခံစားရတဲ့ဝေဒနာတွေက ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ

ဓမ္မတာလာစဉ်ခံစားရတဲ့ဝေဒနာတွေက ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ google.com

အမျိုးသမီးတစ်ယောက်အတွက် လစဉ်ဓမ္မတာလာတဲ့အချိန်က အခက်ခဲဆုံးအချိန်လို့ ပြောရလောက်အောင် ခံစားရတဲ့ဝေဒနာတွေက မသေးလှပါဘူး။

စိတ်ရော၊ လူရောပင်ပန်းနွမ်းနယ်နေတတ်ပြီး ပျော်ရွှင်တက်ကြွမှုတွေ ပျောက်ဆုံးသွားတဲ့အချိန်လို့တောင် ပြောလို့ရပါတယ်။

ဓမ္မတာလာစဉ်ကာလမှာ ခံစားရတဲ့ဝေဒနာနဲ့ စိတ်ခံစားချက်တွေက သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဘယ်လိုသက်ရောက်မှုရှိစေသလဲဆိုတာကတော့ သင်ခံစားရတဲ့ဝေဒနာအပေါ် မူတည်ပြီး သိရှိနိုင်ပါတယ်။

၁. သွေးဆင်းနည်းခြင်း

ဓမ္မတာဖြစ်တဲ့အခါမှာ သွေးကနည်းနည်းဘဲဆင်းမယ်၊ အဖြူ၊ အဝါဘက်သမ်းနေမယ်ဆိုရင် အာဟာရ ဓာတ်ချို့ယွင်းတဲ့ လက္ခဏာပါ။ စိတ်ဓာတ်ကျခြင်းနဲ့လည်း သက်ဆိုင်မှုရှိတာကြောင့် စိတ်ဖိစီးမှုများနေရင် သာမာန်ထက် သွေးဆင်းတာနည်းနေတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုဖြေလျော့တဲ့ ကုသမှုတွေ ပြုလုပ်ဖို့လိုပါတယ်။

READ - အမျိုးသမီးများ ဓမ္မတာလာချိန်မှာ လုံးဝမလုပ်သင့်တဲ့ အရာ (၅) ခု

၂. သွေးဆင်းများခြင်း

ဓမ္မတာလာစဉ်မှာ သွေးဆင်းများတာဟာ သားအိမ်ချို့ယွင်းမှုကို ဖော်ညွှန်းတာပါ။ သာမာန်ထက်ပိုပြီး သွေးဆင်းတာကြောင့် သံဓာတ်အားနည်းပြီး ပင်ပန်းနုံးချိလာရခြင်းပဲဖြစ်ပါတယ်။ သွေးဆင်းများပေမယ့် ဝမ်းဗိုက်အောင့်တာမျိုး မဖြစ်ဘူးဆိုရင်တော့ သားအိမ်ရောဂါကို စိတ်ပူစရာမလိုပါဘူး။

ဒါပေမယ့် သွေးသွန်တာလည်း များမယ်၊ ဝမ်းဗိုက်လည်းနာကျင်မယ်၊ ကိုက်ခဲမယ်ဆိုရင်တော့ သားအိမ်စစ်ဆေးမှုကို ပြုလုပ်ဖို့အကြံပြုချင်ပါတယ်။ အထူးသဖြင့် သတ်လတ်ပိုင်းအမျိုးသမီးများအနေနဲ့ ပိုလို့ဂရုစိုက်ဖို့လိုပါတယ်။

၃. လစဉ်အချိန်မမှန်ခြင်း

လာချင်တဲ့ရက်လာနေပြီး အချိန်မမှန်ဘူးဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူးနော်။ ဓမ္မတာ လာတယ်ဆိုတာဟာ သားအိမ်တွင်းမှာရှိတဲ့ သားဥတွေကြွေကျတဲ့အခါမှာ မျိုးမပွားနိုင်တဲ့အတွက်ကြောင့် သွေးဆင်းရခြင်းသာဖြစ်ပါတယ်။

ဒီလိုလစဉ်အချိန်မှန် ဓမ္မတာမလာဘူးဆိုရင် သားအိမ်ကို ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မဟော်မုန်း ဓာတ်အားနည်းတာလည်း ဖြစ်နိုင်တာကြောင့် လက်၊ခြေထောက်နဲ့မျက်နှာတွေမှာ အမွှေးအမျှင်တွေ အမြောက်အများ ထွက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။

၎. ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်ခြင်း

ဓမ္မတာလာတာမမှန်ခြင်းက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို သိကြမှာပါ။ ၂လတစ်ခါ၊ ၃လ တစ်ခါလောက်ပဲ ဓမ္မတာလာနေမယ်ဆိုရင်တော့ ဆီးချို၊ သွေးချိုလက္ခဏာလို့ သိရပါတယ်။

ဆယ်ကျော်သက်အရွယ်တွေက ခဏတာပျောက်သွားတာမျိုးဖြစ်တတ်ပေမယ့် ဝတဲ့သူတွေအနေနဲ့တော့ သတိထားသင့်တဲ့လက္ခဏာပါ။

READ - အမျိုးသမီးများ သတိထားရမယ့် သားအိမ်ကင်ဆာ လက္ခဏာရပ် ၆ ခု

Source: shweinnlay

Read times
Rate this item
(1 Vote)