What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 June 2020 14:13

ကြက်ဟင်းခါးသီး ၏ အသုံးဝင်ပုံ

ကြက်ဟင်းခါးပင်ကို ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ တောနယ်ဘက်တွေမှာ ပေါများစွာတွေ့နိုင်ပါတယ်။

ကြက်ဟင်းခါးပင်ကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ စိုက်ပျိုးပင်အနေနဲ့တွေ့ရနိုင်ပါတယ်။ ကြက်ဟင်းခါးသီးကို တချို့ကလည်းခါးလို့သိပ်မကြိုက်ကြပါဘူး။တချို့ကလည်း အခါးကိုကြိုက်တာမကြိုက်တာထက် ဆေးဖက်ဝင်လို့စားတတ်ကြပါတယ်။

 

ကြက်ဟင်းခါးသီးကို ပုစွန်ခြောက် ငါးပိတို့နဲ့နယ်ပြီး ကြော်စားတာ၊ဝက်ရိုးနဲ့ဟင်းချိုချက်သောက်တာ စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါတယ်။ ကြက်ဟင်းခါးသီးဟာ မှိုနဲ့ မတည့်တဲ့အတွက် ကြက်ဟင်းခါးသီးစားရင်မှိုမစားမိဖို့ မှိုစားရင် ကြက်ဟင်းခါးသီးမစားမိဖို့သတိထားဖို့လိုပါတယ်။

 

ကြက်ဟင်းခါးပင်မှာ Peptide ၊ glycoside:momordin ၊ charantin ၊ alkaloid ၊ momordicine စတဲ့ အကျိုးပြုဒြပ်ပေါင်းများစွာပါဝင်ပါတယ်။ ဒီလိုဓါတ်တွေပါဝင်တဲ့အတွက် ကြက်ဟင်းခါးပင်ဟာ သန်ကျစေသောအစွမ်း၊သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေသောအစွမ်းစတဲ့အစွမ်းတွေရှိပါတယ်။

 

တိုင်းရင်းဆေးအသုံးပြုအစိတ်အပိုင်းအနေနဲ့ကတော့ ကြက်ဟင်းခါးသီးသာမက ကြက်ဟင်းခါးရွက်ကိုလည်း အသုံးပြုပါတယ်။ ဆီးချိုဆေး၊သန်ချဆေး၊အသားဝါရောဂါဆေး၊ပြည်တည်နာအတွက်ဆေးတွေဖော်စပ်ရာမှာ ကြက်ဟင်းခါးပင်ရဲ့ အသီး၊အရွက် တွေကို ထည့်သွင်းဖော်စပ်ကြလေ့ရှိပါတယ်။

 

ကြက်ဟင်းခါးသီးရဲ့ဆေးမြီးတိုအနေနဲ့အသုံးဝင်ပုံကတော့ ကြက်ဟင်းခါးသီးဟာ ကာလဝမ်းရောဂါပျောက်ဖို့ရာ ဓါတ်စာအနေနဲ့အထောက်အကူပြုနိုင်ပါတယ်။ဒါ့အပြင် အရက်နာကျခြင်းနဲ့ လိပ်ခေါင်းရောဂါဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အဆစ်ရောင်ရောဂါဖြစ်ပါက ကြက်ဟင်းခါးသီးအနုရည်ကို မီးဖိုပေါ်တွင် နွေးပြီးလိမ်းပေးလျှင် သက်သာနိုင်ပါတယ်။


ကြက်ဟင်းခါးရွက်ရဲ့ ဆေးမြီးတိုအနေနဲ့အသုံးဝင်ပုံကတော့ အညော်မိတာ၊မူးတာတွေအတွက် အရွက်ကိုချေပြီးရှုနိုင်ပါတယ်။ ချမ်းတုန်ဖျားပါက ကြက်ဟင်းခါးရွက်ကို ဆား ထန်းညက်တို့နဲ့ရောပြီး သုံးခွက်တခွက်တင်ကျိုသောက်နိုင်ပါတယ်။

 

ဥတုဘောဇနကျမ်းတွင် ကြက်ဟင်းခါးရွက်သည် ပူခါးအရသာရှိ၏။သလိပ်သည်းခြေနဲ့ယှဉ်ပြီးဖြစ်သောအဖျား၊ဝမ်းပြည့်ရင်ကယ်၊အော့အန်ချောင်းဆိုး၊လေနာ၊အဆိပ်အတောက်သင့်သောအနာမျိုးတို့ကိုနိုင်၏။အညော်အသင်းတို့ကို ထုတ်စေတတ်ပါတယ်။

 

Dr .သီတာနွယ်(အမရပူရ)

Read times
Rate this item
(3 votes)