What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 December 2019 14:54

နှလုံး ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေမယ့် အစားအစာများ

United States မှာဆိုရင် လူသေဆုံးမှုအများဆုံးဖြစ်နေတဲ့ နံပါတ်တစ်ရောဂါက နှလုံးရောဂါပဲဖြစ်ပါတယ်။

အရွယ်မတိုင်သေးဘဲ ကိုယ်ချစ်ရတဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ချစ်သူခင်သူတွေကို စွန့်ခွာပြီး လူ့လောကကြီးကနေ စောစောစီးစီး ထွက်မသွားသေးချင်ဘူးဆိုရင်တော့ ကိုယ့်နှလုံးကျန်းမာရေးကို သေချာဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ စိတ်ကိုပျော်ပျော်ထားတာ စသဖြင့် ဘက်ပေါင်းစုံကနေ သေချာကြီးကြပ်ပြီး နေထိုင်မယ်ဆိုရင်‌တော့ သက်တမ်းစေ့နေနိုင်ပါလိမ့်မယ်။

အယ်လ်မွန်စေ့

Image result for အယ္လ္မြန္ေစ့"
အာဟာရတွေအပြည့်ပါဝင်တဲ့ အယ်လ်မွန်စေ့တွေကို နှလုံးကျန်းမာရေးအတွက် ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။ ကိုလက်စထရောတွေကို လျော့ချနိုင်တယ်လို့လည်း သုတေသနတွေ့ချက်တွေမှာ ဖော်ပြထားပါသေးတယ်။

ကညွတ်

Image result for ၫြတ္"
အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တိုင်းက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့်လည်း ကညွတ်တွေကတော့ ပိုပြီးအကျိုးကျေးဇူးဖြစ်စေနိုင်ပါတယ်။ Homocysteine လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေစုဝေးလာပြီး ပမာဏမြင့်မားလာသည့်အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ မြင့်မားလာနိုင်လို့ ထိုအခြေအနေကို ကာကွယ်နိုင်ရန် ဖောလစ်ကြွယ်ဝတဲ့ ကညွတ်ကို စားသုံးပေးပါ။

ထောပတ်သီး

Image result for ထောပတ်သီး"
ကျန်းမာရေးအကျိုးကျေးဇူးအများကြီးရှိတဲ့အထဲမှာမှ နှလုံးရောဂါကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ကိုလည်း ထောပတ်သီးက ပိုင်ဆိုင်ထားပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့အဆီက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသလို ဗီတာမင် B6, ဖောလိတ်တို့လို အာဟာရဓာတ်တွေပါ ပါဝင်နေလို့ ပိုပြီးတော့တောင် အကျိုးဖြစ်စေတာပေါ့။

ငှက်ပျောသီး

Image result for ငွက္ေပ်ာသီး"
ပိုတက်ဆီယမ်ပါဝင်မှု အများဆုံးသောအသီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လို့ နေ့စဉ်နေ့တိုင်း စားပေးသင့်ပါတယ်။ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေရာမှာ အသုံးဝင်တဲ့အရာတစ်ခုအနေနဲ့ ပိုတက်ဆီယမ်က ကူညီပေးနိုင်ပြီး စားသုံးသည့်အခါ အစားအစာအတွင်းမှ ဆိုဒီယမ်ကိုလည်း ခန္ဓာကိုယ်မှ ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

Image result for ပန်းဂေါ်ဖီစိမ်း"
ပန်းဂေါ်ဖီစိမ်းတို့လို ဟင်းသီးဟင်းရွက်ကို စားသုံးပေးခြင်းကလည်း နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း လျော့ကျစေရန် ကူညီပေးပါတယ်။ ဒါ့အပြင် စိုးရိမ်လွန်ကဲစိတ်၊ စိတ်ဓာတ်ကျဆင်းခြင်းတို့ကိုလည်း ဖယ်ရှားပေးသလို ကင်ဆာကိုပါ ကာကွယ်ပေးနိုင်လို့ အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။

(Lifestyle_Myanmar)

{Zawgyi}

======



အယ်လ်မွန်စေ့

Image result for အယ်လ်မွန်စေ့"

ကညွတ်

Image result for ညွတ်"

ထောပတ်သီး

Image result for ထောပတ်သီး"

ငှက်ပျောသီး

Image result for ငှက်ပျောသီး"

ပန်းဂေါ်ဖီစိမ်း

Image result for ပန်းဂေါ်ဖီစိမ်း"

(Lifestyle_Myanmar)

Read times
Rate this item
(1 Vote)