What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 July 2020 11:12

မျက်မြှေးရောင်ရောဂါ / မျက်စိနာရောဂါ နဲ့ပတ်သက်ပြီး ဘာ‌တွေသိထားသင့်သလဲ?

မျက်မြှေးရောင်ရောဂါ(သို့မဟုတ်)မျက်စိနာရောဂါ (Conjunctivitis) ဆိုတာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ဓာတ်မတည့်မှုများကြောင့် ဖြစ်ပွားတတ်ပြီး အဖြစ်များသော မျက်စိရောဂါတစ်မျိုး ဖြစ်ပါတယ်။

 

မျက်စိတစ်ဘက် (သို့မဟုတ်) နှစ်ဘက်စလုံးတွင် ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားချိန် ရက်သတ္တပတ် (၁)ပတ်ခန့်ထိ ကြာမြင့်တတ်ကာ ရာသီမရွေးဖြစ်ပွားကူးစက်တတ်ပါတယ်။

 

ရောဂါလက္ခဏာတွေကတော့ မျက်စိယားယံခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်စိနီရဲခြင်း၊ မျက်ဝတ် များထွက်ခြင်း၊ မျက်စိနာရောင်ရမ်းခြင်း၊ အလင်းရောင်မကြည့်နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။

BI1.jpg

မျက်စိနာရောဂါဖြစ်ပွားနေပါက -

မျက်စိတစ်ဝိုက်ကို တစ်နေ့လျှင် (၂)ကြိမ်မှ (၃)ကြိမ်ခန့်အထိ သန့်ရှင်းသောအဝတ်စို၊ ရေနွေးစိမ်ထားသော ဂွမ်းလုံးတို့ဖြင့် သန့်ရှင်းပါ။ မျက်စိကို မကြာခဏပွတ်ခြင်းမှ ရှောင်ကြဉ်ပါ။

 

ဆပ်ပြာနှင့် ရေကို အသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။

 

မျက်မှန်တပ်ရပါက မျက်မှန်ကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပါ။ မျက်ကပ်မှန်အသုံးပြုပါက မျက်စိနာခြင်း ပျောက်ကင်းသည်အထိ မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ကြဉ်ပါ။

 

မျက်စိနာနေသူ၏ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင် ပစ္စည်းများကို အခြားသူများနှင့်မျှဝေသုံးစွဲခြင်း လုံးဝ မပြုလုပ်ရပါ။ ထိုသူ၏ အဝတ်အစားများကို သီးသန့်လျှော်ဖွပ်သန့်စင်ရပါမည်။

 

အများသုံးရေကူးကန်များ၌ ရေကူးခြင်း လုံးဝမပြုလုပ်ရပါ။

 

ရက်သတ္တပတ် (၁)ပတ်အတွင်း အလိုအလျောက်မသက်သာပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ပြသပြီး ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါ။

 

အကယ်၍ မျက်စိနာခြင်းသည် ဓာတုပစ္စည်းတစ်ခုကြောင့် ရောင်ရမ်းခြင်းဖြစ်ပါက မျက်စိထာဝရ ထိခိုက်ပျက်စီး စေနိုင်သဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ အလျင်အမြန်ကုသမှုခံယူပါ။

 

"မျက်စိအမြင်အာရုံ ဆုံးရှုံးမှုမရှိစေရန် ကျန်းမာရေးဝန်ထမ်း၏ညွှန်ကြားချက်မရှိဘဲ မိမိသဘောဆန္ဒအလျောက် မျက်စဉ်းခတ်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။"

BI.jpg

Read times Last modified on Thursday, 08 September 2022 16:14
Rate this item
(1 Vote)