What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 August 2020 17:43

သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများအတွက် သင်တန်းသားဦးရေ တိုးမြှင့်ခေါ်ယူမည်

၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများအတွက် သင်တန်းသားဦးရေ တိုးမြှင့်ခေါ်ယူမည်ဟု သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြုသားဖွားသင်တန်း ကျောင်းများ၌ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများအတွက် သင်တန်းသားဦးရေ ၄၀၀၀ ကျော် အထိ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်သည်။ ယခင်နှစ်များက သူနာပြုဒီပလိုမာသင်တန်းအတွက် အများဆုံးအနေဖြင့် ၃၆၀၀ ဦး ခေါ်ယူခဲ့သည်ဖြစ်ရာ ယခု ၄၀၀ ဦး ထပ်တိုးခေါ်ယူခြင်း ဖြစ်သည်။

OLYMPIC.png

သူနာပြု လိုအပ်ချက်များ ရှိနေသည်ကို ဖြည့်ဆည်းရန် ယခုလို လူတိုးခေါ်ခြင်းဖြစ်ပြီး စတိုင်ပင်ကို ယခင်အတိုင်း တစ်ဉီးလျှင် တစ်လ ကျပ် ၃၀ ၀၀၀ ကို ပုံမှန်အတိုင်း ဆက်လက်ပေးအပ်မည် ဖြစ်သည်။

 

၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်သူများ လျှောက်ထား၍ မရကြောင်း၊သင်တန်း တက်ရောက်မည့်သူများကို တက္ကသိုလ်ဝင် စာမေးပွဲအောင်ရမှတ်များမှ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ သုံးဘာသာ ရမှတ်ပေါင်းပေါ်မူတည်၍ ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။


လျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၌ ရယူကာ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၈ ရက်ထက် နောက်မကျဘဲ လျှောက်ထားရမည် ဖြစ်သည်။

 

သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ချိုးဖောက်လျှင်ဖြစ်စေ သူနာပြုသားဖွား ဒီပလိုမာသုံးနှစ် သင်တန်းအတွက် ငွေကျပ် ရှစ်သိန်းတိတိ၊ ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ငွေကျပ် သုံးသိန်းတိတိ ပေးလျော်နိုင်သူ ဖြစ်ရမည်။

New_Yin_Mar.png

သင်တန်းအောင်မြင်ပြီး (အမှတ်ဖြင့် အထူးကိစ္စရပ်ဖြင့် ရွေးချယ်)သူများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို လိုအပ်ချက်ရှိသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ အနည်းဆုံးသုံးနှစ် မပျက်မကွက် တာဝန် ထမ်းဆောင်နိုင်သူဖြစ် ရမည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြုသားဖွားသင်တန်း ကျောင်းများ၌ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

MYINT.png

Read times Last modified on Wednesday, 19 August 2020 18:08
Rate this item
(1 Vote)